လှိုင်သာယာမြို့နယ်တွင် လှိုင်မြစ်ကမ်းပါး ထပ်မံပြိုကျ

ပို့စ်တင်ချိန် - 4/21/2014 12:04:00 PM


ရန်ကုန်၊ ဧပြီ ၂၀

၂၀.၄.၂၀၁၄ရက်နေ့ ၀၃၀၀အချိန် လှိုင်သာယာမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊
ဆိပ်ကမ်းသာလမ်း၊ သာယာကုန်းဘုန်းတော်ကြီးကျောင်း၏အရှေ့ဘက် (၁၅)ပေခန့်အကွာတွင် လှိုင်မြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါး အလျား
(၁၀၀)ပေခန့်၊ အကျယ်(၁၅)ပေခန့်မှာ မြစ်အတွင်းသို့ပြိုကျသွားခဲ့ရာ ၎င်းနေရာရှိ M-5သင်္ဘောကျင်း၌ သင်္ဘောများဆိုက်ကပ်ရန်ပြုလုပ်ထားသော အလျား(၃၀)ပေ၊ အနံ(၂၀)ပေ၊ အမြင့်(၁၅)ပေခန့်ရှိ ကွန်ကရစ်ဆိပ်ခံ
တံတား၏ အစိတ်အပိုင်းတစ်ချို့မှာ မြစ်အတွင်းကျကာမျောပါသွားခဲ့ပါသည်။

အဆိုပါနေရာ၌ပင် ၁၆၀၀ အချိန်တွင် အလျား(၁၅)ပေ၊ အကျယ် ပေ(၃၀)ခန့်
ရှိမြစ်ကမ်းပါး ထပ်မံပြိုကျခဲ့သဖြင့် သာယာကုန်းဘုန်းတော်ကြီးကျောင်းဝင်း
အတွင်းရှိ (၈)ခန်းတွဲ အုတ်ညှပ်သွပ်မိုး အိမ်သာ များတိမ်းစောင်းသွားခဲ့
ကြောင်း၊ ကမ်းပါပြိုကျရာနေရာမှာ (၂)ထပ်အုတ်ညှပ်သွပ်မိုး ကျောင်းဆောင်
၏အောက်ခြေအနီးအထိရောက်ရှိနေသဖြင့် ကျောင်းဆောင်အား ဖျက်သိမ်း
ရွှေ့ပြောင်းလျက်ရှိကြောင်းသိရှိရပါသည်။

၎င်းနေရာသို့ လှိုင်သာယာမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ်
အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့၊ လှိုင်သာယာမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့်အဖွဲ့တို့ရောက်ရှိကာ လိုအပ်သည်များ စီစဉ်
ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

ရဲဇာနည်