မှတ်တိုင်၌ ခရီးသည်များနှင့် ယာဉ်နောက်လိုက်တို့ စကားများစဉ် ယာဉ်နောက်လိုက်များမှ ရိုက်နှက်ခဲ့သဖြင့် ခရီးသည်များဒဏ်ရာရ

ပို့စ်တင်ချိန် - 4/28/2014 08:07:00 PM





ရန်ကုန်၊ ဧပြီ ၂၈

၂၇.၄.၂၀၁၄ရက်နေ့ ၂၀၃၀အချိန်တွင် ရွှေပြည်သာမြို့နယ်နေ ဇေယျာမျိုး (၃၂)နှစ်မှ ၎င်းသည် သူငယ်ချင်းများဖြစ်ကြသော မျိုးမြင့်ကျော်၊ မင်းသက်ပိုင်
တို့နှင့်အတူ ရေခဲမုန့်ရောင်းပြီး နေအိမ်သို့ပြန်ရန်အတွက် အလုံမြို့နယ်၊ ကမ်းနားလမ်းရှိ ဆင်မင်းဈေးကားမှတ်တိုင်တွင် ဘတ်စ်ကားစောင့်နေစဉ် ယာဉ် အမှတ် ၅ဂ/---၊ အဓိပတိအပြာရောင်ခရီးသည်တင်ယာဉ်မှာ မှတ်တိုင်
သို့ရောက်ရှိလာခဲ့ကြောင်း၊ မျိုးမြင့်ကျော်မှ ကားဘယ်အထိရောက်လဲဟု
မေးရာမှစတင်ကာ ယာဉ်နောက်လိုက်နှင့်စကားများခဲ့ကြောင်း၊ ထိုသို့စကား
များစဉ် ယာဉ်နောက်လိုက်(၃)ဦး(စုံစမ်းဆဲ)တို့မှ မင်းဘာကောင်လဲဟု
ပြောဆိုကာ ယာဉ်ပေါ်မှ တုတ်များဖြင့်ရိုက်ခဲ့သဖြင့် မျိုးမြင့်ကျော်တွင် ၀ဲ၊ ယာ
ချိုစောင်းတို့၌ (၂)လက်မခန့်ပေါက်ပြဲဒဏ်ရာ(၁)ချက်စီ၊ ၀ဲနဖူးနှင့် ၀ဲမျက်ခမ်း
တို့တွင်ပွန်းပဲ့ဒဏ်ရာနှင့် မင်းသက်ပိုင်တွင် နဖူးထိပ်၌(၂)လက်မခန့်ပေါက်ပြဲ
ဒဏ်ရာ(၁)ချက်၊ ၀ဲတံတောင်နှင့် ယာရင်အုံတွင် ပွန်းပဲ့ဒဏ်ရာများရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ (မစိုးရိမ်ရ)အဖြစ် တက်ရောက်ကုသ
ခဲ့ရကြောင်းနှင့် ယင်းကဲ့သို့ ဒဏ်ရာများရရှိအောင်ပြုလုပ်သူ အဓိပတိ အပြာရောင်ခရီးသည်တင်ယာဉ်၏ ယာဉ်နောက်လိုက်(၃)ဦးအား အရေးယူ
ပေးပါရန် တိုင်တန်းလာပါသည်။

တိုင်တန်းချက်အရ အလုံမြို့မရဲစခန်း(ပ)၉၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၉၄/၃၂၅/
၁၁၄ ဖြင့် အမှုဖွင့်လှစ်ကာ ပြစ်မှုကျူးလွန်သူ ယာဉ်နောက်လိုက်များကို ဖမ်းဆီးရမိရေးစုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police