ညဥ့်နက်ပိုင်းအရှိန်ပြင်းစွာမောင်းနှင်သည့် ပြိုင်ကားများအား စတင်အရေးယူနေပြီ

ပို့စ်တင်ချိန် - 5/15/2014 04:06:00 PM



ရန်ကုန်၊ မေ ၁၅

မြန်မာနိုင်ငံရဲတပ်ဖွဲ့ အမှတ် (၂) ယာဉ်ထိန်းတပ်ဖွဲ့အနေဖြင့် မနက်ပိုင်းယာဉ်စည်းကမ်းဖောက်ဖျက်မှုနှင့် ညဥ့်နက်ပိုင်း
အရှိန်ပြင်းစွာမောင်းနှင်သည့် ပြိုင်ကားများအားစတင်အရေးယူနေပြီဖြစ်ကြောင်းမေလ ၁၅ ရက်နေ့ကသိရသည်။

အဆိုပါ စနစ်အား ပြီးခဲ့သည့် မေလ ၁၀.၁၁.၁၂. နေ့များတွင် ပြည်လမ်းနှင့်ကမ္ဘာအေးဘုရားလမ်းတို့၌ မှတ်သားဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ အမှတ် (၂) ယာဉ်ထိန်းတပ်ဖွဲ့ မှ ရဲအုပ်
လှကျော်က မြန်မာ့ခေတ် သတင်းအေဂျင်စီသို့ ပြောသည်။

“ညဉ်နက် ၁၂ ကျော်မှာစ ဖမ်းတာပါ။ သုံးရက်ပေါင်းအစီးရေကတော့ ၅၀ ကျော်မိတယ်။ ဖမ်းတဲ့စနစ်ကတော့ ပွိုင့်တူပွိုင့်
စနစ်နဲ့ပါ”ဟု ရဲအုပ်လှကျော်ကပြောသည်။

ယင်းကဲ့သို့ မောင်းနှင်သောယာဉ်များအား မော်တော်ယာဉ်စည်းကမ်းထိမ်းသိန်းရေးဥပဒေအရ စစ်ဆေးကာ အရေးယူ
ဆောင်ရွက်လျက်ရှိကြောင်း ရဲအုပ်လှကျော်က ဆက်လက် ပြောဆိုသည်။

“ဘယ်လောက်ဒဏ်တပ်လဲဆိုတာကတော့ တရားရုံးရဲ့အပိုင်းပါ။သူတို့တရားစီရင်ရေးမဏ္ဍိုင်ကို ကျွန်တော်တို့ အုပ်ချုပ်ရေး
မဏ္ဍိုင်ကသွားရှုပ်လို့မရဘူး၊ စည်းဖောက်ဖျက် သူတွေအားလုံးကို အရေးယူတယ်။ အဆင့်အတန်း ခွဲတာမရှိဘူး”ဟု
ရဲအုပ်လှကျော်ကပြောဆိုသည်။

တာဝန်ကျနေသောယာဉ်ထိမ်းဝန်ထမ်းများကို သာမန်အရပ်သားများက ကိုယ်ထိလက်ရောက် ကျူလွန် မှုများမကြာခဏ
ဖြစ်ပေါ်နေလျက်ရှိပြီးမေလ ၁၃ ရက်နေ့က ရုပ်ရှင်မင်းသားတစ်ဦးမှ ယာဉ်ထိမ်းတစ်ဦးအား ကိုယ်ထိလက်ရောက်ကျူးလွန်မှုကြောင့်
မင်္ဂလာတောင်ညွှန့်ရဲစခန်းတွင် အမှုဖွင့်အရေးယူ ဆောင်ရွက် နေလျက် ရှိကြောင်းသိရသည်။

နှင်းနွယ်

The Myanma Age