ဖခင်ဖြစ်သူအား ဓါးဖြင့်ထိုးသွားသူများကို ဖော်ထုတ်အရေးယူပေးရန် တိုင်တန်း

ပို့စ်တင်ချိန် - 5/23/2014 05:48:00 PM



ရန်ကုန်၊ မေ ၂၃

၂၂.၅.၂၀၁၄ရက်နေ့ ၁၉၃၅အချိန်ခန့်တွင် စမ်းချောင်းမြို့နယ်နေ မအေးမြတ်မွန်မှ၎င်းသည် နေအိမ်၌ရှိနေစဉ် သံတံတားရပ်ကွက်ရှိ စမ်း(၂၀)ရေစက်ဝင်းအတွင်း၌ ရေစက်မောင်းသည့် အလုပ်လုပ်
ကိုင်သော ဖခင်ဖြစ်သူ ဦးမြင့်သန်းလေးမှာ ဒဏ်ရာများဖြင့်လဲကျ
နေကြောင်းကြားသိရ၍ သွား ရောက်ကြည့်ရှုခဲ့ရာ ၀ဲလက်မောင်း
ပြတ်ရှဒဏ်ရာ(၃)ချက်၊ ၀ဲဘက်ချိုင်းအောက် ပြတ်ရှဒဏ်ရာ(၁)ချက်၊ ၀ဲပါးဖူးရောင်ဒဏ်ရာများရရှိထားသည်ကိုတွေ့ရှိရကြောင်း၊
ဖခင်ဖြစ်သူအား ဓါးသွေး(ခ)သန်းဇော် (စုံစမ်းဆဲ)နှင့် အမည်မသိ
အမျိုးသား(၂)ဦးတို့မှ ဓါးဖြင့်ထိုးခဲ့ခြင်းဖြစ်သည်ကိုသိရှိရကြောင်း၊
ဖခင်မှာရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ်
ဆေးကုသလျက်ရှိကြောင်းနှင့် ယင်းသို့ပြစ်မှု ကျူးလွန်သူများကို အရေးယူပေးရန်တိုင်တန်းလာခဲ့ပါသည်။

တိုင်တန်းချက်အရ စမ်းချောင်းမြို့မရဲစခန်း(ပ)၂၂၁/၂၀၁၄၊
ပြစ်မှုပုဒ်မ ၃၂၆/၁၁၄ ဖြင့် အမှုဖွင့်လှစ်ကာ ဓါးသွေး(ခ)
သန်းဇော်နှင့် အမျိုးသား(၂)ဦးတို့အား စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police