တဲအတွင်းအိပ်နေသူနှစ်ဦး သစ်လုပ်ငန်းမှ ဆင်နင်းခံရပြီး သေဆုံး

ပို့စ်တင်ချိန် - 5/15/2014 10:16:00 AM



မြန်မာ့သစ်ထုတ်လုပ် ရေးလုပ်ငန်းမှ ဆင်တစ်ကောင်က တဲအတွင်းအိပ်ပျော်နေသည့် အမျိုးသားနှစ်ဦးကို နင်းသတ်လိုက်ကြောင်း သတင်းရရှိသည်။

ဧရာဝတီတိုင်းဒေသကြီး၊မြန်အောင်မြို့နယ်၊ ချောင်းနှစ်ခွ ကျေးရွာအတွင်းရှိ တဲသုံးလုံးကို မြန်မာ့သစ်ထုတ်လုပ်ရေးစခန်းရှိ ဆင်တစ်ကောင်က မေလ ၁၃ရက် နေ့လယ်က ၀င်ရောက်ဖျက်ဆီး၍ လူနှစ်ဦးသေဆုံးသွားကြောင်းသတင်းရရှိသည်။

ဝါးခုတ်ရန်ရောက်နေသော မြန်အောင်မြို့၊ညောင်ခြေ ထောက်ကျေးရွာနေ အမျိုးသားနှစ်ဦးနေထိုင်သည့်တဲနှစ်လုံးနှင့် အုတ်ပုံကျေးရွာနေအမျိုးသားရှစ်ဦးနေထိုင်သည့် တဲတစ်လုံးတို့ကို ‘နိုင်စော’အမည်ရှိ ဆင်က ၀င်ရောက်ဖျက်ဆီးခဲ့ရာ တဲတစ်လုံးစီတွင်အိပ်ပျော်နေသည့် ညောင်ခြေထောက်ရွာနေ အမျိုးသားတစ်ဦးနှင့်အုတ်ပုံရွာနေ အမျိုးသားတစ်ဦးတို့မှာ ဦးခေါင်းကို ဆင်နင်းခံရသည့် ဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။

7day dialy