မိုးမိတ်မြို့တွင် တောမီးမှတစ်ဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွား

ပို့စ်တင်ချိန် - 4/21/2014 06:26:00 PM



မိုးမိတ် ဧပြီ ၂၁

ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ မိုးမိတ်မြို့နယ်တွင် ဧပြီလ ၂၁ ရက်၊ နေ့လည် (၁၃)နာရီ (၃၀)မိနစ် အချိန်က မိုးမိတ်မြို့နယ်နှင့် ညောင်ပင်စောက်ကျေးရွာကြား မြို့နှင့်တစ်မိုင်အကွာတွင် တောမီးမှတစ်ဆင့် မီးကူးစက်ပြီး ဦးထိန်လင်းကြည် ဆန်စက်မှ စတင်၍ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

မီးလောင်ကျွမ်းမှုကြောင့် ဦးထိန်လင်းကြည် ဆန်စက်အပါအဝင် ဦးရွှေသိန်း သစ်စက်နှင့် လူနေအိမ် နှစ်လုံး မီးလောင်ကျွမ်းလျက်ရှိသည်။

အဆိုပါမီးလောင်ကျွမ်းမှုကို မိုးမိတ်မြို့နယ်မှ မီးသတ်ယာဉ် ၃ စီးဖြင့် ငြိမ်းသတ်လျက်ရှိပြီး အမှတ် (၂၂၃) ခြေလျင် တပ်ရင်းမှ လည်း ရေဘောက်ဆာ ကားများဖြင့် ရေသယ်ပို့ငြိမ်းသတ်လျက် ရှိကြောင်း၊ နေ့လည်(၁၅) နာရီအထိ မီးလောင်ကျွမ်းနေသေးကြောင်းနှင့် ဆုံးရှုံးမှုတန်ဖိုး မသိရှိရသေးကြောင်း ကနဦးသတင်းရရှိသည်။

MOI Webportal Myanmar