လာမည့်ရာသီတွင် ချန်ပီယံဆု အရယူသွား မည်ဟု မော်ရင်ညိုကြုံးဝါး

ပို့စ်တင်ချိန် - 5/15/2014 04:49:00 PM


ချဲလ်ဆီးအသင်းနည်းပြ မော်ရင်ညိုက လာမည့် ရာသီတွင် ချန်ပီယံဆု အရယူသွားမည် ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။ ယခုနှစ် ဘောလုံးရာသီတွင် မန်စီးတီးက ပရီးမီးယားလိဂ် ချန်ပီယံဆုရရှိ သွားခဲ့ပြီး ချဲလ်ဆီး အသင်းမှာမူ တတိယနေရာတွင်သာ ရပ်တည် ခဲ့သည်။ မော်ရင်ညိုက ချဲလ်ဆီးအသင်းသည် ယခုရာသီတွင် ချန်ပီယံဆုရယူရန် ရေပန်းစား ခြင်းမရှိဘဲ ရာသီသစ်တွင်သာ ချန်ပီယံဆုကို ရယူနိုင်သည့် အခွင့်အရေးရှိ နေသည် ဟု ဆိုခဲ့ ဖူးသည်။

မော်ရင်ညိုက ကျွန်တော့်ကစားသမား တွေအပေါ် ယုံကြည်မှု အပြည့်ရှိပါတယ်။ လာမယ့် ရာသီသစ်စတာနဲ့ ကျွန်တော်တို့က ကြောက်ရွံ့တဲ့ စကားလုံးတွေ ချန်ပီယံမဖြစ်နိုင်တဲ့ အကြောင်း တွေကို ပြောကြားတော့မှာ မဟုတ်ပါဘူး။ ချန်ပီယံဆုကို အရယူသွားဖို့ တိုက်ပွဲဝင်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ကောင်းမွန်တဲ့ ရလဒ်ထွက်ပေါ်ခဲ့ပေမယ့် အဆင့် (၃) နေရာ သာရခဲ့လို့ မပျော်ရွှင်မိပါဘူး။ ပြောင်းလဲမှုတွေ ပြုလုပ်တဲ့ ကာလမှာ ထွက်ပေါ်လာတဲ့ ရလဒ်ကို ကျေနပ်ပေမယ့် အဆင့် (၃) နေရာကိုပဲ ရယူနိုင်ခဲ့ခြင်း အပေါ် ပျော်ရွှင်နေမှာ မဟုတ်ပါဘူး။ လာမယ့် ရာသီမှာ ပိုကောင်း အောင် ကစားသွားရမှာဖြစ်ပါတယ်။ ကျွန်တော်ရော ကစားသမားတွေပါ အကောင်းဆုံး ပြုလုပ်သွားရမှာဖြစ်ပါတယ် ဟု ပြောကြားခဲ့သည်။ ထို့အပြင် မော်ရင်ညိုက လာမည့် ရာသီတွင် ချဲလ်ဆီး အသင်းကို ပိုမိုတောင့်တင်းမှုရှိရန် ဆန္ဒရှိနေသည်။ မော်ရင်ညိုသည် ကစားသမားများကို ပိုမိုကြိုးစားသွား ရန် သတိပေးထားပြီး အကောင်းဆုံးပေးဆပ်လိုခြင်း မရှိသည့် ကစားသမားများ အသင်းမှထွက်ခွာနိုင်ကြောင်း ဆိုခဲ့သည်။

Messenger News Journal