မိုးဦးရာသီမှာ ကလေးတွေကို ဂရုစိုက်ပါ။

ပို့စ်တင်ချိန် - 5/23/2014 05:51:00 PM


ပေါက်ပေါက်


နွေးစိုစွတ်တဲ့မိုးရာသီက ကလေးငယ်များကို အသားဝါ၊ တိုက်ဖွိုက်၊ ကာလဝမ်းရောဂါ စသည့်ကြီးကြီး မား မားရောဂါများအပြင် နှာစေး၊ ချောင်းဆိုး၊ တုပ်ကွေး၊ ဝမ်းလျှော၊ ဝမ်းပျက်၊ ဝဲယားနာတို့လို ရာသီဖျားကူးစက် ရောဂါတွေဖြစ်တတ်ပါတယ်။ ဒါတင်မကသေးပါဘူး။ အ စာမကျေ၊ ရင်ပြည့်ရင်ကယ်တွေပါဖြစ်စေတတ်တာကြောင့် မိဘများအနေဖြင့် ကျန်းမာရေးအသိဖြင့် ကြိုတင်ကာကွယ် ထားဖို့ အထူးအရေးကြီးပါတယ်။

(၁) အကယ်၍ သင့်ကလေးဟာ အရေပြားပါးလွှာပြီး ယား နာဖုတွေမကြာခဏ ထွက်လေ့ရှိတယ်ဆိုရင် ယခုလို မိုး ရာသီမှာ ပိုသတိထားရပါမယ်။
ကူးစက်ပိုးတွေကိုနိုင်တဲ့ ကာဘော်လစ်၊ ဒက်တောလ်စတဲ့ကိုယ်တိုက်ဆပ်ပြာသုံး ၍ ရေချိုးသန့်စင်ပေးပါ။ လည်ပင်း၊ ကုပ်၊ ချိုင်းကြား၊ ပေါင် ခြံ၊ လိင်အင်္ဂါများ စတဲ့အရေပြားအတွန့်အခေါက်များသော နေရာများကို အထူးဂရုစိုက်၍သန့်ရှင်းမှုပြုပေးပါ။ ရေချိုး ပြီးတဲ့အခါမှာလည်း သနပ်ခါး(သို့မဟုတ်)သူလိမ်းနေကျ ကိုယ်လိမ်းပေါင်ဒါလိမ်းပေးပါ။

(၂) သွေးလွန်တုပ်ကွေးအစ ခြင်ကျားသတ္တဝါက ဖြစ်ပါ တယ်။ ဒါကြောင့် ခြင်တွေခိုအောင်း၍မပေါက်ပွားနိုင်အောင် ဖုံး၊ သွန်၊ လဲ၊ စစ် စသည့်ကျန်းမာရေးအသိဖြင့် သောက် ရေချိုးရေ တိုင်ကီဇလားများကို စနစ်တကျဖုံးအုပ်ပါ။ အ နည်းဆုံးတစ်ပတ်တစ်ကြိမ်ခန့်သန့်ရှင်းရေးလုပ်၍ ရေအ သစ်လဲလှယ်ပါ။ ရေဆိုးမြောင်းများ ရှင်းလင်းပါ။ ခြံတွင်း ခြံပြင် အမှိုက်သရိုက်များ မီးရှို့ပါ။ ခြင်တွေမခိုအောင်းနိုင် အောင် အိမ်တွင်းအိမ်ပြင် သန့်ရှင်းရေးကိုလည်း ယခင် ထက် နှစ်ဆတိုး၍လုပ်ပါ။

(၃) စွတ်စိုထိုင်းမှိုင်းတဲ့မုတ်သုံရာသီက ခန္ဓာကိုယ်တွင်း ချွေး ငုပ်စေကာ ချွေးပုပ်တွေထွက်လေ့မရှိတာကြောင့် ကိုယ် တွင်းအပူတွေအောင်းလာတတ်ပါတယ်။ ဒါကြောင့် မိုး အေးအေးမှာ ခြေဖျားလက်ဖျားတွေနွေးထွေးအောင်ထား ပေးပြီး လိုအပ်ပါက ရေနွေးပုလင်း (အပူဒဏ်ခံနိုင်ရုံလောက် သာ) ကပ်ပေးပါ။

(၄) မိခင်ရောကလေးပါ လက်များကို စင်ကြယ်စွာဆေး ကြောတဲ့အလေ့အထလုပ်ခြင်းက ခံတွင်းမှတစ်ဆင့် အစာ လမ်းကြောင်းကို ကူးစက်ရောဂါမဖြစ်စေတော့ပါဘူး။ အ စာမစားခင်အချိန်၊ အစာစားပြီးအချိန်၊ ကျင်ကြီးကျင်ငယ် စွန့်ပြီးတိုင်း လက်ဆေးပါ။ သင့်ရင်သွေးကို လက်သည်း မှန်မှန် ညှပ်ပေးပါ။

(၅) ယင် နားနေ သော လမ်း ဘေး အစားအစာ များ၊ လက် လုပ် ချဉ်များ၊ အ သုပ်စုံ များ စသည်တို့က ကျန်းမာ ရေး နှင့် (လုံးဝ) မညီ ညွတ် ပါဘူး။ဥပမာ ယင် ကောင်သတ္တ ဝါ တွေ နှစ်သက်တဲ့ သ ရက်သီးအခွံလိုမျိုး စွန့်ပစ်အစားအစာတွေကို ပလတ်စတစ် အိတ်နှင့်လုံအောင်ထုပ်၍ အမှိုက်ပုံးထဲ စနစ်တကျစွန့်ပါ။

(၆) ဝဲယားနာဗိုင်းရပ်စ်ပိုးတွေအန္တရာယ်မှ ကင်းဝေးစေဖို့ အတွက် သင့်ကလေးကို ရွှံ့ရေ၊ မြောင်းရေနှင့် မိုးရွာပြီး နောက်တင်ကျန်ရစ်ခဲ့သော ရေအိုင်တွေမှာ ဆော့ကစား ခွင့်မပေးသင့်ပါဘူး။

(၇) သင့်ကလေး၏ ခြေထောက်တစ်စုံကို ခြောက်သွေ့ အောင်ထားခြင်းက အအေးမိ၊ အစာမကြေ၊ ပျို့အန်ဝေ ဒနာများမှ ကာကွယ်ရာရောက်ပါတယ်။ ဒါ့ပြင် ကလေးရဲ့ နေ့စဉ်စီးနေကျဖိနပ်ကိုလည်း သန့်ရှင်းစင်ကြယ်ခြောက် သွေ့စေခြင်းဖြင့် ခြေထောက်မှာ သဲဝဲ၊ ရေဝဲစားခြင်းတွေ မဖြစ်စေတော့ပါဘူး။

(၈) နုနယ်တဲ့ကလေးများအတွက် မိုးရာသီကအစာမကြေ ဖြစ်တတ်တာကြောင့် အနီရောင်အသားများကျွေးခြင်းထက် ချေဖျက်လွယ်သော ကြက်နှင့်ငါးအမျိုးမျိုးတို့ကျွေးပါ။ ချင်း၊ ကြက်သွန်ဖြူတွေပါတဲ့ ကြက်စွပ်ပြုတ်ပူပူနွေးနွေးလေး က အာဟာရဖြစ်စေသလို မုတ်သုံရာသီအအေးမိဖျား နာခြင်းဘေးမှလည်း ကာကွယ်ပေးပါတယ်။ ဗီတာမင်စီ ဓာတ်ြ<ွကယ်ဝတဲ့ ဟင်းသီးဟင်းရွက်သစ်သီး ဝလံတို့ကျွေးပါ။ လိုအပ်ရင် ဗီတာ မင်စီဆေး ပြားလေးကို ဖြည့် စွက်စာ အဖြစ် တိုက်ကျွေး ပေးပါ။

------------------------------------------------------------------------------------

Yangon Times Journal

ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ (၁၀) အမှတ် (၁၉)