Pregnancy and Preeclampsia (PET) ကိုယ်ဝန် သွေးဆိပ်တက်ခြင်း

ပို့စ်တင်ချိန် - 5/23/2014 09:15:00 PM


အသက် ၂၉နှစ် သားဦးကိုယ်ဝန်၊ ၃၄ပတ်ထဲမှာပါဆရာ။ အားဆေးကို အိုဘီမင် သောက်ပါတယ်ရှင်။ အခုလပိုင်းထဲမှာ ပြနေတဲ့ ဆေးခန်းက ဆရာမက ထပ်သောက်ခိုင်းလို့ Vifron နဲ့ Folic Acid ပါ သောက်နေပါတယ်။ ဆီးအနည်ပါတယ်လို့လည်း ပြောပါတယ်။ ဒါပေမဲ့ ဆီးအနည်ပါတာ ဘာဖြစ်တတ်တယ်၊ ကောင်း မကောင်း၊ ဘာတွေ ဆောင်ရရှောင်ရမယ်၊ ဘာမှမပြောပြလို့ သိချင်ပါတယ်ဆရာ။ မေးလည်းမမေးရဲလို့ပါ။ အရင်အပတ်တွေကတော့ နေရထိုင်ရ သိပ်ပြဿနာမရှိပေမဲ့ ခု၂ ပတ်လောက်ထဲမှာ မိုးလင်းအိပ်ယာထတာနဲ့ လက်ဖဝါး လက်ဆစ် ခြေဆစ်တွေ ကိုင်လို့မကောင်း၊ လျှောက်လို့ မကောင်း ကွေးလို့ဆန့်လို့ မကောင်းဘူးဆရာ။ လက်သီးဆုပ်ကြည့်လို့လည်း ကောင်းကောင်းမရတော့ဘဲ တင်းပြီး နာနေပါတယ်။ အိပ်ယာပေါ်လှဲလိုက်ရင်လည်း မျက်နှာကြီးက တင်းတင်းကြီးလိုဖြစ်သွားပြီး တစ်ခါတလေ ခေါင်းက လေးလေးကြီးဖြစ်သွားတာရော ဓမ္မတာပဲလားဆရာ။ အထိုင်အထမှာလည်း မူးနေတတ်ပါတယ်။

ကိုယ်ဝန်ဆောင်နေတုံးမှာ (၁) ကိုယ်ရောင်မယ်၊ (၂) ဆီးထဲမှာ အနယ်တွေပါမယ်၊ (၃) BP သွေးဖိအားတက်မယ် ဆိုရင် ကိုယ်ဝန် သွေးဆိပ်တက်တာလို့ ခေါ်တယ်။ များသောအားဖြင့် ကိုယ်ဝန် ၂ဝ ပါတ်နောက်ပိုင်းမှာ ဖြစ်တတ်တယ်။ မတက်သေးတဲ့အဆင့်ကို Pre-eclamptic Toxemia (PET) လို့ခေါ်ပြီး၊ တက်ရင်တော့ Eclampsia လို့ ခေါ်တယ်။

သွေးတိုးတာ တခုထဲနဲ့ သွေးဆိပ်တက်တာလို့ မခေါ်ပါ။ အမေရိကားမှာ ကိုယ်ဝန်တွေရဲ့ ၆-၈% သွေးတိုးတယ်။ အဲဒီထဲမှာ သားဦးတွေက ၇ဝ% ရှိတယ်။ ၁၉၉၈ စာရင်းအရ သူတို့ဆီမှာ ကိုယ်ဝန် သွေးဆိပ်တက် လူနာ ၁၄၆၃၂ဝ ယောက် ရှိခဲ့တယ်။ ကိုယ်ဝန်မှန်သမျှထဲမှာ ၆-၈% က သွေးဆိပ်မတက်ခင်အဆင့် နဲ့ ဝ့ဝ၅-ဝ့၂% ဟာ သွေးဆိပ်တက်တဲ့ အဆင့် ဖြစ်တယ်။

ကျွန်တော်တို့ လူမျိုးတွေမှာလဲ အဖြစ်တော့ မများပါ။ ယမုန်နာဆေးခန်းမှာ အခုစာရေးတဲ့အထိ ကလေးမွေးဖွါးသူ ၂၂၆ ယောက် ရှိသွားတဲ့အထဲမှာ ပြီးခဲ့တဲ့ အပါတ်က ကိုယ်ဝန်လာအပ်တဲ့ မိန်းကလေးတယောက်မှာသာ သိသိသာသာ ကိုယ်ဝန်သွေးဆိပ်တက် ဖြစ်နေတယ်။ သူ့ခမြာ ခြေသလုံး နှစ်ဖက်လုံး ပြောင်နေအောင် ရောင်တယ်။ သွေးဖိအား အောက်ဂဏန်း ၁၁ဝ-၁ဝဝ အထိ တက်နေရှာတယ်။ ဆီးစစ်တော့ (အယ်လ်ဗြူမင် ++++) အများကြီး။

ဘာလို့ အဲလိုလာဖြစ်သလဲ အတိအကျတော့ မပြောနိုင်သေးဘူး။ ဖြစ်နိုင်တာတွေကတော့ -
• Autoimmune disorders (အော်တိုအင်မြူးန်) ရောဂါပြီးစနစ် မူမမှန် တုံ့ပြန်မှု၊
• Blood vessel problems သွေးကြောပြဿနာ၊
• Diet အစားအသောက် နဲ့
• Genes မျိုးဗီဇ တွေ ဖြစ်နိုင်တယ်။

အဖြစ်များသူတွေကတော့ -
• First pregnancy သားဦးကိုယ်ဝန်၊
• Multiple pregnancy အမွှာကိုယ်ဝန်၊
• Obesity လူအဝလွန်ရင်၊
• Older than age 35 အသက် ၃၅ နှစ်ကျော်ရင်၊
• Past history of diabetes, high blood pressure, or kidney disease အရင်က သွေးတိုး၊ ဆီးချို နဲ့ ကျောက်ကပ်ရောဂါရှိဘူသူတွေမှာ ပိုဖြစ်တတ်တယ်။

Symptoms ရောဂါလက္ခဏာတွေ -
• တချို့မှာ ဘာမှ သိပ်မခံစားရဘူး၊
• ခြေ-လက်-မျက်နှာ ထူးခြားပြီး ရောင်မယ်၊
• ကိုယ်အလေးချိန် တိုးသင့်တာထက် တိုးမယ်၊
• Oedema ကိုယ်ရောင်မယ်၊
• Urine albumin ဆီးထဲမှာ အနယ်တွေပါမယ်၊
• BP သွေးဖိအားတက်မယ်။ အထက်သွေးချိန်ဟာ 140mmHg ထက်ပိုမယ်၊ ဒါမှမဟုတ် ကိုယ်ဝန်မဆောင်ခင် (ဒီရောဂါ မဖြစ်ခင်က) ထက် 30mm ပိုမယ်၊ အောက်ဂဏန်း 90 mmHg ထက်ကျော်မယ်၊ ဒါမှမဟုတ် ကိုယ်ဝန် မဆောင်ခင် (ဒီရောဂါ မဖြစ်ခင်က) ထက် 15mm above ပိုမယ်။ BP သွေးဖိအားတိုင်းတာကို တခါနဲ့နောက်တခါ ၆ နာရီခြား တိုင်းသင့်တယ်။
• ခေါင်းကိုက်မယ်၊ ထိုးကိုက်တာမျိုး ဖြစ်တယ်၊
• ဗိုက်နာမယ်၊ ညာဘက် နံရိုးအောက်က ပိုနာတတ်တယ်၊ ညာပခုံးမှာလဲ နာတတ်တယ်၊ လေနာတာနဲ့ မှားတတ်တယ်၊
• ဆီးသွားတာ နည်းလာမယ်၊
• ပျို့-အန်မယ်၊
• မျက်စိကြည့်မကောင်း ဖြစ်လာမယ်၊

ဆေးစစ်ရင် -
၁။ High blood pressure သွေးဖိအား 140/90 mm/Hg ထက်များမယ်၊
၂။ Protein in the urine ဆီးထဲမှာ အနယ် (ပရိုတင်း) ပါနေမယ်၊
၃။ Swelling in the hands and face မျက်နှာ၊ ခြေထောက်၊ လက်တွေ ရောင်နေမယ်။
၎။ Weight gain အလေးချိန်တိုးတာ များမယ်၊
၅။ Platelet count less than 100,000 သွေးမှုံအရေအတွက် နည်းမယ်၊

အရေးကြီးတဲ့ ဆေးစစ်ချက်တွေ -
• Liver function tests အသဲ ကောင်း-မကောင်း စစ်ဆေးရာမှာ (အင်ဇိုင်းမ်) တွေ များနေတာ၊
• Severe headaches ခေါင်း မတရားကိုက်တာ၊
• Eclampsia တက်တာ၊
• Pulmonary edema အဆုတ်ရောင်တာ၊
• Low platelet count သွေးမှုန် အရေအတွက်နည်းတာ၊
• Decline in kidney function ကျောက်ကပ်အလုပ်တွေနဲ့ ဆိုင်တာတွေဖြစ်တဲ့ ဆီးသွားတာ နည်းလွန်းလာခြင်း၊ ဆီးထဲ (အယ်လ်ဗြူမင်) သိပ်များနေတာ၊ သွေးထဲမှာ creatinine များနေတာ၊
• HELLP syndrome (H = Hemolysis သွေးဥပျက်စီးခြင်း၊ + EL = Elevated liver enzymes (အင်ဇိုင်းမ်) တွေ များနေခြင်း၊ + LP = Low platelet count သွေးမှုံတွေ နည်းခြင်း၊) လို့ ခေါ်တယ်။

Treatment ဘယ်လိုကုသသလဲ -
• ANC ကိုယ်ဝန်ဆောင် စောင့်ရှောက်ခြင်းကို ဆရာဝန်နဲ့ ပုံမှန်ပြသနေပါ။
• Mild PET မဆိုးတဲ့ သွေးဆိပ်တက်သူတွေကို အိပ်ရာမှာ နားစေရမယ်။ ည ၈ နာရီ၊ နေ့ ၂ နာရီ နားနေပါ။ ဘယ်ဘက် စောင်းအိပ်ပါ။
• ရေပိုသောက်ပြီး ဆားလျှော့စားပါ။ ဆိုဒီယမ်ပါတာတွေ (ငါးပိ၊ ငန်ပြာရည်။ ငါးခြောက်၊ ဟင်းချိုမှုံ့) မစားပါနဲ့
• Severe PET ဆိုးဝါးတဲ့ သွေးဆိပ်တက်သူတွေကို အိပ်ရာမှာ ဆေးရုံတက်နေသလို နားပါ။ အညစ်အကြေးစွန့်ချိန်သာ ထပါ။ လိုအပ်ရင် ထမသွားစေဘဲ ဆီးခြူပေးရမယ်။ လိုအပ်ရင် ဆေးရုံတင်ရမယ်။
• ကလေးမွေးပြီးမှသာ ကောင်းသွားတယ်။
• စောစောမွေးပေဘို့ လိုရင် ကလေးလဲ ဖွံ့ထွားမှု ကောင်းနေပြီဆိုရင် ဥပမာ ၃၇ ပါတ်ကျော်ရင် တနည်းနည်းနဲ့ မွေးအောင် လုပ်ပေးနိုင်တယ်။
• ရောဂါအခြေအနေ မဆိုးရင် နေ့စေ့လစေ့အထိ စောင့်နိုင်တယ်။
• သွေးဖိအားကျဆေး လိုနိုင်တယ်။ သွေးကျဆေးတွေက အထဲကကလေးကို သက်ရောက်စေနိုင်တယ်။ Methyldopa, Hydralazine နဲ့ Labetolol or Nifedipine တွေကို အများဆုံး သုံးတယ်။
• Antioxidants အဆိပ်ဖြေဆေးသဘောရှိတဲ့ Vitamin C and E ဗီတာမင် စီ နဲ့ အီး တွေကို ပေးနိုင်တယ်။ Vitamin D ဗီတာမင် ဒီ နည်းနေရင်လဲ ဒီရောဂါ ပိုဖြစ်တာ တွေ့ရတယ်။
• ကိုယ်ဝန် ၂၄ ပါတ်ကျော်ရင် ကလေး အဆုပ်ကောင်းဘို့အတွက် Steroid injections ထိုးဆေး ထိုးပေးနိုင်တယ်။
• Eclampsia သွေးဆိပ်တက်တာအတွက် Magnesium sulfate ဆားခါး IV ထိုးဆေးကို သုံးတယ်။
• Eclampsia တက်တဲ့အဆင့်ဖြစ်လာရတာက သွေးဖိအားများတာနဲ့ ဦးနှောက်ရောင်တာတွေကနေ ဖြစ်ရတယ်။
• Epilepsy ဝက်ရူးပြန်လို့ ခေါ်တဲ့ အတက်ရောဂါဖြစ်တာကို ပြုစုသလို လုပ်ရမယ်။ ပြုစုမဲ့သူက တည်ငြိမ်ပါ၊ လူနာကို တဖက်ဖက် စောင်းအိပ်နေစေပါ၊ အန္တရာယ်ရှိနိုင်တာ၊ အသက်ရှူလမ်းကို ဆို့နိုင်တာတွေ ဖယ်ရှားပါ။ ခေါင်းအောက်မှာ ခပ်ပြော့ပြော့အရာ ခုခံထားပေးပါ။ တက်နေတာကို ပြေစေအောင် လက်-ခြေ စတာတွေကို ဆွဲဆန့်တာ၊ ဆွဲဖြောင့်တာ၊ ချိုးဖဲ့တာတွေ မလုပ်ပါနဲ့။ ပါးစပ်ထဲကို ဘာမှ မထည့်ပါနဲ့။ တက်ပြီးရင် လူနာကို အားပေးနှစ်သိမ့်ပါ။
• Eclampsia တက်တဲ့အဆင့်ရောက်ရင် Hydralazine (5–10 mg IV every 15-20 min ပေးနိုင်တယ်။ ဒါမှမဟုတ်ရင် Labetalol (20 mg bolus IV followed by 40 mg if necessary in 10 minutes; then 80 mg every 10 up to maximum of 220 mg) ပေးနိုင်တယ်။
• BZD (Benzodiazepines) ဆေးကို သုံးနိုင်တယ်။ Psychoactive drug စိတ်ရောဂါအတွက် သုံးတဲ့ဆေး ဖြစ်တယ်။ Tranquilizers ငြိမ်ဆေး ဖြစ်တယ်။ Anxiety စိုးရိမ်စိတ်ကဲတာ နဲ့ Insomnia မအိပ်နိုင်တာတွေအတွက် ပေးတယ်။ ကင်ဆာ-လူနာတွေမှာ ဆေးတွေကြောင့် ပျို့-အန်တာ သက်သာစေဘို့လဲ ဒီဆေး ပေးတယ်။

Complications နောက်ဆက်တွဲဖြစ်နိုင်တာတွေ
• မအေရော ကလေးပါ သေဆုံးရတယ်ဆိုတာ ရှားပါတယ်။
• Seizures မိခင်မှာ ၈-၃၆% တက်နိုင်တယ်။
• Premature ကလေးက နေ့မစေ့ဘဲမွေးတတ်တယ်။ တမင်တကာလဲ မွေးပေးရတတ်တယ်။ ၁၃-၃ဝ% စောမွေးနိုင်တယ်။
• Bleeding problems သွေးဆင်းတဲ့ပြဿနာ၊
• Placental Abruption အချင်းက အထဲမှာတင် ကွာနေတာဖြစ်နိုင်တယ်။ ဆိုးဝါးတဲ့ နောက်ဆက်တွဲ ရောဂါ ဖြစ်တယ်။
• Rupture of the liver အသဲကွဲထွက်တာ၊
• Stroke နှလုံး (စထုပ်ခ်) ရတာ၊
• ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတိုးတာကို Gestational hypertension ခေါ်တယ်။ တခြား သွေးဆိပ်တက် လက္ခဏာတွေ မရှိဘူး။ ဒါပေမဲ့ သွေးတိုးတာ တခုထဲနဲ့ ကျောက်ကပ် နဲ့ တခြားအင်္ဂါတွေကို ထိခိုက်စေနိုင်တယ်။
• ကလေးကိုယ်အလေးချိန်မပြည့်တာ၊ စောမွေးတာတွေလဲ ဖြစ်စေနိုင်တယ်။ အသေမွေးတာလဲရှိတယ်။
• Preeclampsia ဖြစ်ရင် ကျောက်ကပ်၊ အချင်း၊ အသဲ နဲ့ ဦးနှောက်တွေကို သက်ရောက်စေတယ်။

Prevention ကာကွယ်ရေး
• Proper prenatal care ကိုယ်ဝန်အပ်ပါ။ အချိန်မှန်ပါစေ။ အသေအခြာ လိုက်နာပါ။
• အစာအဟာရ မျှတ၊ မှန်ကန်၊ လုံလောက်ပါစေ။
• ပြုပြင်ပြီးသား အသင့်ဝယ်စားလို့ရတဲ့ အစား-အသောက်တွေ ရှောင်ပါ။ (ကေဖင်း)၊ အရက် မတည့်ပါ။
• လိုတဲ့အားဆေးတွေ သောက်ပါ။
• ဆရာဝန် မညွှန်တဲ့ တခြားဆေးတွေ မသောက်ပါနဲ့။ (ဟာဗယ်)၊ တိုင်းရင်းဆေးတွေလဲ သတိထားရမှာထဲ ပါဝင်တယ်။

Prognosis အလားအလာ
• ကလေးဖွါးပြီးနောက် ၆ ပါတ်အတွင်းမှာ သွေးဖိအား များနေတာ၊ ဆီးအနယ်ပါနေတာ၊ ကိုယ်ရောင်တာတွေ လုံးဝ ကောင်းသွားမယ်။ တချို့မှာ ပိုကြာနိုင်တယ်။
• တခါဖြစ်ဘူးတဲ့ မိခင်တယောက်ဟာ နောက်ကိုယ်ဝန်တွေမှာလဲ ဖြစ်နိုင်သေးတယ်။ နောက်ဖြစ်တာက အရင်လောက် မဆိုးဘူး။
• အသက်ကြီးလာရင် သွေးတိုး ရှိလာတတ်တယ်။

Dr. တင့်ဆွေ