ဈေးကွက်ထဲ နောက်ကျပြီးဝင်လာတဲ့ သရက်ကြောင့် ရန်ကုန် ကုန်သည်တွေ အရှုံးပေါ်

ပို့စ်တင်ချိန် - 5/23/2014 07:55:00 AM


ရာသီဥတုအပြောင်းအလဲကြောင့် ဈေးကွက်ထဲကို တစ်လနီးပါးနောက်ကျပြီးမှ ရောက်လာတဲ့ သရက်သီးတွေဟာ မေလထဲမှာ စုပြုံပြီးဝင်လာတာကြောင့် သရက်သီးကုန်သည်တွေနဲ့ ပွဲရုံတွေ အရှုံးပေါ်နေကြပါတယ်။ အရှုံးပေါ်ရတာက ဈေးပြိုင်မှုတွေရှိတာကြောင့်လို့ ဆိုပါတယ်။

တန်ခူးလဆိုရင် ဈေးကွက်ထဲဝင်လာနေကျဖြစ်ပေမယ့် အပူလွန်တာနဲ့ မိုးဦးအဝင်နောက်ကျတာကြောင့် စိန်တစ်လုံးန၊ မချစ်စု စတဲ့ ဈေးကွက်ဝင်သရက်တွေဟာ အချိန်လွန်မှ တစ်ပြိုင်နက်တည်းဝင်လာတာဖြစ်ပြီး သရက်သီး ခိုးသွင်းတာတွေလည်း ရှိတယ်လို့ ပွဲရုံပိုင်ရှင် ဦးဆန်းဦးကဆိုပါတယ်။

မြန်မာပြည်အောက်ပိုင်း၊ မြစ်ဝကျွန်းပေါ်ကတင်မကဘဲ အထက်မြန်မာပြည် နယ်စုံကပါ ဝင်လာတာကြောင့် လမ်းဘေးဈေးရောင်းသူတွေကို အားကိုးနေရပြီး ပစ္စည်းတွေ ပုတ်သိုးမသွားအောင် အမြန်ရောင်းချနေရတာလို့ ဆိုပါတယ်။

ဒီနှစ် သရက်သီးတွေဟာ အဝင်များလာတာကြောင့် လမ်းဘေးဈေးသည်တွေကလည်း ဈေးကိုအပြိုင်အဆိုင် လျှော့ရောင်းနေရတယ်လို့ မြောက်ဥက္ကလာက သရက်သီးရောင်းတဲ့ မစုစုကြည်က ပြောပြပါတယ်။

Kamayut Media