ပေ ၂၀ ကပြုတ်ကျပြီး ခေါင်းထဲ သံချွန်စိုက်ဝင်ပေမဲ့ အသက်မသေသူ အံ့ဖွယ်လူသားတစ်ဦးရဲ့ ကံကောင်းမှု

ပို့စ်တင်ချိန် - 4/28/2014 11:44:00 AM


တရုတ်နိုင်ငံက ဆောက်လုပ်ရေးလုပ် သားတစ်ဦးဟာ ပေ (၂၀)အမြင့်က ပြုတ်ကျ ပြီး ဦးခေါင်း ကို သံချွန်စိုက်ဝင်သွားခဲ့ပေမယ့် ကံကောင်း ထောက်မစွာ အသက်သေဆုံးခြင်း မရှိဘူးလို့ သိရပါတယ်။ အသက် (၄၇)နှစ် အရွယ်ရှိပြီဖြစ်တဲ့ လီဒီဟွာဟာ တရုတ်နိုင်ငံ၊ အနောက်ဘက် ရှန်ဇီပြည်နယ် က လုပ်ငန်း ခွင်တစ်ခုမှာ ဦးခေါင်းကို သံချွန်စိုက်ဝင်သွားခဲ့ ပြီး အံ့အား သင့်စရာ ကောင်းလောက်အောင် ဦးနှောက်ပျက်စီးမှု မဖြစ်ခဲ့ပါဘူး။ သံချွန်ဟာ လီဒီဟွာရဲ့ ဘယ်ဘက်မေးရိုးအထိဖောက် ထွက်သွားခဲ့တာဖြစ်လို့ ဆရာဝန်တွေနဲ့ ဆွေမျိုးသားချင်း တွေက အသက်ရှင်ဖို့ မလွယ်ကူတော့ဘူးလို့ ခန့်မှန်း ထားခဲ့ကြပါ တယ်။

ခွဲစိတ် ကုသမှု ပြုလုပ်နေစဉ် အတွင်း ဦး နှောက်ကို လုံးဝမထိခိုက်တာကို တွေ့ရှိရပြီး (၁၈)ရက်အကြာမှာ ပြန်လည်ကျန်းမာသွား ခဲ့ပါတယ်။ လီဒီဟွာက ကျွန်တော် အမြင့် ပေါ် က ပြုတ်ကျပြီး ဦးခေါင်းထဲ သံချောင်း ဖောက်ဝင်သွားလို့ စိတ်ရူး ဖောက်ပြန် သွားပြီ လို့ ထင်ကြမှာ ဖြစ်ပါတယ်။ ကျွန်တော် ဒဏ်ရာတွေ အများကြီးရခဲ့ပေမယ့် ကံကောင်း ထောက်မစွာ အသက်ရှင်ခဲ့ပါတယ်။ ပထမဆုံး နာကျင်မှု ဝေဒနာကို ကုသခဲ့ပါတယ်။ ဒီနောက် အကြိမ်ပေါင်းများစွာ ခွဲစိတ်ကုသခဲ့ ပြီး ဘာမှ သိရှိခြင်းမရှိတော့ပါဘူး လို့ ပြောသွားခဲ့ပါတယ်။ အခင်း ဖြစ်ပွားချိန်မှာ လီဒီဟွာ က ဦးခေါင်းကာ ဦးထုပ် ဆောင် ထားပြီး မျက်နှာနဲ့ ကျခဲ့ခြင်း ဖြစ်လို့ အခုလိုဖြစ်ရပ်ဆိုး တွေနဲ့ ကြုံတွေ့ခဲ့ခြင်း ဖြစ်ပါတယ်။ ခွဲစိတ် ဆရာဝန်ကြီး မစ္စတာလီက လူသားတွေရဲ့ ဦးနှောက် ဟာ အံ့အားသင့်စရာကောင်းတဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်း ဖြစ်ပြီး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရပေမယ့် အသက်ရှင်နိုင်တဲ့အခွင့်အရေးများ ရှိ ကြောင်း ပြောကြားသွားခဲ့ပါတယ်။

The Messenger