ဟံသာဝတီဦးဝင်းတင်၏ မွေးနေ့ (သို့မဟုတ်) ကွယ်လွန်သည့်နေ့အား နိုင်ငံရေး အကျဉ်းသားများနေ့အဖြစ် သတ်မှတ်ရန် လိုလား

ပို့စ်တင်ချိန် - 5/23/2014 09:46:00 PM


မြန်မာနိုင်ငံ၏ ၀ါရင့်နိုင်ငံရေးသမားကြီး တစ်ဦးဖြစ်သော သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၏ မွေးနေ့ (သို့မဟုတ်) ကွယ်လွန်သည့်နေ့အား နိုင်ငံရေး အကျဉ်းသားများနေ့အဖြစ် သတ် မှတ်ရန် သင့်တော်ကြောင်း နိုင်ငံရေးအင်အားစုများက မေလ (၂၁) ရက်နေ့က မဟာစည် သာသနာ့ရိပ်သာ၌ ပြုလုပ်သော ဟံသာဝတီဦး ၀င်းတင် ကွယ်လွန်ခြင်း တစ်လပြည့် ဆွမ်းကျွေးအလှူ၌ သုံးသပ်ခဲ့ကြသည်။
ဝါရင့်နိုင်ငံရေးသမားကြီး တစ်ဦးဖြစ်သော သတင်းစာ ဆရာ ကြီး ဟံသာဝတီဦးဝင်းတင်သည် အကျဉ်းထောင် အတွင်း ရောက်ရှိ နေစဉ်သာမကထောင်မှ ပြန်လည် လွတ်မြောက်လာချိန်တွင်လည်း နိုင်ငံရေးသမားများ အားလုံး၏ စံပြပုဂ်္ဂိုလ်တစ်ဦးအဖြစ် နေထိုင်နိုင်ခဲ့ပြီး ဆရာကြီး၏ မွေးနေ့(သို့မဟုတ်) ကွယ်လွန်သည့်နေ့အား နိုင်ငံရေး သမားများနေ့အဖြစ် သတ်မှတ်ပါက အကောင်းဆုံးဟု ယူဆ၍ရနိုင်ကြောင်း ဆရာကြီးရှိနေစဉ် အနီး ကပ်စောင့်ရှောက်ခဲ့သူ ကိုဇော်မျိုးအောင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။…
““ဘဘကထောင်ကနေ ခံဝန်ထိုးပြီး ထွက်ပါဆိုတောင်သူ မထွက်ခဲ့ဘူး။ နိုင်ငံရေး အကျဉ်းသားတိုင်းလည်း သူ့လို စိတ်ဓာတ်မျိုးရှိဖို့ လိုတယ်ဆိုတာ သာဓကပြခဲ့တာရှိတယ်။ သူကိုယ်တိုင်ပြောပါတယ်။ ကျွန်တော် လက်မှတ်ထိုးပြီးထွက် အပြင်မှာ နိုင်ငံရေးလုပ် ရင်ရတာပဲတဲ့။ လက်မှတ်က နိုင်ငံရေးမလုပ်ပါ ဘူးဆိုပြီး ထိုးပြီးထွက်မှာကိုအဲတော့ သို့သော် အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်ကို ထူထောင်ထားတဲ့ သူ တစ်ယောက်က သူ့လို မလုပ်ကောင်း ဘူးလို့ သူယူဆတယ်တဲ့။ အဲတော့ အဲလိုပုဂ်္ဂိုလ်မျိုးကိုစံထားတဲ့ အနေနဲ့ နိုင်ငံရေး အကျဉ်း သားများနေ့အဖြစ် သတ်မှတ်မယ်ဆိုရင် ပိုသင့် လျော်ပါတယ်””ဟု ကိုဇော်မျိုး အောင်က ဆိုသည်။
နိုင်ငံရေး အကျဉ်းသားများနေ့အား သတ်မှတ်ရန် ခက်ခဲသော်လည်း ဆရာကြီးဟံသာဝတီ ဦးဝင်း တင်၏ မွေးနေ့(သို့မဟုတ်) ကွယ်လွန်သည့်နေ့အား သတ်မှတ်လျှင် ဆရာကြီးအားဂုဏ်ပြုရာ ပိုရောက် ကြောင်း၊ ဒီလှိုင်းစာစောင်မှ တာဝန် ခံအယ်ဒီတာ ဖျာပုံနီလုံဦးကလည်း ““ဆရာဦးဝင်းတင် မသေဆုံးမီ တည်းက နိုင်ငံရေးအကျဉ်းသား နေ့ကို သတ်မှတ်ဖို့ သဘောထား ပေးတာတွေရှိတယ်။ ဆရာဦးဝင်း တင်က အတိအကျ တော့ပေးမသွားဘူး။ ဒါပေမဲ့ ဆရာဦးဝင်းတင်ရဲ့ ကွယ်လွန်တဲ့နေ့ကိုနိုင်ငံရေး အကျဉ်းသားနေ့ပေး မယ်ဆိုရင် တော့ ပိုပြီးတော့ ဂုဏ်ပြုရာရောက်တာပေါ့””ဟု မြန်မာသံတော်ဆင့်သို့ ပြော သည်။
နိုင်ငံရေးအကျဉ်းသားများ နေ့ဆိုသည်မှာ နိုင်ငံရေးအကျဉ်းသားဟောင်းများ အားလုံးနှင့် သက်ဆိုင်သော ကြောင့်နိုင်ငံရေး အကျဉ်းသားများ အားလုံးပူးပေါင်းဆွေးနွေး ဆုံးဖြတ်လျှင်ပိုမိုသင့်တော်ကြောင်း ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီး က ပြောခဲ့သည်။
““ဦးဝင်းတင်ဆိုတာ သက်ရှိ ထင်ရှားရှိစဉ်ကတည်းက လေးစား ခဲ့ရတဲ့၊ အားကျခဲ့ရတဲ့ ပုဂ်္ဂိုလ်တစ် ယောက် အဖြစ်နဲ့ ဂုဏ်ပြုနေပြီးသားပါ။ အရင်ကလည်း အကျဉ်းသားများနေ့အဖြစ် အကျဉ်းထောင် ထဲမှာ မတရားမှု တွေကို ဆန့်ကျင်ရင်းနဲ့ ကျဆုံးသွားတဲ့သူတွေရဲ့ ကျဆုံးသွားတဲ့ရက်တွေကို နိုင်ငံရေး အကျဉ်းသားနေ့အဖြစ် သတ်မှတ်ဖို့ အဆိုပြုခဲ့ကြတာတွေ အများကြီး ရှိတာပေါ့။ ဒါကြောင့်မို့လို့ အားလုံး စုံညီဆွေးနွေး နိုင်ရင်တော့ ပိုကောင်း တာပေါ့””ဟု ဦးကိုကိုကြီးက ပြော သည်။သတင်းစာဆရာကြီး ဟံသာ ၀တီဦးဝင်းတင်အား ၁၉၃၀ ပြည့် နှစ် မတ်လ၁၂ရက်တွင် မွေးဖွားခဲ့ကာ အသက် (၈၅)နှစ်၂၀၁၄ခုနှစ်ဧပြီလ (၂၁)ရက်နေ့က ကွယ်လွန် ခဲ့သည်။
ဆရာကြီးဟံသာဝတီဦးဝင်း တင်သည် အကျဉ်းထောင်အတွင်း ၌ ၁၉ နှစ်ကျော်ကြာနေထိုင်ခဲ့ရပြီး ပြန်လည် လွတ်မြောက်လာချိန်တွင် ဦးဝင်းတင်ဖောင်ဒေးရှင်း ထူထောင်ကာ နိုင်ငံရေးအကျဉ်းသား ဟောင်းများ၊နှင့် ထောင်ကျဆဲ နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် ထောင်ကျဆဲနိုင်ငံရေး အကျဉ်းသားများ၏ မိသားစုများ အား ကူညီထောက်ပံ့မှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်။ ဆရာကြီး ဦးဝင်းတင်အား ဂုဏ်ပြုသည့်အနေဖြင့် ပြင်သစ်နိုင်ငံ၏ လမ်းတစ်လမ်းအား “၀င်းတင်လမ်း” ဟုအမည်ပေးထားသည်။

ဝိုင်းမော်
မြန်မာသံတော်ဆင့်