မိမိကိုယ်ကို သေကြောင်းကြံစည်သူကို အမှုဖွင့်အရေးယူ

ပို့စ်တင်ချိန် - 4/28/2014 03:03:00 PM


ရန်ကုန်၊ ဧပြီ ၂၈

၂၇.၄.၂၀၁၄ ရက်နေ့ ၀၅၃၀အချိန် သုံးခွမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် အမျိုးသမီးတစ်ဦး အဆိပ် သောက်ကာ သုံးခွပြည်သူ့ဆေးရုံသို့ လာရောက်
ဆေးကုသနေကြောင်းသတင်းအရ သွားရောက်စစ်ဆေးရာ အဆိပ်သောက်
သူမှာ မအေးသန်း (၂၁)နှစ်၊ (ဘ)ဦးဗေဒါ၊ ကတုံးပေါ်ကျေးရွာ၊ သုံးခွမြို့နယ်
နေသူဖြစ်ပြီး သုံးခွပြည်သူ့ဆေးရုံတွင် အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ်
ဆေးကုသမှုခံယူနေသည်ကို စစ်ဆေးတွေ့ရှိရပါသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းရာ ၎င်းသည် မိသားစုနှင့်အိမ်ခွဲနေထိုင်ရန် ခင်ပွန်းဖြစ်သူနှင့် ပြောဆိုဆွေးနွေးကြစဉ် စကားများရန်ဖြစ်ခဲ့ပြီး ၀၂၀၀အချိန်
ခန့်တွင် ပဲပင်ဖျန်းသည့်ပိုးသတ်ဆေးရည်ကို သောက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိခဲ့ရပါသည်။

ယင်းကဲ့သို့ မိမိကိုယ်ကို သေကြောင်းကြံစည်သူ မအေးသန်းအား သုံးခွမြို့မ
ရဲစခန်း (ပ)၁၅၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၉ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်
လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police