ရှမ်းပြည်နယ်တောင်ပိုင်း၊လွိုင်လင်ခရိုင်းတွင်းမှ မြို့တစ်မြို့ နာမည်က “မိုးနဲ”(ဖြစ်ရပ်မှန်)

ပို့စ်တင်ချိန် - 5/15/2014 01:07:00 AM


တစ်ချိန်က မိုးနဲစော်ဘွားအုပ်ချုပ်ခဲ့သော ဟော်နန်းရှိရာမြို့၊ ဤဖြစ်ရပ်မှန်ဇာတ်လမ်းတွင် မိုးနဲမြို့သည် အဓိကမကျ မိုးနဲမြို့တွင်နေသော ယာဉ်မောင်း   ဒေါင်းစိန် နဲ့ နန်းစင်ချိုတို့ ချစ်သူနှစ်ဥိးကသာအဓိက သရုပ်ဆောင်မျာြး ဖစ်ကြ လေ သည်။ တောင်ကြီးလွိုင်လင် မိုးနဲမြို့များသို့ ကုန်စိမ်းများသယ် ယူပို့   ဆောင်   ပေးနေသော ဒေါင်းစိန် ၏ဂျစ်ကား ကို မစီးဘူးသူတော်တော်ရှားသည်။ အထူးသဖြင့် နန်းစင်ချိုတစ်ယောက် ယာဉ်မောင်း ခေါင်းစိန်ဘေး ဂျစ်ကားရှေ့ခန်းမှ လိုက်ပါလေ့ရှိကြောင်းကိုလဲ လူတိုင်းသိကြပြီးဖြစ်သည်။

ဒေါင်းစိန်က မိတ္ထီလာသား၊ နန်းစင်ချိုက မိုးနဲသူ။ တစ်ဦးနှင့်တစ်ဦး နှစ်နှစ်ကာကာ ချစ်ခဲ့ကြသည့်အကြောင်းကိုလဲ မိုးနဲတစ်မြို့လုံးအသိပင်ဖြစ်သည်။
“အစ်ကို နန်းကိုဘယ်တော့ လက်ထပ်ယူမှာလဲဟင်”

“အစ်ကို ရုန်းကန်နေရတဲ့ဘ၀ကိုလည်း နန်းအသိသားနဲ့။နန်းကို တင့်တောင့်တင့်တယ် လက်ထပ်ယူဖို့ပဲကြိုး စားပြီးငွေစုနေတာလေ”

“ဒါတော့ဒါပေါ့အစ်ကိုရယ်…ယောကျာင်္းလေးတို့ ရဲ့အချစ်သည် တစ်ခဏ၊ မိန်းကလေးတို့၏ အချစ်သည် တစ်ဘ၀ဆို တာလေးတော့ အစ်ကိုသိမှာပါ”

“အစ်ကိုက အဲ့အမျိုးအစားထဲပါနေလို့လား…”

“အဲဒီလို မဟုတ်ပါဘူး အစ်ကိုရယ်၊ နန်းတို့မိန်းမသားဆိုတာရှေ့ရေးက မျှော်တွေးနေကြတဲ့သူတွေပါ၊နန်းအစ်ကို့ကို ယုံပါတယ်။ နန်းကို အစ်ကို ဘယ်လောက်  ချစ်တယ်ဆိုတာနန်းသိပါတယ်”

နန်းစင်ချိုရဲ့ ချိုသာသောအပြုံးလေးနဲ့ ချစ်စကားပြန်တုံပြန်လိုက်တော့ ဒေါင်းစိန် တစ်ယောက်ပီတိတွေလွှမ်းလို့ပေါ့…

“မကြာခင် နန်း စိတ်တိုင်းကျဖြစ်စေရမှာပါ နန်းရဲ့”

မိုးနဲဈေးနေ့၊ လွိုင်လင်ဈေးနေ့ တောင်ကြီးဈေးနေ့များတွင် ဒေါင်းစိန်နဲ့ နန်းစင်ချိုတို့ချစ်သူနှစ်ဥိးကိုအမြဲလို လို   မြင်တွေ့နေကြရသည်…

တစ်ဦးအပေါ်တစ်ဦး အနစ်နာခံနားလည်မှုရှိကြပြီးအချစ်ကြီးချစ်ခဲ့ကြသော ယှာုဥှုမောင်းသမားလေး ဒေါင်းစိန် နဲ့ ဈေးသည်မလေးနန်းစင်ချိုတို့ ၃ နှစ် အတွင်း မှာပင်လက်ထပ်ခဲ့ကြသည်။

မိုးနဲတစ်မြို့လုံးကလဲဒေါင်းစိန်နဲ့ နန်းစင်ချိုတို့ ဇနီးမောင်နှံကိုနေနဲ့လ ရွှေနဲ့မြပုံပမာဆိုသည့် သီချင်းထဲက လိုတောင်   ထောပနာပြုကြသည်။

နှစ်ဦးသားအနှစ်နှစ်အလလကြိုးစားရှာဖွေခြဲ့ ကသည့်ငွေလေးနဲ့ မိဘများနှင့် အိမ်ခွဲ နေထိုင်ကြသည်။

တစ်ဦးအပေါ်တစ်ဦး နားလည်မှုပေး၊ တစ်ဦး အခက်အခဲ များကိုတစ်ဦး ဖြေရှင်းပေး ဒေါင်းစိန် ကလဲအိမ်ထောင်ဦးစီးပီပီ   နေ့မနား ညမ အားစီးပွားရှာ ကား ဆွဲ၊ နန်းစင်ချိုကလဲ အိမ်ထောင်ရှင်မကောင်းဖြစ်အောင် နေထိုင်လေသည် ၊သို့သော်လဲ တစ်နေ့တွင် ရှေ့သွားနောက်လိုက်ညီနေသော ဇနီးမောင်နှံ အတွက် အနှောင့်အယှက်လေးတစ်ခု ၀င်ရောက်လာလေသည်…

“အစ်ကို ဒေါင်း မနက်ဖြန်လည်း အကိုဒေါင်းကားနဲ့ပဲလိုက်မှာနော်၊ရှေ့ခန်း အစ်ကို့ဘေးမှာ နေရာချန်ထားပေး” အိမ်ရှေ့ဆီမှ အမျိုးသမီးတစ်ဦး၏ ခရာ တာတာနွဲ့တဲ့တဲ့အသံကို ကြားလိုက်ရသဖြင့်နန်းစင်ချို တစ်ယောက် ဝေ့ကြည့် လိုက်သည်။သူအင်မတန်ချစ်သော လင်တော်မောင်ဒေါင်းစိန်ဘေး၌ ပွတ်သီးပွတ်သပ် ထိုင်နေသည့် ချောချောလှလှ အမျိုးသမီးငယ်တစ်ဦးကိုတွေ့ရသည်…

“ဒီနေ့တော့ကားရေဆေးရမှာမို့ချယ်ရီ ဒီကနေပဲဆင်းသွားတော့နော်၊ မနက်ဖြန် ချစ်ရီအိမ်ကို အကိုဝင်ကြိုမယ်”

“Ok ချယ်ရီသွားမယ်”

ဂျစ်ကားရှေ့ခန်းမှ လှုပ်လီလှုပ်လဲ့နှင့် ခပ်ယဲ့ယဲ့ဆင်းသွားသောချယ်ရီအား စူးရှသောမျက်လုံးအစုံနှင့်ကြည့်နေသူက နန်းစင်ချို။

“ကား ဆရာ ကြီး ဒီနား ကိုခဏကြွပါအုန်း”

ရိသဲ့သဲ့စကားကြောင့် ဒေါင်းစိန်သိလို က်ပြီဖြစ်သည်။

“အဲ့ဒီချယ်ရီဆိုတဲ့ကောင်မက ဘယ်ကလဲ၊ ဘာကြောင့် အစ်ကို့ဘေးနားမှာ ကပ်ထိုင်နေရတာလဲ၊အစ်ကို့ဘေးမှာ နန်းစင်ချို ဆိုတဲ့သူ့မိန်းမ ကလွဲရင် ဘယ်သူမှ ထိုင်ခွင့်မရီဘူးလေဆိုတဲ့ စကားလုံးတွေနဲ့ အစ်ကို့ကိုတိုက်ခိုက်တော့မယ် မဟုတ်လား။ အခုတော့ အစ်ကို အရမ်းပင်ပန်းလာလို့ စိတ် ရှည်ရှည်ထားပေးအုံးနော်၊ နောက်တော့ အားလုံးရှင်း သွားမှာပါ နန်းရဲ့”

နန်းစင်ချိုဘာမှပင်မပြောလိုက်ရမီ ဒေါင်းစိန်တစ်ယောက် ကားရေဆေးရန်ဟုဆိုကာထွက်သွားလိုက်သဖြင့် စကားနည်း ရန်ဆဲဖြ စ်ခဲ့ရသည်။ သို့ရာတွင် လည်းနေ့စဉ်လိုလို ပတ်ဝန်းကျင်မှ အတင်းအဖျင်းလေ များတိုက်ခတ် မှုကြောင့် နန်းစင်ချို ခံပြင်းစိတ်များ အုံကြွလာသည်။ချယ်ရီဆိုသော မိန်းကလေး ကိုတွေ့လျှင် အရှုပ်ကို ရှင်းမည်ဟု ဆုံးဖြတ်ထားလိုက်သည်။

သို့နှင့် မည်သူမျှအသိမပေးပဲ ဒေါင်းစိန်ရှိမည့် ဂျစ်ကားဂိတ်သို့တစ်ဦးတည်းလိုက်သွားသည်။ “နန်း ဘာဖြစ်လို့ လိုက်လာတာလဲ၊ချယ်ရီနဲ့ အကို ဘယ် လိုပုံစံနဲ့ မှမပတ်သက်ဘူးဆိုတာ အစ်ကိုရှင်းပြပြီးပြီလေ”

“အစ်ကိုပြောတာတွေအားလုံးကို နန်းနားလည်ပါတယ်၊ဒါပေမယ့် အစ်ကိုရယ် အရင်တုန်းကလိုပဲအစ်ကို ကားမောင်းနေ ရင် အစ်ကို့ဘေးနားမှာပဲ နန်းအမြဲလိုက်နေချင်တာ အစ်ကိုရဲ့”

“ခက်လိုက်တာ နန်းရယ် အစ်ကိုတို့ ကားသမားဆိုတာ ခုနှစ်ရက်သားသမီးနဲ့အလိုက်သင့်ပေါင်းရတယ်ဆိုတာ နန်းလည်း အသိသားနဲ့”

“ဟုတ်ပါတယ် အစ်ကိုရဲ့၊ ဒါပေမယ့်လဲ အကို့ဘေးနားမှာဘယ်သူမှ ထိုင်တာ မကြိုက်ဘူး”

“နန်းကလဲ ကလေးဆန်လိုက်တာ။ ကဲလာ ခုလည်းအစ်ကို လိုက်ပို့မယ်၊ အကို့ဘေးနားမှာပဲထိုင်ပေါ့၊ ရှေ့ခန်းမှာ ဘယ်မိန်းကလေးမှမတင်တော့ ဘူး ကျေနပ်လား”

နန်းစင်ချိုက ကနွဲ့ကယနှင့်ခေါ င်းအသာညိတ်ပြလိုက်သည်။ဒေါင်းစိန်တစ်ယောက် ခရီးသည်မပြည့်သော်လည်း ဂိတ်မှ ထွက် ခဲ့သည်။မိုးနှင်းများ ကျ ထား သဖြင့် စိုစွတ်နေသောလမ်းပေါ်ဝယ် ဒေါင်းစိန်၏ဂျစ် ကားမှာတရိပ်ရိပ်ပြေးလွှား

ရင်း တောင် တက်တောင်ဆင်းတို့တွင် ကွေ့လိုက် ပတ်လိုက်နှင့်ကျော်ဖြတ်နေကြောင်းတွေ့ရသည်
နန်းစင်ချိုမှာမူဒေါင်းစိန်နံဘေးမှ လိုက်ပါလာရသည်ကိုပင် ပီတိဖြာလျက် တမှေးပင်အိပ်ပျော်သွားဟန်တွေ့နေရသည်။ ခရီးသည်များကလဲ သူ့ အတွေး နဲ့သူ့အရေး၊ မှေးသူကမှေး ငေးသူကငေးလို့ပေါ့။ ဂငယ်ဂွေ့တစ်ကွေ့အရောက် မမျှော်လင့်ဘဲ ကုန်တင်ကားယာဉ်ကြီးတစ်စီးကွေ့ ထွက် လာသည် ကိုတွေ့လိုက်ရသောဒေါင်းစိန်လည်း စက္ကန့်ပိုင်း အတွင်း ဆုံးဖြတ်ချက်ဖြင ကားကိုဘယ်ဘက်သို့ကွေ့ချလိုက်သည်။ အမှတ်မထင်ဖြစ်ပျက် လိုက် မှုကြောင်း နန်းစင်ချို ခမြာ ကား၏ညာဘက်သို့လွင့်ကျသွားတော့သည်။

ကားကလဲ အရှိန်နဲ့ဖြစ်တာကြောင့် ကျသွားသောအရှိန်နဲ့ပေါင်းပြီး သွေးသံရဲရဲဖြင့် မေ့လဲသွားသောနန်းစင်ချိုအား ချက်ခြင်း ပင် လွိုင်လင်ဆေးရုံသို့ အမြန် ပို့ကြ သည်။ သို့သော်လဲ နောက်နေ့မနက်တွင်နန်းစင်ချို တစ်ယောက်သေ ဆုံး သွားကြောင်းသိကြရ၍ မိုးနဲတစ်မြို့ လုံးနှင့် ဒေါင်းစိန် တို့ယူကြုံး မရဖြစ်ကြရတော့သည်။

ဒေါင်းစိန်သည် နန်းစင်ချိုအလောင်းအား မိုးနဲသင်္ချိုင်းတွင် ကောင်းမွန်စွာမြှုပ်နှံခဲ့သည်။

ရဲ့တပ်ဖွဲ့၏စုံစမ်းစစ်ဆေးမှုပြုလုပ်ချက် အပေါ်အခင်းဖြစ်စဉ်က ဂျစ်ကားပေါ်တွင်ပါလာသူများအားလုံးက နန်းစင်ချိုမှာ အိပ်ငိုက်နေသဖြင့်ကားရုတ်တရက် အကွေ့တွင် ကျသွားခြင်းဖြစ်ကြောင်း ထွက်ဆိုကြခြင်းေ ကြာင့် ဒေါင်းစိန် အပြစ်နှစ် အနည်းငယ်သာ ကျခံခဲရသည်။

နေ့များသည် လျှင်မြန်စွာဖြတ်သန်းနေ၏ ဒေါင်းစိန်က ယာဉ်မောင်းအလုပ်ကိုသာ ပြန်လုပ်ကိုင်နေကြောင်းတွေ့ရသည်… တစ်ခုထူးခြားချက်က ည ဘက်ရောက် လျှင် ဒေါင်းစိန်အိမ်တစ်ဝိုက်မှာ ခွေးများ အလွန် အူကြချင်းဖြစ် သည်နောက် တစ်ချက်ကမူ ဒေါင်းစိန် ကားလိုက်လို့ ကားခေါင်းခန်းတွင် အမျိုးသမီးပါလာလျှင် အနံဆိုးကြီးရခြင်း တစ်ခါတစ်ရံ ကားပေါ်မှ ဆွဲချသလိုတောင် ခံစားရသည်ဟုပြောစမှတ်ဖြစ်လာကြသည်။

“နန်းစင်ချိုက သူ့လင် ဒေါင်းစိန်ကို ဘယ်လောက်စွဲလမ်းလဲဆိုတာနင်တို့အ သိပဲလေ။ပြီးတော့ သေရတာက အစိမ်းသေ ကျွတ်နိုင်လွတ်နိုင်ပါ့မလားဟဲ့”

“အဲဒါကြောင့် သရဲဘ၀အဖြစ်နဲ့များ သူ့အိမ်သူပြန်နေတာနေနေမှာပေါ့”

အဲဒါကတော့နန်းစင်ချိုရဲ့ အရင်းနှီးဆုံးသူ ငယ်ချင်းများဖြစ်သည့် နန်းကြာယုံနှင့် မြမြ၀င်းတို့၏လေသံ။

“ငါ့အထင်တော့ တို့သူငယ်ချင်း ဒေါင်းစိန်က သူ့မိန်းမကို အရမ်းချစ်တော့ ကားပေါ်ကကျသေတဲ့နေရာ ကနေ ခေါ်လာ တာပဲဖြစ်ရမယ်”

“ဘယ်လိုပဲဖြစ်ဖြစ်ကွာ နန်းစင်ချို သရဲ ဒီအိမ်မှာရှိနေတာတော့သေချာပြီ”

“အိုကွာဘာပဲဖြစ်ဖြစ် ငါတို့ ချောင်းကြည့်ရအောင်”

ဒေါင်းစိန်၏သူငယ်ချင်း သံချောင်းနှင့်စိုင်ဇော်ထူးတို့၏စူးစမ်းသံ ဒေါင်းစိန် အိမ်ပြန်မလာသော ညတည၊မိုးနှင်းများကျပြီး အအေးဒဏ်ကလဲ လွန်ကဲ ချိန် ဖြစ် ၍ မိုးနဲတစ်မြို့ လုံးတိတ်ဆိတ်နေချိန်ဖြစ်သည်။

အမှောင်ထုထဲမှာခွေးအူသံ တစ်ချက် ကြားရသည်နှင့်သံချောင်းတို့ဒေါင်းစိန်၏အိမ် သို့ချဉ်းကပ်လိုက်သည်။မှောင်ပြပြ မီးဖိုချောင် ဘက်မှ အသံကြားရ သဖြင့်နှစ်ဦးသား အာရုံစိုက်ပြီး အကြည့် သူတို့တွက်ထားသည့်အတိုင်း နန်းစင်ချို သရဲကိုတွေ့ရလေပြီ။ထမင်းချက်သည်၊ ပန်းကန်ဆေး သည် ရေနွေး တည်သည်၊ ရေအိုးတွေ ရေဖြည့်သည် လူဖြစ်စဉ်က လုပ်ခဲ့ပုံအတိုင်းလုပ်ဆောင်လေသည်သို့သော် ဘုရားစင်ရှိသည့်ဘက်ကိုတော့ မသွားချေ…

ထိုစဉ်ဒေါင်းစိန်ပြန်လာသည်ကို တွေ့ရသဖြင့် သံချောင်းတို့ပုန်းနေလိုက်သည်။ ဒေါင်းစိန်တစ်ယောက် သရဲ မနန်းစင်ချို ချက်ပြုတ် လုပ်ကိုင်သွား သည် များ ကိုမတွေ့။ မည်သို့မျှမမှုသည့်အပြင်ပူပူနွေးနွေး ထမင်းဟင်းများကိုအားပါးတရ စားနြေေ ကာင်းတွေ့ကြသည်။

“သံချောင်းမင်းတို့မြင်တွေ့ခဲ့တာတွေက အမှန်ပဲလား”

“မှန်ရုံတင်ဘယ်ကမလဲ ဆရာရယ် မိုးနဲတစ်မြို့လုံးကလဲသိနေကြပြီပဲဟာ”

အထက်ပါဖြစ်ရပ်မှန်များအားသံချောင်းတို့က စာရေးသူကိုပြန်လည်ပြောပြနေခြင်းဖြစ်သည်။ သို့ကြောင့်လဲစာရေးသူ ကိုယ်တိုင် ပင် ဖြစ်ရပ်မှန်များ ထဲ သို့   စူးစမ်းလိုစိတ်နှင့်ဝင်ရောက်ခဲ့ရလေတော့သည်။

“နေစမ်းပအုန်း မင်းတို့သရဲမကို တွေ့ရတယ်ဆိုတာက လူပုံစံနဲ့တွေ့လိုက်ရတာလား”

“အဲလိုတော့မဟုတ်ဘူးဆရာရ၊ ဟိုအင်္ဂလိပ်ကားတွေထဲကလိုတော့ပုံစံကြီးနဲ့မတွေ့လိုက်ရဘူး အသံနဲ့လှုပ်ရှားမှုကိုပဲ သိရတာ”

“ကဲ ဒီကိစ္စကို ဒီတိုင်းထားလို့တော့ မဖြစ်ဘူး၊ မင်းတို့လည်းဗုဒ္ဓဘာသာတွေမလား၊ ဆရာတော်ဆီ သွားလျှောက်ကြည့် မယ်လာ”

စာရေးသူက အသက်ကြီးသူပီပီ ဆရာလုပ်ကာ မိုးနဲမြို့ဘုန်းတော်ကြီးကျောင်းသို့ရောက်ခဲ့ကြ ရသည်။ အိုမင်းနေပြီဖြစ်သော ဆရာတော်ကြီးမှာ ရှမ်း လူ မျိုးဖြစ်ပြီး မြန်မာစကားမတက်သဖြင့် စိုင်းဇော်ထူးက စကားပြန် လုပ်ပေးရသည်။

နန်းစင်ချိုမှာ မိမိ၏လင်သားနှင့်မိမိအိမ်အပေါ်စွဲ လမ်းမှု ဥပဒါန်ကြီးပါးမှုကြောင့် အစိမ်းသရဲဖြစ်နေကြောင်း၊ ဖုတ်၊ ပြိတ္တာ သရဲတစ္ဆေတို့မည်သည် အချိန် ကြာမြင့် လာလျှင် အစွယ်ပါထွက်လာပြီးတစ်ရွှာလုံးရှိ ကလေး သူငယ် လူအပေါင်း ကိုဒုက္ခပေးတတ်ကြောင်း၊ နန်းစင်ချိုအား မြှပ်နှံထားသော အခေါင်း ၏ခေါင်းရင်းဘက်တွင် အပေါက် တစ်ပေါက် ရှိကြောင်း၊ ယင်းအပေါက်မှထွက်လာပြီးရွှာထဲသို့ဝင်လာတာဖြစ်ကြောင်း၊မိမိတို့သံယာတော်များအနေဖြင့် ၀ိနည်း ကိုစောင့် ထိန်းနေရသူမျာြး ဖစ်သောကြောင့် ဤကိစ္စကို မည်သို့လုပ်ဆောင်ရမည်ကိုမညွှန်းပြအပ်ကြောင်း မိန့်ကြားလိုက်ေ လသည်။

သို့နှင့် စာရေးသူ၏အကြံပြုချက်ဖြင့ နန်းစင်ချို၏ယောကျာင်္းဖြစ်သူ ဒေါင်းစိန်ကိုခေါ်ယူကာ မြို့ခံလူကြီးများရှေ့မှောက် တွင်    မေးမြန်းကြရတော့သည်

“သံချောင်းတို့ တွေ့ခဲ့ကြတယ်ဆိုတာတွေဟာ မှန်ပါတယ်၊ ကျနော်မိန်းမ ကျနော်ဆီပြန်လာေ နတာကြာပါပြီ၊ လင်ခန်းမယားခန်း အနေနဲ့လည်း လူ့ ဘ၀တုန်းကလိုပ နေခဲ့ကြပါတယ်၊တခြားသူတွေကို သတိမပေးဘူး ဆိုတာကျနော့်မိန်းမကို ကျနော်အရမ်းချစ်ပါတယ်၊ သူနဲ့ခွဲလိုက်မှာစိုးပါလို့ပါ”

ဒီတော့ စာရေးသူက တာဝန်ရှိသူတစ်ဦးအနေနဲ့ ဒါဟာဒီတိုင်းဆိုရင် ရှေ့ရေးမမြင်ရသေးတဲ့ ဒုက္ခတွေများတယ် သူဒုက္ခဖြစ်နိုင်တယ်

ကဲ ဒေါင်းစိန် ဒီအခြေအနေကျမှတော့ မဖြစ်တော့ဘူး၊ မြို့နာမည် ရွှာနာမည်ဆိုတာကိ ငဲ့ပြီး လူကြီးတွေ စီစဉ်တာကို မင်းလိုက်နာရတော့မှာပေါ့လို့ စာရေး သူက ခက်ပြတ်ပြတ်ပြောလိုက်မှ စကားပြတ်သွားသည်။သို့နှင့် သက်ဆိုင်ရာ အာဏာပိုင်တွေကို အကြောင်း ကြားပြီး ဆိုင်ရာပိုင်ရာကွင်းပိုင် နယ် ပိုင် သင်္ချိုင်းစောင့် အပါအ၀င် ပုဂ္ဂိုလ်အားလုံး၏ခွင့်ပြုချက်နှင့်အတူ နန်းစင်ချို၏ အလောင်းကိုဖော်ယူရန် တာဝန်ရှိသူတွေနဲ့ပူးပေါင်း စီစဉ်ကြတော့ သည်။

မြို့နယ်အတွင်းရှိရွှာနီးစပ်များမှ ဒီသတင်းကို ကြားသိသွားကြရာမှအလောင်းဖော့်မည့် နေရတွင်ဆိုင်ခန်းများပင်ရောင်းရ လျှက် စည် ကားနေကြောင်း   တွေ့ ရသည်။နန်းစင်ချို၏ ယောကျာင်္းဖြစ်သူ ဒေါင်းစိန် နှင့် သူ၏သူငယ်ချင်း များဖြစ်ကြသော သံချောင်း စိုင်းဇော်ထူးတို့နှင့်အတူ စာရေးသူပါ စိတ်ဝင် တစားကြည့်ရူ့လေ့လာကြသည်။

နန်းစင်ချို၏အခေါင်းပုံကို ပံမပျက်စေရန် မြေကိုတူးစွမတင်ကြပြီး မီးရို့နိုင်ရေးအတွက် ထင်းပုံပေါ်သို့တင်လိုက်ကြသည်။

“နန်းစင်ချိုအားမြှပ်နှံထားသော အခေါင်း၏ခေါင်းရင်းဘက်တွင် အပေါက်တစ်ပေါက်ရှိကြောင်း၊ ယင်းအပေါက်မှထွက် လာပြီးရွှာထဲသို့ဝင်လာတာ ဖြစ်   ကြောင်း” ဆရာတော် မိန့်ကြားခဲ့သည့် အတိုင်း ကြည့် ကြည့်မိရာ အခေါင်း၏ ခေါင်း ရင်းဘက်တွင် အပေါက် ငယ် တစ်ပေါက် ကိုတွေ့ လိုက်ကြ ရသဖြင့် ကြည့်ရှု့သူအားလုံးတအံ့တသြဖြစ်သွား ကြရသည်။

သေချာနေပြီဖြစ်သောကြောင့် သံချောင်းတို့အု ပ်စုသည်အလောင်းအား ဓာတ်ဆီလောင်းကာ မီးရှို့လိုက်ကြလေတော့ သည်…

မီးတောက်များနဲ့အတူ နန်းစင်ချိုအားခချစ်ခဲ့ရသည့်အချစ်မီးတောက်များမှာလည်း ဒေါင်းစိန်၏ရင် တွင်းဝယ်   တောက်လောင်နေမည်မှာလည်း မလွဲ ဧကန် ပင်ဖြစ် မည်ဆိုခြင်းကို ငြင်းချက်ထုတ်စရာပင်မလိုတော့။

ထိုနေ့ ထိုရက်များမှ စပြီး မိုးနဲမြို့၌တစ္ဆေမလေး နန်းစင်ချိုအကြောင်းမည်သို့မည်မျှ မကြားရသည်မှာယနေ့ထက်တိုင်ပင် ဖြစ်ချိမ့်မည်။ ဤကားစာရေး သူ ကိုယ် တိုင်ကြုံတွေ့ခဲ့ရသေဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ဖြစ်လေ၏

ဓည၀တီ