သေသွားတဲ့ ဆင်အမေနားမှာ တစ်ညလုံးနေနေတဲ့ ဆင်ပေါက်လေး

ပို့စ်တင်ချိန် - 5/15/2014 01:06:00 AM


ကင်ညာမြောက်ပိုင်းက သေဆုံးနေတဲ့ မိခင် ဆင်မကြီးကို မီပြီး စိတ်မကောင်း ဖြစ်နေရှာတဲ့ သနားစရာကောင်း ဆင်ပေါက်လေး အကြောင်း World-Myanmar News ကနေ ဘာသာပြန် တင်ဆက်ပေးပါရစေ။

ရာသီဥတုအေးတဲ့ ညအချိန်ဖြစ်တာကြောင့် ဒီငါးလသား ဆင်ပေါက်ကလေးကို စိုးရိမ်စိတ်မချတဲ့ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ဟာ ဆင်ပေါက်ကလေးကို ဘယ်လိုမှ သူ့မိခင်နားကနေ ခေါ်ယူလို့ မရခဲ့ပါဘူး။ အဲဒီဆင်ကလေးဟာ သူ့မိခင် ဆင်မကြီးနာကနေ ထွက်ခွာဖို့ ငြင်းဆန်ခဲ့ပါတယ်။

ဆင်ကလေးကို အခြားတောကောင်တွေရဲ့ အန္တရာယ်ကနေ ကာကွယ်ပေးနိုင်ပြီး စောင့်ရှောက်ပေးနိုင်ခဲ့ပါတယ်။

Samburu airstrip ကို ပို့ဖို့အတွက် ဆင်ကလေးကို နောက်နေ့မနက်အစောပိုင်းမှာတော့ စိတ်သက်သာရာရအောင် တိရစ္ဆာန်ကု ဆရာဝန်များက လုပ်ပေးနိုင်ခဲ့ပါတယ်။ သူ့အတွက် အထူးအဖွဲ့အစီအစဉ်ပေးထားပြီး နေရာအသစ် ဖြစ်တဲ့ David Sheldrick Wildlife Trust Elephant Orphanage ကိုပြောင်းရွှေ့ဖို့ ပြင်ဆင်ခဲ့ရပါတယ်။

နေရာအသစ်ရောက်တဲ့အချိန်မှာတော့ ဆင်လေးအတွက်  နေသားမကျမဖြစ်ခဲ့ပါဘူး။ ဒါ့ကြောင့် အခြားဆင်တွေနဲ့ မကြာခင် အချိန်တို အတွင်းမှာ မိတ်ဆွေဖြစ်သွားနိုင်တယ်လို့ သိရပါတယ်။

World-Myanmar News
ref: dailymail.co.uk