မြန်မာ-ထိုင်း နယ်စပ်ဂိတ်တစ်ခုဖြစ်သည့် မြ၀တီ တရားဝင်နယ်စပ်ဂိတ် နံနက် ၇ နာရီခွဲတွင် ပြန်လည်ဖွင့်လှစ်

ပို့စ်တင်ချိန် - 5/23/2014 05:50:00 PM


မို့မို့ကြည်

ရန်ကုန်၊ မဇ္ဈိမ။ ။ ထိုင်းစစ်တပ်အာဏာသိမ်းပိုက်ပြီးနောက် ထိုင်းနိုင်ငံ၏ လုံခြုံရေး အခြေအနေများအရ မြန်မာ-ထိုင်းနယ်စပ်ဂိတ် အားလုံးကို မေလ ၂၂ရက် နံနက် ညနေခြေက်နာရီတွင်
ပိတ်ဆို့လိုက်ပြီးနောက် ၂၃ ရက်နံနက် သုံးနာရီ၌ မြ၀တီနယ်စပ်ဂိတ်ကို ကုန်သွယ်မှုပိတ်ဆို့လိုက်ပြီး ၂၃ရက်နံနက်၇နာရီခွဲတွင် ပြန်လည် ဖွင့်ပေးလိုက်ပြီဟု မြ၀တီနယ်စပ်ဂိတ်မှ တာဝန်ရှိသူတစ်ဦးက
မေလ ၂၃ ရက်တွင် မဇ္ဈိမကိုပြောသည်။

"မြ၀တီ နယ်စပ်ဂိတ်ကို မနက်သုံးနာရီမှာပိတ်လိုက်တယ်၊ မနက် ၇နာရီခွဲမှာ လုပ်ငန်းတွေပြန်လည်ပတ်နေပါပြီ၊ ခဏပဲပိတ်လိုက်တာဆိုတော့ ကုန်သွယ်မှုနဲ့ပတ်သက်ပြီး ဘာထိခိုက်မှုမှမရှိပါဘူး ” ဟု
အဆိုပါတာဝန်ရှိသူ ကပြောသည်။

အဆိုပါ မြန်မာ -ထိုင်းနယ်စပ်ဂိတ်များကို ထိုင်းနိုင်ငံ၏ လုံခြုံရေးအခြေအနေများအရ ထိုင်းနိုင်ငံဘက်မှ ပိတ်ဆို့ လိုက်ခြင်းဖြစ်သည်။

မြ၀တီနယ်စပ်ဂိတ်တွင် ပို့ကုန်၊ သွင်းကုန်ပစ္စည်းများကို တစ်ရက်လျှင်ပျမ်းမျှ အမေရိကန်ဒေါ်လာ တစ်သန်းခန့် ကုန်သွယ်မှုပြုလျှက်ရှိပြီး ကုန်သွယ်မှုပြုသည့် ကုန်ပစ္စည်းများမှာ သွင်းကုန်အဖြစ် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများကို ပို့ကုန်အဖြစ် လယ်ယာထွက်ကုန်ပစ္စည်းများနှင့် ရေထွက်ကုန်ပစ္စများကို ကုန်သွယ်မှုပြုလုပ်လျှက်ရှိကြောင်း မြ၀တီနယ်စပ်ဂိတ်မှ သိရသည်။

Mizzima Burmese