အမှိုက်ကားနဲ့တူသော လူများ

ပို့စ်တင်ချိန် - 5/23/2014 05:22:00 PM


တစ်နေ့ ကျွန်တော် Taxi တစ်စီးကို တားလိုက်ပြီး လေဆိပ်ကို ထွက်ခဲ့တယ်..။ ကျွန်တော်တို့ ကားဟာ လမ်းရဲ့ ညာဘက်ကနေ ပုံမှန်မောင်းနှင်နေတုန်း ရုတ်တရက် အရှေ့မှာ ရပ်ထားတဲ့ ကားတစ်စီးဟာ ရပ်ထားရာကနေ ချက်ချင်းပဲ မောင်းထွက်လာခဲ့တယ်..။

ကျွန်တော် စီးနေတဲ့ကားရဲ့ Driver ဟာ ဘရိတ်ကို အမြန်နင်းချလိုက်ပြီး စီယာတိုင်ကို ဆွဲကွေ့လိုက်တယ်.. လျက်တစ်ပျက် အတွင်းမှာ သူရဲ့ကျွမ်းကျင်မှုကြောင့် ကားတိုက်မှုကနေ လက်မ အနည်းလောက်နဲ့ ကျွန်တော် တို့ လွတ်မြောက်ခဲ့ကြတယ်..။

အဆိုပါ ကားရဲ့ Driver ဟာ ကားထဲကနေ ခေါင်းထွက်လာပြီး ကျွန်တော်တို့ကို ဆဲဆိုနည်း ပေါင်းစုံနဲ့ ဆဲဆို သွားခဲ့တယ်..။ ကျွန်တော့် Taxi Driver ကတော့ ဘာမှ မပြောပဲ ပြုံးပြီး အဲ့ဒီလူကို လက်ဝှေ့ရမ်းပြီး နှုတ်ဆက် လိုက်တယ်..။ တစ်ကယ့်ကို ရင်းရင်းနှီးနှီး ပုံစုံလိုပါပဲ….။ ဒါကြောင့် ကျွန်တော်လည်း မနေနိုင်တာနဲ့..

“ခင်ဗျားက သူဒီလောက် ဆဲဆိုသွားတာကို ဘာမှလဲ ပြန်မပြောဘူး..။ ကိုယ်က မှန်နေတာပဲ..။ ပြီးတော့ ကိုယ့်ကို ဆေးရုံပို့မယ့် သူကိုတောင် ခင်ဗျားက လက်ပြပြီးတောင် နှုတ်ဆက်လိုက်သေးတယ်..။ ဘာလဲ..။ သူက ခင်ဗျား အသိလား…”

သူက … “လူတွေဟာ အမှိုက်ကားနဲ့ တူကြတယ်ဗျ…။ သူတို့တွေဟာ အမှိုက်တွေ အပြည့်နဲ့ လှုပ်ရှား သွားလာ နေကြတယ်..။ တစ်ကိုယ်ကောင်းစိတ်.. ဒေါသစိတ်…၊ အတ္တစိတ်တွေဆိုတဲ့ အမှိုက်တွေနဲ့ပေါ့ဗျာ… သူတို့မှာ အမှိုက်တွေ များလာတာနဲ့အမျှ အမှိုက်သွန်စရာနေရာ ရှာတတ်ကြတယ်..။ တစ်ခါတစ်လေ ကိုယ့်ကိုယ်တိုင်နဲ့ တစ်ခြား လူတွေ အပေါ်ကိုပေါ့..”

“ဒီတော့ ကျွန်တော်ကတော့ သူဆီက ရလာမယ့် အမှိုက်တွေကို မယူဘူး..၊ အမြဲတမ်း ပြုံးပြ နှုတ်ဆက်ပြီး ထွက်လာလိုက်တော့ပါပဲ…”

ဒီဇာတ်လမ်းလေးဟာ အခုကျွန်တော် မြင်တွေ့နေရတဲ့ ရန်ကုန်မြို့က Taxi Driver တွေ၊ Bus Driver တွေ အတွက်များ ရေးထားသလားလို့တောင် ထင်မိပါတယ်….။ အမှိုက်ကင်းတဲ့ နေ့လေးတစ်နေ့ ဖြစ်ပါစေ…။

အောင်ထွန်းဦး