ဦးသန်းရွှေ၏ တော်ချက်များ - မောင်လူကလေး

ပို့စ်တင်ချိန် - 4/28/2014 11:41:00 AM


၆-၄-.၂၀၁၄


၁ ၊ တပ်ချုပ်ဖြစ်တဲ့ အထိ အောင့်အီးသည်းခံနေနိုင်ခဲ့တယ် ၊

၂ ၊ တွင်း၂ ဗိုလ်ချုပ်တင်ဦးကို တစ်ဖက်လှည့်နဲ့ သေအောင် ကြံစည်နိုင်ခဲ့တယ် ၊

၃ ၊ ပါဂျောင်လူသတ်မှုဖြစ်အောင် တရုတ်အစိုးရက တဆင့် သွေးထိုးနိုင်ခဲ့တယ် ၊

၎ ၊ ဦးနေဝင်းမိသားစုကို နိုင်ငံတော်လုပ်ကြံမှု နဲ့ ဖမ်းဆီးချုပ်နှောင်နိုင်ခဲ့တယ် ၊

၅ ၊ အမျိုးသား ညီလာခံကို အချိန်ဆွဲပြီး ကြံ့ခိုင်ရေး အသင်းကြီးကို ခါးပိုက်ဆောင်တပ်အဖြစ် ဖွဲ့နိုင်ခဲ့တယ် ၊

၆ ၊ အာဆီယံ အဖွဲ့ထဲကို ဝင်နိုင်ခဲ့တယ် ၊

၇ ၊ ၁၉၉၇ မှာ ၁၅၀ သာရှိတဲ့ ဒေါ်လာဈေးကို ၂၀၀၂ မှာ ၁၄၀၀ အထိဖြစ်အောင် ၅ နှစ်အတွင်း ဆွဲတင်နိုင်ခဲ့တယ် ၊

၈ ၊ ကားဈေးဖုန်းဈေးတွေကတဆင့် မြန်မာ့ စီပွားရေးကြီးကို ကျပ်တည်းအောင်လုပ်ပြီး ပညာတတ် အလယ်အလတ်တန်းစားမပေါ်ပေါက်အောင် တားဆီးနိုင်ခဲ့တယ် ၊

၉ ၊ မြန်မာတစ်ပြည်လုံးကို လျှပ်စစ်မီးဖြတ်တောက်ခဲ့ပြီး ၂၀၀၇ မှာ ရန်ကုန်မြို့လယ်ခေါင်မှာတောင် တစ်ရက် ကို လျှပ်စစ်မီး ၄ နာရီပဲပေးတဲ့ အထိ ပြည်သူတွေ ကို ဖိနှိပ်ခဲ့တယ် ၊

၁၀ ၊ ထောက်လှမ်းရေးကို တစ်ဖက်လှည့် မြှောက်ပင့်ပြီးစစ်တပ်အချင်းချင်းကြားမှာ သွေးခွဲအုပ်ချုပ်နိုင်ခဲ့တယ် ၊

၁၁ ၊ ဦးပိုင် နေပြည်တော် အမြန်လမ်း စတဲ့ စီမံကိန်းတွေကို ဗမ်းပြပြီး ခရိုနီ နဲ့ အောက်ဆွဲ လူတန်းစားတစ်ရပ်ပေါ်ပေါက်လာအောင်လက်ဝါးကြီးအုပ်ဝေမျှစားနိုင်ခဲ့တယ် ၊

၁၂ ၊ ဒီပဲရင်းအရေးအခင်းကြီးကို အောင်မြင်စွာဖန်တီးနိုင်ခဲ့ပြီးလက်မရွံ့စွမ်းအားရှင်တပ်ဖွဲ့ကြီးကို အမြဲတမ်းတပ်အဖြစ်ဖွဲ့စည်းနိုင်ခဲ့တယ် ၊

၁၃ ၊ ဦးခင်ညွန့် နဲ့ ထောက်လှမ်းရေးတပ်အဖွဲ့ ကို အောင်မြင်စွာဖယ်ထုတ်နိုင်ခဲ့ပြီး အားလုံးရဲ့ရှေ့မှာ ကျားသေ အဖြစ် ဆက်လက် အသက်ရှင်စေခဲ့တယ် ၊

၁၄ ၊ အိမ်နီးချင်းတရုတ် နိုင်ငံကို ဇာတ်ထုပ်ထဲဆွဲသွင်းကာ ဗမာတွေက တရုတ်တွေကိပဲ ကြောက်နေရသယောင်နဲ့ ဗမာ တရုတ် မုန်းတီးရေးကို အောင်မြင်စွာတည်ဆောက်နိုင်ခဲ့တယ် ၊

၁၅ ၊ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်က အခြေအနေမဲ့ ၅ သိန်းကို ဒီဘက်ကို ရွှေ့စေပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ မဲရရှိစေကာ ဘာသာရေး အဓိကရုဏ်းကြီးကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့တယ် ၊

၁၆ ၊ ၂၀၀၇ သံဃာ့ အရေးအခင်းကို အောင်မြင်စွာနှိမ်နှင်းနိုင်ခဲ့တယ် ၊

၁၇ ၊ မြန်မာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်မပါတဲ့ တတိယ လမ်းကြောင်း အယူအဆကို အောင်မြင်စွာသွတ်သွင်းနိုင်ခဲ့တယ် ၊

၁၈ ၊ အထဲမှာ ဘာတွေရေးထားမှန်း မသိစေပဲ ၂၀၀၈ ဖွဲ့စည်းပုံကြီးကို တရားဝင်ဖြစ်အောင် လုပ်ဇာတ်ကြီးဆင်နိုင်ခဲ့တယ် ၊

၁၉ ၊ ၂၀၁၀ ရွေးကောက်ပွဲကို အနိုင်မရရအောင် ကန်ထရိုက် စနစ်နဲ့ ကျင်းပနိုင်ခဲ့တယ် ၊

၂၀ ၊ စစ်တပ် နဲ့ ပြည်သူတွေကို ကင်းကွာစေပြီး စစ်တပ်အောက်ခြေမိသားစုတွေကို ပြည်သူတွေနဲ့ ကမ္ဘာခြားနေအောင် ခွဲခြားဖိနှိပ်ထားနိုင်ခဲ့တယ် ၊

၂၁ ၊ မြန်မာလူငယ်တွေကို ဘီယာ အရက် လောင်းကစား ကေတီဗီ မာဆန် ဘိ ကိုရီးယားကား ယာဘဆေးပြား လစ်ဗင်းတူဂဲသား ချက်တင် စတဲ့ နေရာတွေမှာပဲ မူးဝေနေအောင် လုပ်ထားနိုင်ခဲ့တယ် ၊

၂၂ ၊ ဦးဇင်းဝီရသူကို မှိုင်းသွင်းပြီး အမျိုးဘာသာခေါင်းစဉ်နဲ့ သာသနာကို ဓါးကိုင်စောင့်ရမယ်ဆိုတဲ့ လုပ်ဇတ် နဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံဖြေရှင်းရေးအယူအဆကို လက်မခံတဲ့ တစ်ဖက်ပိတ် အုပ်စုကြီးကို ဖန်တီးနိုင်ခဲ့တယ် ၊

၂၃ ၊ ၈၈ မျိုးဆက် ဆိုတဲ့ သူတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်အလွန်ကာလမှာ နေရာပေးမယ်ဆိုတဲ့ မက်လုံးတွေ နဲ့ ငြိမ်သွားအောင် ချုပ်ကိုင်ထားနိုင်ခဲ့တယ် ၊

၂၄ ၊ မိုက်တယ်ဆိုတာ ဇာတ်လမ်းအဆုံးအထိအောင်မိုက်မှ ရှင်သန်နိုင်မယ် ဆိုတဲ့ အယူအဆကို လက်ရှိ သမ္မတနဲ့ ကာချုပ်တို့ အထိ ခေါင်းထဲကို စွဲနေအောင်ထည့်နိုင်ပြီး စစ်တပ် အစိုးရ နဲ့ ခရိုနီတစ်ဖွဲ့လုံးကို ဆက်လက်မိုက်တွင်းနက်အောင် လှုံ့ဆော်နိုင်ခဲ့တယ် ၊

၂၅ ၊ ငါးလောင်းပြိုင်လူသတ်မှုကို ပေါ်ပေါ်ထင်ထင်ကျူးလွန်ခဲ့ပြီး ကမ္ဘာဆုံးတိုင် မုန့်လုံးစက္ကူကပ် အမှုဖြစ်အောင် ဖန်တီးနိုင်ခဲ့တယ် ၊

အထူးသဖြင့် ဂေါတမ မြတ်စွာဘုရား ရဲ့ ကံ ကံ၏အကျိုးဆိုတဲ့အယူအဆကို မှားယွင်းတဲ့ အယူအဆ ဖြစ်အောင် သက်သေပြဖို့ ကြိုးစားနေတဲ့သူဖြစ်တယ် ၊
ဗုဒ္ဓရဲ့ ကံ ကံ၏အကျိုးအယူအဆကို ဆန့်ကျင်သူများ ဦးသန်းရွှေ နှင့် လက်တွဲပြီး ဆက်လက် မိုင်းတွင်းနက် နိုင်ကြပါစေ . . .

** **
Cerdit--- Hawdeka Khalaylay
သူရိယ