နွားထိုးကြီးဈေးမီးအန္တရာယ်ရှိနေ

ပို့စ်တင်ချိန် - 4/21/2014 05:00:00 PM


အညာမြို့တိုင်းမှာ စည် ပင်ဈေးကြီးများ၏မီးအန္တရာယ် ကာကွယ်ရေးကိုဂရုစိုက်နေကြ သည်။ စည်ပင်ဈေးထဲ မီးသုံး စွဲမှု၊ လျှပ်စစ်မီးကာကွယ်မှုကို ညွှန်ကြားချက်နှင့်အညီစစ်ကြ ဆေးကြသည်။

နွားထိုးကြီးဈေးကြီးကမူ ဈေးအတွင်းဆိုင်ခန်းအချို့မှာ  ယိုယွင်းပျက်စီးနေပြီး ပြိုကျမှာ စိုးရိမ်နေရသည်၊ မီးလောင်စာ ဖြစ်နေသည်။ ဈေးအပြင်ဘက် တွင်လည်း ဆိုင်ခန်းအချို့ပျက် စီးနေပြီးလောင်စာဖြစ်နေသည်၊ မီးအန္တရာယ်ဒေသခံဈေးသည် တွေစိုးရိမ်နေကြသည်။

ဈေးတွင်းမီးမသုံးစွဲရဆို သော်လည်းဈေးအတွင်းချက် ပြုတ်စားသောက်သူ၊ ထမင်း ဆိုင်အချို့မှာထင်းမီးကိုကြိုက် သလိုသုံးနေကြသည်၊ ဈေး၏ မီးလောင်မှုအန္တရာယ်ကိုဖိတ် ခေါ်နေသည်။

တာဝန်ရှိသူတာဝန်မဲ့မှု ကြောင့် နွားထိုးကြီးဈေးကြီး အန်္တရာယ်နီးနေပုံကိုတင်ပြ ကြောင်းမီဒီယာကိုမြို့ခံဈေးသည် တို့ကပြောနေသည်။

ဌေးမြင့်မောင်
BY HOTNEWS