ဖာဒီနန်၏ မန်ယူကစားသမားဘ၀ အဆုံးသတ်ပြီ

ပို့စ်တင်ချိန် - 5/15/2014 09:12:00 PM


မန်ယူ နောက်ခံလူ ဖာဒီနန်က အသင်းနဲ့ လမ်းခွဲတော့မယ်လို့ တရားဝင် ဖွင့်ဟလိုက်ပါပြီ။ ဖာဒီနန်ဟာ (၂၀၀၂ )ခုနှစ် ဇူလိုင်လမှာ လိဒ်ယူနိုက်တက်ကနေ ပေါင်သန်း (၃၀)နဲ့ မန်ယူကို ပြောင်းရွှေ့ခဲ့ပြီး (၁၂)နှစ်ကြာ ကစားခဲ့ရာမှာ ပရီးမီးယားလိဂ် ဖလား(၆)လုံး၊ ချန်ပီယံလိဂ်ဖလား(၁)လုံး၊ ကားလင်း(ကက်ပီတယ်ဝမ်း)ဖလား (၂)လုံး၊ ကမ္ဘာ့ကလပ် ချန်ပီယံဖလား (၁)လုံး ဆွတ်ခူးနိုင်ခဲ့သူပါ။

“ ကျွန်တော် နှစ်သက်တဲ့ ပုံစံမျိုးနဲ့ နှုတ်ဆက်ဖို့ အခြေအနေ မပေးခဲ့ပါဘူး။ ဒီ ၁၂နှစ်တာ ကာလက ကျွန်တော့်အတွက် ကြီးကျယ်ခမ်းနားခဲ့ပေမယ့် အပြောင်းအလဲ လုပ်ဖို့အချိန်တန်လို့ အသင်းနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်လိုက်တာပါ။ အသင်းပရိသတ်တွေ၊ အသင်းဖော်တွေ၊ အသင်းအဖွဲ့ဝင်တွေ အားလုံးကို ကျေးဇူးတင်ပါတယ်”ဟု ဖာဒီနန်က ပြောပါတယ်။ မန်ယူကလည်း အသင်းအတွက် ပေးဆပ်ခဲ့တဲ့ ဖာဒီနန်ရဲ့ စွမ်းဆောင်မှုတွေအတွက် ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့ပါတယ်။

@z (ရိုးရာလေး)