အိမ်မက်မကောင်း၍ ယတြာချေရာမှ နေအိမ်မီးလောင်

ပို့စ်တင်ချိန် - 4/21/2014 11:56:00 AM


မင်းကင်း၊ ဧပြီ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်ကင်းမြို့နယ်၊ ကျောက်ခဲတက်ကျေးရွာတွင် ယခုလ ၁၉ ရက်နေ့ မနက် ၄ နာရီအချိန်က မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်ပွားသည့်အရပ်သို့ မောက္ကတော်နယ်မြေရဲစခန်းမှ ဒုရဲအုပ် နေစိုးနှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာတွင် ကျောက်ခဲတက်ကျေးရွာနေ ကိုကျော်မျိုး ဆိုသူသည် အိမ်မက်မကောင်း၍ ယတြာချေသည့်အနေဖြင့် ထိုသူ၏ နေအိမ်၌ မိုးထားသော တံဇက်မြိတ် သက္ကယ်စများအား ဂက်စ်မီးခြစ်ဖြင့် မီးရှို့ခဲ့ရာမှ နေအိမ်အား မီးလောင်ခဲ့ခြင်းဖြစ်သည်။
အိမ်မက်မကောင်း၍ ယတြာချေရာမှ နေအိမ်မီးလောင်ခဲ့ရာ အိမ်မိုးသက္ကယ်ပျစ် (၅၀)ခန့် မီးလောင်ခဲ့ကြောင်း သက်ဆိုင်ရာ မီးဘေးတားဆီးရေးကော်မတီ၏ တွက်ချက်မှုများအရ သိရသည်။
ထို့ကြောင့် ယတြာချေခဲ့သူအား မောက္ကတော်နယ်မြေရဲစခန်းက(ပ) ၂၀/၂၀၁၄ ပြစ်မှုပုဒ်မ ၄၃၆ အရ အမှု ဖွင့်ဆောင်ရွက်လျက်ရှိကြောင်း မင်းကင်းမြို့နယ် ထွေအုပ်ရုံးမှ သိရှိရသည်။


သတင်း၊ ကိုတိုးကြီး