အမျိုးသမီးတစ်ဦး ဓါးနှင့် ရမ်ကား

ပို့စ်တင်ချိန် - 5/23/2014 08:18:00 AM



လှိုင်မြို့နယ် ဘူတာရုံလမ်း ၅ ရပ်ကွက်၊ ၉ လမ်းမပေါ်ရှိ တိုက်ခန်းတစ်ခန်း၏ ဒုတိယထပ်နေ အမျိုးသမီးတစ်ဦးသည် မေ ၂၂ ရက်နေ့ ၅:၃၀ နာရီက သူနေထိုင်ရာ တိုက်အပေါ်ထပ်မှနေ၍ လမ်းပေါ်မှ သွားလာနေသူများထံ အိမ်သုံးဓါးနှင့် ပစ်ပေါက်ခြင်း၊ ပုလင်းကွဲ၊ မှန်ကွဲစများနှင့် ပစ်ပေါက်ခြင်းများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။

ထိုအမျိုးသမီးသည် ဘေးချင်းကပ်အခန်းများကို တံခါးခေါက်ပြီး ဓါးနှင့် ရမ်းကားသည်ဟုလည်း သိရသည်။

ရဲစခန်းမှ သွားရောက်စုံစမ်းရာ ထိုအမျိုးသမီးမှာ စိတ်ဂယောက်ဂယက်ဖြစ်ပြီး ယခုကဲ့သို့ ပြုမူနေခြင်း ဖြစ်ကြာင်း သိရသည်။ ထိုအမျိုးသမီး၏ အမှုကို ရဲစခန်းမှ စုံစမ်းကာ ဆောင်ရွက်နေကြကြောင်း သိရသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)