တပ်မတော်မှအာဏာသိမ်းကို ဆန့်ကျင်သည့်လှုံ့ဆော်မှုများရေးသားပါက မည်သည့်လူမှုကွန်ရက်ကိုမဆိုပိတ်မည်ဟု ထိုင်းအာဏာသိမ်းအဖွဲ့ကသတိပေး

ပို့စ်တင်ချိန် - 5/23/2014 05:47:00 PM



ဘန်ကောက်၊ မေ ၂၃

လူမှုကွန်ရက်များတွင် တပ်မတော်မှအာဏာသိမ်းမှုနှင့် တပ်မတော်ခေါင်းဆောင်များကို ကိုဝေဖန်ပြောဆိုခြင်း(သို့) ဆန့်ကျင်ခြင်း အစရှိသည့် ဖော်ပြမှုမျိုးရှိပါက မည်သည့်လူမှုကွန်ရက်ကိုမဆို ပိတ်မည်ဖြစ်ကြောင်း အာဏာသိမ်းအဖွဲ့ကယနေ့သတိပေးသည်။

"လူမှုကွန်ရက်ကို အသုံးပြုသူတွေအနေနဲ့ အာဏာသိမ်းကောင်စီကိုဝေဖန်တာမျိုး ဆန့်ကျင်တာမျိုး လက်ရှိ ဥပဒေကိုချိုးဖောက်တာမျိုးတွေဖြစ်အောင်လှုံ့ဆော်တဲ့စာသားမျိုးတွေ မရေးကြပဲ ပူးပေါင်းဆောင်ရွက်ပေးကြစေချင်ပါတယ်။ တစ်ကယ်လို့ မလိုက်နာပဲဆန့်ကျင်တာတွေကို တွေ့ရင် လူမှုကွန်ရက် ၀န်ဆောင်မှုကို ချက်ခြင်းပိတ်ပစ်ပြီး၊ သက်ဆိုင်သူကိုလဲ ချက်ခြင်းဆင့်ခေါ်တရားစွဲမှာပါ"ဟုလည်း အာဏာသိမ်းကောင်စီမှဆိုသည်။

ထိုင်းနိုင်ငံတွင် Twitter နှင့် facebook လူမှုကွန်ရက်တို့ကို အထူးပင်လူကြိုက်များကာ သုံးစွဲသူလည်း အလွန်များပြားပါသည်။

PP
ref: AFP

Popular Myanmar News Journal