သုံးနှစ်အရွယ်နဲ့ လက်ထပ်ဖို့တောင်းဆိုတဲ့ လူဝင်စား ကလေးငယ်နှစ်ဦး

ပို့စ်တင်ချိန် - 5/23/2014 05:49:00 PM


ပေါက်တောမြို့နယ် ၊ ကြိမ်ခွေမော်ကျေးရွာ အံ့ဖွယ်လူဝင်စားထူးခြားဖြစ်စဉ်

ပေါက်တောမြို့တွင် လွန်ခဲ့သော (၄)နှစ်ခန့်က ပေါက်တောမြို့နယ် ၊ နတ်တောင်ပြင်ကျေးရွာမှ ချစ်သူနှစ်ဦး

(ထိုချစ်သူနှစ်ဦး၏မိဘအမည်နှင့်ကာယကံရှင်အမည်နှင့်မှတ်တမ်းဓါတ်ပုံများနောက်တင်ပြပေးပါမည်) မှာ အကြောင်းအမျိုးမျိုးကြောင်း မဆုံဖြစ်ကြ၍ ရွာအပြင်ဘက်ကောက်ရိုးပုံဘေးတွင် အဆိပ်စား
သေဆုံးပြီးနောက် ပေါက်တောမြို့နယ် ၊ နတ်တောင်ပြင်ကျေးရွာနှင့် (၂)မိုင်ခန့်ဝေးသော ကြိမ်ခွေမော်ကျေးရွာနေ ဦးမောင်ညွန့်တင် နှင့် ဒေါ်သန်းသန်းယဉ်တို့ထံတွင် ယောင်္ကျားဖြစ်သူက၀င်စားပြီး ၊ တစ်ရွာတည်းနေ ဦးဦးသန်းမောင် ဇနီး ဒေါ်ခင်ခင်သန်း တို့ထံတွင် မိန်းခလေးဖြစ်သူဝင်စားကာ ယခုအချိန် (၃)နှစ်အရွယ်ကလေးအဖြစ် ကျန်းမာစွာရှင်သန်လျက်ရှိပါသည်။ အဆိုပါချစ်သူနှစ်ဦး၏
ယခုဘ၀အမည်များမှာ မောင်ဖြူသန်းလင်း နှင့် မပုပုသန်း တို့ဖြစ်ကြသည်။

သူတို့နှစ်ဦးသည် အသက်အရွယ်နှင့် မလိုက်အောင် လူကြီးဆန်ကြပြီး တစ်ဦးနှင့်တစ်ဦးချိန်းတွေ့ခြင်းများပြုလုပ်ခဲ့ကြသည်။

ချိန်းတွေ့သည်ဆိုရာတွင် ကလေးမပျောက်သည်ဟု မိဘများလိုက်ရှာတိုင်း ယောင်္ကျားကလေးအိမ်ကိုရောက်နေတတ်ခြင်း
ယောင်္ကျားကလေးပျောက်သည်ဟု မိဘများလိုက်ရှာတိုင်း ကောင်းမလေးအိမ်ကိုရောက်နေတတ်ခြင်းများဖြစ်ပြီး နောက်ဆုံးစကားပြော
တတ်အရွယ်(ယခု ၃ နှစ်အရွယ်) သို့ရောက်သောအခါ ယခုဘ၀မိဘများကို ကိုယ်စီကိုယ်စီဘ၀ဟောင်းအကြောင်းများကို ဖွင့်ပြောကြပြီး လက်ထပ်ပေးရန်အတင်းတောင်းဆို
ကြောင်း ၊ လက်ထပ်မပေးပါက ယခင်ဘ၀ကကဲ့သို့ အဆုံးသတ်သေမည်ဖြစ်ကြောင်း အကြိမ်ကြိမ်
တောင်းဆိုသဖြင့် အထက်ဖေါ်ပြပါဖိတ်စာအစီအစဉ်များအတိုင်း နှစ်ဘက်မိဘများမှ (၃)နှစ်အရွယ် ကလေးနှစ်ဦးအား တရားဝင်လက်ထပ်ပေးမည်ဖြစ်ပါသည်။ လက်ထပ်မှတ်တမ်းဓါတ်ပုံများ ထပ်မံတင်ပြပါမည်။ စိတ်ဝင်စားသူများ ဖိတ်စာပါအစီအစဉ်အတိုင်း
လာရောက်ကြည့်ရှုလက်ဖွဲ့ပေးကြရန် တိုက်တွန်းပါသည်။

Sein Down