သူခိုးရန်ကြောင့် ကျောက်ဖြူဆရာအတတ်သင် သင်တန်းတွင် ဆရာမများ ညမအိပ်ရဲဘဲ ထိုင်စောင့်နေရ

ပို့စ်တင်ချိန် - 5/15/2014 04:53:00 PM





မင်းအောင်ခိုင် ၊ ရန်ကုန်၊ မေ ၉

ရခိုင်ပြည်နယ် ကျောက် ဖြူမြို့၌ ဖွင့်လှစ်ထားသော အလယ်တန်း ဆရာအတတ်သင် စာပေးစာယူသင်တန်း တွင် ဆရာမများနေသည့်အဆောင်၌ ပစ္စည်း များ ဝင်ရောက်ခိုးယူနေမှုများ ဖြစ်ပေါ်နေ သဖြင့် ညမအိပ်ရဲကြတော့ဘဲ ထိုင်နေကြရ ကြောင်း ယင်းသင်တန်းရှိ ဆရာ၊ ဆရာမ များထံမှ သိရသည်။

ယင်းဆရာမများနေသည့် အ ဆောင်မှာ အထက(၁)အတွင်းမှ အမျိုးသမီး အဆောင်တစ်ခုဖြစ်ပြီး မေ ၇ ရက် နံနက် ၂ နာရီတွင် အဆောင်အတွင်းသို့ သူခိုးဝင် ရောက်ပြီး ဆရာမတစ်ဦး၏အိတ်ကို ဝင် ရောက်မွှေနှောက်သွားရာ ငွေကျပ် ၄၅ဝဝဝ ပါသွားခဲ့ကြောင်း ဆရာ၊ ဆရာမ များထဲမှ သင်တန်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဆရာဦးထင်မင်းအောင်က ပြောသည်။

''ခုဆိုရင် ညမအိပ်ရဲတော့ဘူး။ ထိုင်စောင့်နေရတယ်။ ဧပြီ ၂၆ ရက်ကလဲ တစ်ခါ ဝင်ခိုးခံရသေးတယ်။ ဆရာမတစ် ယောက်က နိုးသွားလို့ ဘာမှတော့ အဲဒီတုန်း က ဘာမှပါမသွားဘူး''ဟု သင်တန်းသူ ဆရာ မတစ်ဦးက ပြောသည်။

ယခု ဖွင့်လှစ်ပို့ချနေသည့် အဆို ပါ အလယ်တန်းဆရာအတတ်သင် စာပေး စာယူသင်တန်းမှာ အပတ်စဉ်(၁၉)ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမ ဦးရေ ၂၇ဝ တက်ရောက်သင်ကြားနေ ကြောင်း၊ သင်တန်းကာလမှာ ဧပြီ ၂၂ ရက် မှ မေ ၂၈ ရက်အထိ သတ်မှတ်ထားကြောင်း သိရသည်။

''ဒီကိစ္စကို သက်ဆိုင်ရာ ကျောင်း အုပ်ကြီးအပါအဝင် ရဲစခန်းမှာလဲ တိုင်ကြား ထားတယ်။ ဘယ်က လာခိုးတယ်ဆိုတာ မသိရသေးဘူး။ အခုအနေအထားမှာတော့ ကျွန်တော်တို့ ဆရာ၊ ဆရာမတွေကပဲ ည ဘက်စောင့်နေရတယ်''ဟု ယင်းသင်တန်း မှ ဆရာဦးထင်မင်းအောင် က ပြောသည်။
---------------------------------------------------------------------------
Flower News Journal ၊ အတွဲ ၁၀ ၊ အမှတ် ၁၈

Yangon Media Group