ပါကစ္စတန်လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်သွေးကြွ ၈ဝ ကျော် သေဆုံး

ပို့စ်တင်ချိန် - 5/23/2014 09:16:00 PM


ပါကစ္စတန်စစ်ဘက်က နိုင်ငံမြောက်ပိုင်း မြောက်ဝါဇီရစ္စတန်ဒေသမှာလေကြောင်းထိုးစစ်ဆင်မှုတစ်ရပ် ပြုလုပ်ခဲ့ တာကြောင့် စစ်သွေးကြွ ၈ဝ ကျော်
သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ပါကစ္စတန်ရဟတ်ယာဉ်နဲ့ဂျက်လေယာဉ်များဟာ အာဖဂန်နစ္စတန်နိုင်ငံနယ်စပ်
အနီးမှာရှိတဲ့Miranshah Mir Ali နှင့် Boya မြို့ အပါအဝင် နေရာအများအပြားကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့အပြင် စစ်သွေးကြွလို့ယူဆရသူများ
ခိုအောင်းနေတဲ့ နေရာတွေကိုလည်း လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင်  ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့နေရာများရှိ ဝင်လမ်း၊ထွက်လမ်းများကို ပိတ်ဆို့ခြင်း၊ အဆိုပါနေရာများတွင် ကာဖျူးအမိန့်ထုတ်ပြန်ခဲ့ခြင်းတို့လည်း
ပြုလုပ်ခဲ့ပါတယ်။   စစ်သွေးကြွတွေဘက်ကမည်သူမည်ဝါ သေဆုံးဒဏ်ရာရတယ်ဆိုတာကို ခွဲခြားဖော်ထုတ်နိုင်ခြင်းမရှိပေမယ့်လည်း အဲဒီစစ်သွေးကြွ
တွေဟာအစိုးရတပ်ဖွဲ့ယာဉ်တန်းကိုတိုက်ခိုက်မှုမှာ ပါဝင်ခဲ့သူများဖြစ်ကြောင်းဒေသန္တရ သတင်း ဌာနတစ်ခုက ဖော်ပြခဲ့ပါတယ်။

Source; Daily Mail
ဘာသာပြန် David
The Myanma Age