ငါးပတ်အရွယ် သားငယ်ကို သတ်ခဲ့တဲ့ ဖခင်

ပို့စ်တင်ချိန် - 5/15/2014 10:24:00 AM



Devon ပြည်နယ်၊ Paignton မှာရှိတဲ့ အိမ်တစ်အိမ်မှာတော့ အသက် ၂၄နှစ်ရှိ အသစ်စက်စက် ဖခင် Matthew Wickens  ဟာ ငါးပတ်အရွယ်ပဲ ရှိသေးတဲ့ သားဖြစ်သူ Riley Gardener နဲ့ သူ့ကို တစ်အိမ်လုံးမှာ နှစ်ယောက်တည်း ထားခဲ့တဲ့ အချိန်မှာ သူ့ရဲ့ သည်းခံနိုင်စွမ်းတွေ ကုန်ဆုံးခဲ့တယ်လို့ ပြောပါတယ်။


ဒါ့ကြောင့် သူဟာ ကလေးငယ်ကို ပြင်းထန်တဲ့ ဦးခေါင်းဒဏ်ရာ ရစေဖို့ ကလေးကို ကိုင်လှုပ်ပြီး မျက်နှာကို ကလေးခေါင်းအုံးနဲ့ ပြင်းပြင်းထန်ထန် ရိုက်နှက်ခဲ့ပါတယ်။ အဲဒီနောက် ကလေးရဲ့ ဒဏ်ရာတွေ ဖုံးကွယ်နိုင်ဖို့ ခေါင်းကို ဦးထုပ်ဆောင်းပေးပြီး အမျိုးမျိုးလိမ်ညာလှည့်ဖျားခဲ့ပါတယ်။

သူ့ရဲ့ လိမ်ညာမှုတွေကြောင့် ကလေးမိခင်ဟာ သံသယရှိသူ အဖြစ် သတ်မှတ်ခံရပြီး ကလေးကို ၁၄လကြာအောင် မတွေ့ရဘဲ နေဖို့ အမိန့်ချမှတ်ခံခဲ့ရပါတယ်။

စုံစမ်းစစ်ဆေးသူတစ်ဦးရဲ့ ပြောဆိုချက်အရ Matthew Wickens  နဲ့  ကလေးမိခင်ဖြစ်သူ သူ့ဇနီးသည်ရဲ့ အိမ်ထောင်ရေးဟာ Riley ကို ကိုယ်ဝန်ရှိချိန်မှာ ကောင်းလိုက် မကောင်းလိုက်ဖြစ်ခဲ့ပြီး အဲဒီအတောအတွင်း Matthew ဟာ အခြားအမျိုးသမီးတစ်ဦးနဲ့ ဆက်ဆံမှုတောင် ရှိခဲ့တယ်လို့ သိရပါတယ်။

အရင်ကတော့ Matthew ဟာ ကောင်းမွန်တဲ့သူ တစ်ဦး အဖြစ် ရှိခဲ့ပြီး ဒုတိယမြောက် သားယူဖို့အတွက်လည်း သဘောတူ ကြည်ဖြူခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် လက်တွေ့ကလေးရလာတဲ့ အခါမှာတော့ သူဟာ အေးတိအေးစက် ဖြစ်လာခဲ့ပြီး ဖခင်ဘ၀ကို မလိုလားသလို ဖြစ်လာခဲ့ပါတယ်။ ကလေးအဖေ ဖြစ်လာတဲ့အခါ သူ့ရဲ့လွတ်လပ်ခွင့်တွေ ဆုံးရှုံးလာတယ် လို့ခံယူလာတယ်။ နောက်ပြီး အဲဒီဘ၀အတွက်လည်း နောင်တရ သလို ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။ နောက်ပြီး အရင်လို သူငယ်ချင်းတွေနဲ့ အပြင်မသွားရတော့ကလည်း သူ့အတွက် ဘ၀ဟာ ဆုံးပြီလို့ ခံစားစေခဲ့သလို ဖြစ်ခဲ့တယ်လို့ တရားရုံးမှာ ထွက်ဆိုပါတယ်။

ဒါ့ကြောင့် တစ်ရက်တော့ သူဟာ မိန်းမဖြစ်သူဈေးဝယ်ထွက်ချိန် အိမ်မှာ ကလေးထိန်းပေးဖို့ သဘောတူခဲ့ပါတယ်။ ကလေးကို နို့ဘူးတိုက်၊ အနှီးလဲပေးပြီးနောက် သူစိတ်တိုလာခဲ့ပြီး စိတ်မထိန်းနိုင်ဘဲ ကလေးကို သတ်ပစ်ဖို့ ကြိုးစားခဲ့ပါတယ်။ ကလေးကို ကိုင်လှုပ်ပြီး မျက်နှာကို ခေါင်းအုံးနဲ့ ရိုက်ပါတယ်။ အဲဒီနောက် ကလေးပုခက်က သံလက်ရန်းနဲ့ ခေါင်းကို ဆောင့်ပြီးနောက် ကြမ်းပြင်ပေါ် ပစ်ချခဲ့ပါတယ်။ အဲဒီ ဒဏ်ရာဒဏ်ချက်တွေကို ဖုံးကွယ်ဖို့အတွက် ကလေးကို ဦးထုပ်ဆောင်းပေးထားပြီး အိပ်ယာထဲမှာ ပစ်ထားခဲ့တယ်လို့ ထွက်ဆိုပါတယ်။ ကလေးအမေ ဈေးဝယ်ပြန်လာတဲ့အခါမှာတော့ သေလုမျောပါးဖြစ်နေတဲ့ သားငယ်ကို အိပ်ယာထဲမှ တွေ့ခဲ့ပြီး ဆေးရုံချက်ချင်းပို့ခဲ့ပါတယ်။

ဆေးရုံမှာ စစ်ဆေးပြီးတဲ့နောက် ပြင်းထန်တဲ့ ဒဏ်ရာတွေ ရရှိထားတဲ့ ကလေးကို ကောင်းကောင်း ထိန်းသိမ်းစောင့်ရှောက်ခြင်း မရှိတဲ့ အတွက်ကြောင့် မိခင်ဖြစ်သူကို ကလေးနဲ့ ပေးမတွေ့ဘဲ ၁၄လကြာနေဖို့ တရားရုံးက အမိန့်ချမှတ်ခဲ့ပါတယ်။ ဒါတွေဟာ ဖခင်ဖြစ်သူရဲ့ လိမ်လည်မှုတွေကြောင့် ဖြစ်ပါတယ်။ အဲဒီလို စစ်ဆေးအမိန့်ချနေစဉ် အတောအတွင်းမှာ ကလေးငယ်ဟာ ပြင်းထန်တဲ့ ဒဏ်ရာတွေကြောင့် သေဆုံးခဲ့ရပါတယ်။

နောက်ပိုင်းမှာတော့ သူဟာ သူ့လုပ်ရပ်တွေအတွက် နောင်တရခဲ့ပြီး အပြစ်ကို ၀န်ခံခဲ့ပါတယ်။ ဒါ့အပြင်သူက ဖြစ်နိုင်ရင် နာရီတွေကို ပြန်လှည့်ပြီး အဲဒီအချိန်တွေဆီကို ပြန်သွားချင်တယ်လို့ ပြောပြီး ဒါတွေဟာ အိပ်မက်ဆိုးသာ ဖြစ်လိုက်ချင်ပါတယ်လို့ ပြောခဲ့ပါတယ်။

World-Myanmar News

ref:dailymail.co.uk