အမေရိကန်သမ္မတ ဖိလစ်ပိုင်ကို ရောက်ရှိ

ပို့စ်တင်ချိန် - 4/28/2014 03:04:00 PM


အမေရိကန်သမ္မတ ဘာရတ် အိုးဘားမားဟာ အာရှ ၄ နိုင်ငံခရီးစဉ်ရဲ့ နောက်ဆုံး ခရီးထောက်အဖြစ် ဖိလစ်ပိုင်နိုင်ငံကို ဒီနေ့ ရောက်ရှိနေပါတယ်။

ဖိလစ်ပိုင်နဲ့ တရုတ်တို့ တောင်တရုတ်ပင်လယ်မှာ ပိုင်နက်အငြင်းပွားမှုကြောင့် တင်းမာမှု မြင့်တက်နေချိန်နဲ့ တိုက်ဆိုင်နေပါတယ်။

သမ္မတအိုဘားမားဟာ မနီလာမြို့တော်မှာ ၂ ရက်တာ ရှိနေချိန်အတွင်းမှာ လုံခြုံရေးနဲ့ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးကို ဦးစားပေး ဆွေးနွေးသွား မယ်လို့ ဖိလစ်ပိုင် အစိုးရဘက်က ပြောထား ပါတယ်။

ဖိလစ်ပိုင်စစ်စခန်းတွေမှာ အမေရိကန် ကြည်း၊ ရေနဲ့ လေတပ်အင်အားတွေ၊ စစ်သင်္ဘောတွေနဲ့ စစ်လေယာဉ်တွေကို တိုးချဲ့သွားမယ့် သဘောတူညီချက်မှာ သမ္မတ အိုဘားမား လက်မှတ်ထိုးမယ်လို့ မျှော်လင့်ရပါတယ်။

အမေရိကန်ကိုလိုနီ ဖြစ်ခဲ့ဖူးတဲ့ ဖိလစ်ပိုင်နဲ့ အမေရိကန်ကြားမှာ မဟာမိတ်သက်တမ်းဟာ သံမဏိ ရှည်ကြာနေခဲ့ပြီး ဖြစ်ပါတယ်။

အိုဘားမားဟာ ဖိလစ်ပိုင်မတိုင်ခင်မှာ  ဂျပန်၊ တောင်ကိုရီးယားနဲ့ မလေးရှားနိုင်ငံကို သွားရောက်ခဲ့ပြီး အာရှဒေသတွင်းက မဟာမိတ်တွေနဲ့ စစ်ရေး၊ သံတမန်ရေး ဆက်ဆံရေး ခိုင်မြဲဖို့ အမေရိကန်ဘက်က အထူးအလေးထားတယ်ဆိုတာကို သက်သေပြဖို့ ရည်ရွယ်တယ်လို့ အမေရိကန်အရာရှိတယောက်က ပြောပါတယ်။

DVB Burmese