တောလည်ရန် တူမီးသေနတ်အားကိုင်တွယ်စဉ် မောင်းခလုတ်ဆွဲမိ၍ မိခင်ဖြစ်သူကို ထိမှန်သေဆုံး

ပို့စ်တင်ချိန် - 4/21/2014 09:48:00 AM


နေပြည်တော်၊ ဧပြီ ၂၀
၂၀၁၄ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့ ည ၈ နာရီ ၂၅ မိနစ်အချိန်၊ မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်၊ ယောလက်ပံကျေးရွာတွင် တူမီးသေနတ်မှန်၍ သေဆုံးကြောင်းသတင်းအရ ဆောမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ၎င်းကျေးရွာနေ ဒေါ်သန်းမေ (၄၂)နှစ်သည် နေအိမ်အနောက်ဘက် ၀င်ပေါက်အနီးတွင် ယာရင်အုံစုတ်ပြတ်ပေါက်ပြဲဒဏ်ရာ(၁)ချက် ရရှိကာ သေဆုံးနေသည်ကို တွေ့ရှိရသည်။ စစ်ဆေးချက်အရ စိန်ဝမ်းတူး(၁၈)နှစ်သည် တောလည်ရန် တူမီးသေနတ်အား နေအိမ်အတွင်းကိုင်တွယ်စဉ် မောင်းခလုတ်ဆွဲမိရာက ယမ်းပေါက်ထွက်ပြီး နေအိမ် ၀င်ပေါက်တွင်ရပ်နေသော မိခင်ဖြစ်သူ ဒေါ်သန်းမေအား ထိမှန်ခဲ့ကြောင်းသိရှိရပြီး စိန်ဝမ်းတူးအား ဆောမြို့မရဲစခန်း(ပ)၂၃/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်