ဖယ်ရှားခံလိုက်ရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လတ် ရှင်နာဝပ်ထရာ ဟာ စစ်တပ်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖို့ ရောက်ရှိလာပြီ ဖြစ်ပါတယ်။

ပို့စ်တင်ချိန် - 5/23/2014 05:51:00 PM



မနေ့ကပဲ ထိုင်းစစ်တပ်က နိုင်ငံအာဏာကို သိမ်းလိုက်ပြီ ဖြစ်ပြီး နိုင်ငံရေးသမားပေါင်း ၁၀၀ ကျော်ကို တွေ့ဆုံဖို့ ခေါ်ယူထားရာမှာ မစ္စစ် ယင်လတ် လည်း ပါဝင်ပါတယ်။

နိုင်ငံရေးသမားများ အပါအဝင် ၁၅၅ ဦးကို နိုင်ငံတွင်းက ထွက်ခွာမသွားဖို့ စစ်တပ်က တားမြစ်ထားပါတယ်။
စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး Prayuth Chan-Ocha က သူ့ကိုယ်သူ ဝန်ကြီးချုပ်အသစ်အဖြစ် ကြေညာပြီး တိုင်းပြည် ပုံမှန်အတိုင်းပြန်ဖြစ်လာအောင် တပ်က အာဏာသိမ်းထားရကြောင်း ပြောပါတယ်။ ထိုင်းနိုင်ငံသားအားလုံး တည်တည်ငြိမ်ငြိမ် ရှိကြဖို့ နဲ့ အစိုးရအရာရှိတွေအနေနဲ့ ပုံမှန်အတိုင်း အလုပ်လုပ်ကြဖို့ တယ်လီဗေးရှင်း မိန့်ခွန်းမှာ ပြောသွားပါတယ်။

ဒီလို အာဏာသိမ်းတာ မှန်တယ်လို့ ပြောဖို့အတွက် ထိုင်းစစ်တပ်မှာ လုံလောက်တဲ့ ဘယ်လို အခြေခံအကြောင်းမှ ရှိမနေဘူး လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး John Kerry က ပြောပြီး အမေရိကန်က ပေးးထားတဲ့ စစ်ရေးအပါအဝင် အခြားသော အကူအညီ အထောက်အပံ့တွေကို ပြန်လည်သုံးသပ်နေကြောင်းနဲ့ ပထမဆင့်အနေနဲ့ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှု အကူအညီပေးမှု အားလုံးကို ဆိုင်းငံ့ထားလိုက်ပါတယ်။

ထိုင်းနိုင်ငံမှာတော့ BBC လို၊ CNN လို နိုင်ငံတကာသတင်း channel တွေ အပြင် Channel အများစု ကို မလွှင့်တော့ဘဲ စစ်တပ်က ပိတ်ပင်ထားတဲ့ အကြောင်း ဘန်ကောက်ရောက် ဘီဘီစီ သတင်းထောက် Jonathan Head က သတင်းပေးပို့ထားပါတယ်။

BBC Burmese