ဓါတ်ငွေ့ကုန်၍ ဆီထည့်မောင်းရာမှ မီးလောင်မှုဖြစ်

ပို့စ်တင်ချိန် - 4/21/2014 06:27:00 PM



နေပြည်တော်၊ ဧပြီ ၂၁
၂၀၁၄ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့ နေ့လည် ၂ နာရီအချိန် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၉/၀-၁)ကြားတွင် ယာဉ်မတော် တဆမှုဖြစ်ပွားကြောင်းသတင်းအရ အမှတ်(၃)လမ်းဆုံအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ အမြန်လမ်း မီးသတ်မှတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေး ခဲ့သည်။ စစ်ဆေးချက်အရ နေပြည်တော်မှရန်ကုန်သို့ မြောက်ဥက္ကလာပမြို့နယ်၊ စက်ကွေ့(၄)လမ်း၊ (ဈ)ရပ်ကွက်နေ ကျော်လင်း(၄၀)နှစ်မောင်းနှင်လာသည့် X/xxxx BM ဖြူစိမ်းကြားမှန်လုံယာဉ်သည် ဓါတ်ငွေ့ကုန်၍ ဓါတ်ဆီဖြင့်မောင်းနှင်လာစဉ် ကာဘရိုက်တာမှဆီများလျှံကျသဖြင့် ရပ်တန့်စစ်ဆေး ခဲ့ကြောင်းသိရှိရသည်။ ထိုသို့စစ်ဆေးစဉ် ကာဘရိုက်တာမှာမီးလောင်နေသောကြောင့် ကျော်လင်း၏ ယာပေါင်၊ ခြေသလုံး၊ လက်မောင်းနှင့် လက်ဖျံတို့တွင် မီးလောင်ဒဏ်ရာများရရှိခဲ့ပြီး ယာဉ်ပေါ်ပါ ပုဇွန်တောင် မြို့နယ်၊ (၂)ရပ်ကွက်၊ မြောင်းကြီးလမ်းနေ ဒေါ်ခင်အေးမြင့်(၆၂)နှစ်သည် ယာဉ်ပေါ်မှ ခုန်ချရာ ယာခြေသလုံးဖူးရောင်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ယာဉ်မောင်း ကျော်လင်းအား အမှတ်(၃) လမ်းဆုံအမြန်လမ်းရဲစခန်း ယာဉ်(ပ)၁၂/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

 ရဲဇာနည်