ပညာရေးမတိုးတက်မှတော့ ဆိုင်းဘုတ်တွေကိုဖြုတ်ချလိုက်ပါတော့

ပို့စ်တင်ချိန် - 4/21/2014 05:01:00 PM


ဧပြီလ (၁၈)ရက်နေ့က ရန်ကုန်တက္ကသိုလ်သို့ ထိုင်းတက္က သိုလ်ပေါင်းစုံမှ ဆရာ၊ ဆရာမများ ပထမဆုံးအကြိမ်လာရောက်လည် ပတ်ခွင့်ရခဲ့သော်လည်း မြန်မာ နိုင်ငံတက္ကသိုလ် ဆရာ၊ ဆရာမ များအသင်းမှ လက်ခံတွေ့ဆုံရာ တွင် အသင်းရုံးခန်းမရှိသဖြင့် လမ်းပေါ်၌သာ ဧည့်ခံလိုက်ရ ကြောင်း ဒဂုံတက်္ကသိုလ်ဆရာ၊ ဆရာမများအသင်းအတွင်းရေးမှူး လက်ထောက်ကထိက ဦးဇော်မျိုး လှိုင်ကHot News သို့ပြောကြား သည်။

““အရှေ့ပိုင်းတက်္ကသိုလ်မှာUTA  ရုံးခန်းရှိတယ်။ ရန်ကုန် တက်္ကသိုလ်မှာလည်း တစ်ချိန်ကUTA  ရုံးခန်းရှိခဲ့ဖူးပါတယ်။ အဲဒီ နေရာကိုလည်း ကျွန်တော်တို့ ပြန်တောင်းပေမဲ့မရခဲ့ဘူး။ မရ တော့ အခုလာတဲ့ထိုင်းက ဧည့် သည်တွေကို လမ်းပေါ်မှာပဲ ဧည့်ခံလိုက်ရတယ်။ လွတ်လပ်ရေး သမိုင်းမှာရှိခဲ့တဲ့ ဗိုလ်ချုပ်အောင် ဆန်းနဲ့ ကုလသမဂ္ဂအတွင်းရေးမှူး ဦးသန့်တို့ကို ရန်ကုန်တက္ကသိုလ် ကနေ မွေးထုတ်ပေးခဲ့တဲ့အတွက် ထိုင်းဆရာ၊ ဆရာမတွေကသူတို့ မြန်မာနိုင်ငံရောက်တုန်းလာလည် ကြတာပေါ့””ဟု ဦးဇော်မျိုးလှိုင်က ဆိုသည်။

ဆရာဦးဇော်မျိုးလှိုင်က ဆက်လက်၍ ““တက္ကသိုလ်ဆရာ တွေရဲ့ ဂုဏ်သိက်္ခာနဲ့အညီ ဧည့်ခံ နိုင်စွမ်းမရှိဘဲနဲ့ ကျောင်းဝင်းထဲမှာ တွေ့တာတောင် ကျောင်းအာဏာ ပိုင်များက တားဆီးနှောင့်ယှက် မလားဆိုတာကို ပူနေရတယ်။ သူတို့မှာနိုင်ငံခြားသားကြောက် ရောဂါရှိတယ်။ ထိုင်းဆရာ၊ဆရာမ တွေကို လမ်းပေါ်မှာဧည့်ခံလိုက် ရတာဟာ တိုင်းပြည်ရဲ့အနာဂတ် ကိုတိုးတက်အောင်လုပ်နေပါတယ် လို့ပြောနေတဲ့ သူတွေရဲ့လုပ်ရပ် ကြောင့်ဖြစ်ပေါ်လာတဲ့နောက်ဆက် တွဲရလဒ်ဖြစ်တယ်။ ကျောင်းတွေ မှာUTA ရုံးခန်းလေးတစ်ခန်း လုပ်မပေးနိုင်တာဟာ နိုင်ငံတကာ အလယ်မှာ လက်ရှိအစိုးရနဲ့ ပညာရေးဝန်ကြီးဌာနပဲအရှက်ရမှာ ဖြစ်တယ်။ ဆရာသမဂ္ဂတွေကို နှိပ်ကွပ်ဖို့ပဲကြိုးစားနေသရွေ့ တိုင်းပြည်ပညာရေးဘယ်တော့မှ တိုးတက်မှာမဟုတ်ဘူး””ဟု ပြော သည်။

““တိုင်းပြည်ပညာရေးတကယ် တိုးတက်စေချင်ရင် တကယ်လုပ် ကြပါ။ ဆရာသမဂ္ဂတွေကို နှိပ် ကွပ်ဖို့ကြိုးစားနေသရွေ့ တိုင်း ပြည်ပညာရေးဘယ်တော့မှ တိုး တက်မှာမဟုတ်ဘူး။ တိုင်းပြည် ပညာရေးမတိုးတက်မှတော့ ““ပညာရေးစနစ်ဖြင့် ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်သစ် ကြီး တည်ဆောက်မည်”” ဆိုတဲ့ ဆိုင်းဘုတ်တွေကိုဖြုတ်ချပစ်လိုက် ပါတော့””ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ယင်းကဲ့သို့ ထိုင်းဆရာ၊ ဆရာမများနှင့်တွေ့ဆုံခြင်းသည် နောင်အနာဂတ်ပညာရေးဆွေးနွေး ဖလှယ်ပွဲများကျင်းပနိုင်ရန်နှင့် နိုင်ငံတကာမှလက်ရှိမြန်မာနိုင်ငံ၏ ပညာရေးအခြေအနေမှန်အား သိရှိရန် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။      



အာကာဗိုလ်
BY HOTNEWS