ရန်ကုန်ရှိ နေရာတချို့အား ယာဉ်ကြောပိတ်ဆို့သည့် နေရာ အဖြစ် တရားဝင် သတ်မှတ်

ပို့စ်တင်ချိန် - 5/23/2014 08:15:00 PM


ရန်ကုန်-မေ၂၂
ရန်ကုန်မြို့ စည်ပင်သာယာနယ်နမိတ်အတွင်း (၁၁)မြို့ နယ်ရှိနေရာ
တချို့အား ယာဉ်ကြောပိတ်ဆို့သည့် နေရာ အဖြစ် အမှတ်(၂)ယာဉ်ထိန်းရဲရုံး မှတရားဝင်သတ်မှတ်ကြောင်းသိရသည်။

ရန်ကုန်မြို့ စည်ပင်သာယာနယ်နမိတ်အတွင်းယာဉ်ကြောပိတ်ဆို့ သည့်နေရာများမှာ

- မင်္ဂလာဒုံတွင် အောင်မင်္ဂလာအဝေးပြေး၊

- မရမ်းကုန်းတွင် ကမ္ဘာအေးဘုရားလမ်း၊ ပါရမီလမ်း၊ ချော်တွင်းကုန်း၊

- ဘုရင့်နောင်တွင် ဘုရင့်နောင်တံတား၊

- ဗဟန်းတွင် ကမ္ဘာအေးဘုရားလမ်းနှင့် ရွှေဂုံတိုင် မီးပွိုင့်ဆုံ၊ ဦးထောင်ဘိုအ၀ိုင်း၊

- ဒဂုံတွင်နေတော်ဝင်စင်တာရှေ့၊

- မြေနီကုန်းတွင် မြေနီကုန်းလမ်းဆုံ၊

- ကမာရွတ်တွင် လှည်းတန်းလမ်းဆုံ၊ ဟံသာဝတီအ၀ိုင်း၊

- တာမွေတွင် တာမွေတွင် တာမွေငါးခွဆုံ၊ ယုဇနပလာဇာရှေ့၊

- ကျောက်တံတားတွင် အနော်ရထာလမ်းနှင့် ဗိုလ်အောင်ကျော်လမ်းထောင့်၊

- ပန်းဘဲတန်းတွင် သိမ်ကြီးဈေးရှေ့ လာသာတွင်သံဈေးရှေ့ နှင့်

- ညောင်ပင်လေးဈေးရှေ့

တို့အားယာဉ် ကြောပိတ်ဆို့ သည့် နေရာများအဖြစ် သတ်မှတ်ခဲ့သည်။
ထို့ပြင် ယာဉ်မတော်တဆမှု အများဆုံးဖြစ်ပွားသောနေရာများ အဖြစ်မင်္ဂလာဒုံတွင်ပြည်လမ်းနှင့် ထောက်ကြန့်လမ်း ဆုံ၊ ဗဟန်းတွင်ကမ္ဘာအေးဘုရားလမ်းနှင့် တက္ကသိုလ်ရိပ်သာလမ်းဆုံ၊ လှိုင်သာယာတွင် ရန်ကုန်-ပုသိမ်ကားလမ်းတို့အား သတ်မှတ်ခဲ့သည်။

ဇေဝေယံ
Popular Myanmar News Journal