တရုတ်တောင်ပေါ်ဒေသက နတ်ဆရာ

ပို့စ်တင်ချိန် - 5/23/2014 05:43:00 PM




အောင်သာလင်း ဘာသာပြန်သည်။  

ရောဂါကုသရေးနှင့် ဗေဒင်ဟောရေးအတွက် ရှေးလူကြီးများပေးခဲ့သည့်စာအုပ်။ အေအက်ဖ်ပီရောဂါကုသရေးနှင့် ဗေဒင်ဟောရေးအတွက် ရှေးလူကြီးများပေးခဲ့သည့်စာအုပ်။ အေအက်ဖ်ပီ

ချူးကာ - နတ်၊ တစ္ဆေစတဲ့ ပရလောကသားတွေနဲ့တွေ့နိုင်ဖို့ ရှေးရိုးရာ ထုံးဓလေ့တွေကို လိုက်နာ
ရမယ်လို့ တရုတ်နိုင်ငံ ကွမ်ရှီပြည်နယ်က နတ်ဆရာလို့ နာမည်ကြီးနေသူ အသက် ၇၄ နှစ် အရွယ်
ရှိ ကျောက်ဖူးချဲင်က ဆိုပါတယ်။

ကျောက်ဖူးချဲင်လို ၀ိညာဉ်လောကသားတွေနဲ့ ဆက်သွယ်နိုင်တယ်လို့ လူသိများတဲ့ ဒေသခံ
နတ်ဆရာ ထောင်ချီ ရှိနေကြပါသေးတယ်။ ဒေသခံတိုင်းရင်းသား လူမျိုးစုတွေက ရာစုနှစ်
များစွာကြာမြင့်လာတဲ့အထိ ဒီနတ်ဆရာတွေကိုပဲ ရောဂါမျိုးစုံကုသတဲ့ ဆေးဆရာတွေအဖြစ်
ယုံကြည်အားကိုးလာခဲ့ကြတာပါ။



ဆေးဝါးနဲ့ ရောဂါမပျောက်သူ တောင်ပေါ် တိုင်းရင်းသားတွေ၊ သူ့ထံလာပြီး နတ်မေးကြသူ တွေ
ပြတ်တယ်မရှိဘူးလို့ ဆိုပါတယ်။ သူက ကံမကောင်းသူတွေကိုတောင် ကံကောင်း အောင် လုပ်
ပေးနိုင်ကြောင်းပြောပါသေးတယ်။ အသက် ၁၃ နှစ်သား ကျောက်တဲချင်ကတော့ ၀ိညာဉ်လောက
သားတွေက လူတွေကို ဖျားနာအောင်လုပ်တယ်ဆိုပေမယ့် သေအောင် တော့ စားမပစ်နိုင်ကြ
ပါဘူးလို့ ဆိုပါတယ်။

အနီးဝန်းကျင်မြို့တွေမှာ အလုပ်လုပ်ပြီး ရွာကို မော်တော်ဆိုင်ကယ်နဲ့ ပြန်လာကြတဲ့ သူ့သှူုယ်ချင်း
တွေကို သူက အားကျတာကြောင့် သူလည်း ကျောင်းပြီးတာနဲ့ ရွာကထွက်ပြီး အလုပ်လုပ်ဖို့ စိတ်ကူးထားတယ်။ ကျောက်တဲချင်က ရောဂါကုသရေးနဲ့ ဗေဒင်ဟောတဲ့အလုပ်ကို မိမိ အထူး
လေ့လာသင်ယူမယ်လို့လည်း ပြောပါတယ်။

နတ်ဆရာ ကျောက်ဖူးချဲင်ထံ ကံကောင်း မကောင်း ဗေဒင်လာမေးသူတစ်ဦး။ ဓာတ်ပုံ - အေအက်ဖ်ပီနတ်ဆရာ ကျောက်ဖူးချဲင်ထံ ကံကောင်း မကောင်း ဗေဒင်လာမေးသူတစ်ဦး။ ဓာတ်ပုံ - အေအက်ဖ်ပီ

၁၉၆၆ ခုနှစ်က စတင်ပေါ်ပေါက်ခဲ့တဲ့ တရုတ် နိုင်ငံတွင်း ယဉ်ကျေးမှုတော်လှန်ရေးကာလမှာ
ရှေးရိုးစွဲ တရုတ်အယူသီးဓလေ့တွေနဲ့ နတ်ဆရာ တွေ ဆန့်ကျင်ရှုတ်ချခြင်းခံခဲ့ရတယ်။ ယဉ်ကျေး
မှုတော်လှန်ရေး လှုပ်ရှားမှုအရှိန် လျော့သွားတဲ့ ၁၉၈၀ ပြည့်လွန်နှစ်တွေရောက်မှ ချူးကာရွာက
နတ်ဆရာတွေ သူတို့ လျှို့ဝှက်သိမ်းဆည်းထား တဲ့ စာအုပ်တွေကို တဖြည်းဖြည်း ပြန်လည်
ထုတ်ယူ အသုံးပြုလာကြပြန်တယ်။

အစိုးရရဲ့ ဈေးကွက်ပြုပြင်ပြောင်းလဲရေး စနစ်ကြောင့် ပြည်သူတွေရဲ့ ဆေးကုသမှုစရိတ်
အလွန်ကြီးမြင့် လာတယ်။ ဒီအချိန်မှာ နတ်ဆရာတွေရဲကကဏ္ဍ ပြန်လည် ကောင်းမွန်
လာပြန်တယ်။

လူဦးရေ ရာဂဏန်းလောက်ရှိတဲ့ ချူးကာလို ရွာသိမ်ရွှာုယ် လေးတွေမှာတောင် နတ်ဆရာနာမည်ခံ
ဆရာ တွေ တစ်ရွာမှာ လေးငါးဦးစီလောက် ရှိလာ ကြတယ်။

"လူတွေဖျားနာရင် ကျုပ်ဆီလာကြမှာပါ။ ရှေးလူကြီးတွေက ဒီစာအုပ်ကြီးကို ကျုပ်တို့ဆီပေး
ထားခဲ့တယ်လေ။ နတ်တွေကို ဆွဲဆောင်ဖို့ဆိုရင် သွေးကို သုံးရတယ်ဗျ။ သွေးက ရင်နည်းနည်း
ဖိုစေနိုင်တယ်လေ"လို့ အသက် ၆၀ ကျော် ဆံပင်ဖွေးဖွေးနဲ့ နတ်ဆရာ ကျောက်ဖူးခိုင်က အလွန်
ဟောင်းနွမ်းထူထဲတဲ့ စာအုပ်ကြီးကို ဖွဖွလေးကိုင်ရင်း ပြောပါတယ်။ ကွမ်ရှီပြည်နယ် တောင်ပေါ်
ရွာတွေက တိုင်းရင်းသားလူမျိုးစုများအတွင်း တစ်နေရာမှာတော့ လူငယ်လေးတွေ လစ်လပ်နေ
တာကို သိသာထင်ရှားစွာ တွေ့မြင်နေရပါတယ်။

ဝေးလံတဲ့ ဒေသတွင်း ရွာထောင်ပေါင်းများစွာက လူငယ်အားလုံးနီးပါးဟာ အခြေခံအလယ်တန်း
ပညာ အောင်မြင်တာနဲ့ သူတို့ ဒေသတွင်းကစိုက်ပျိုးရေး၊ ဥစ်တော စတဲ့လုပ်ငန်းတွေထက် ၀င်ငွေ
ပိုရတဲ့ လုပ်ငန်းတွေမှာ ၀င်ရောက်လုပ်ကိုင် ဖို့ ထွက်ခွာနေကြပါပြီ။ ရှေ့ ဆယ်စုနှစ်ကာလ အတွင်း
မှာ မြို့နေလူဦးရေပမာဏကို သန်း ၃၀၀ တိုးဖြည့်ပေးဖို့ တရုတ်အစိုးရက စီစဉ်ထား ပါတယ်။

(အေအက်ဖ်ပီ)

Myanmar Times