အသက် ၂ လတည်းနဲ့ စကားပြောနိုင်တဲ့ ထူးဆန်းအံ့ဖွယ် ကလေးလေး ဗီဒီယို You tube မှာ ပေါ်ပြူလာဖြစ်နေ (ရုပ်သံ)

ပို့စ်တင်ချိန် - 5/23/2014 08:33:00 PM


  အေသင်အောင် 

  နှစ်လသားအရွယ် ကလေးအများစုဟာ ချစ်စရာကောင်းတဲ့ အပြုအမူတွေ ပြုလုပ်နိုင်ပေမယ့် စကားပြောဆိုဖို့ ဆိုတာ ဖြစ်နိုင်ချေ နည်းပါး လွန်းပါတယ်။ ဒါပေမဲ့ နှစ်လသား အရွယ် သမီးငယ်လေးဟာ စကားတစ်ခွန်းကို ပီပီသသနဲ့ အံ့အားသင့်စွာ ပြောဆိုနိုင်ခဲ့ပါ တယ်။ You Tube ၀က်ဘက် ဆိုက်မှာ နှစ်လ အရွယ် သမီးငယ်လေးဟာ ဖခင်ဖြစ်သူကို ပြုံးပျော်တဲ့ မျက်နှာ အနေအထားနဲ့ I Love You ဆိုတဲ့ စကားသုံးလုံးကို ပီပီသသပြောဆို ခဲ့ခြင်း ဖြစ်ပါတယ်။ ဖခင်ဖြစ်သူ ဟာ သမီးငယ်ရဲ့ စကားပီသစွာ ပြောဆိုနေပုံကို မိခင်ဖြစ်သူ အား ပြသနေခြင်းဖြစ်ပါတယ်။ 

ဒီဖြစ်ရပ်ကို You Tube မှာ လွှင့်တင်ခဲ့ရာမှာ ကြည့်ရှုသူအများအပြားရှိခဲ့တယ်လို့ သိရပါတယ်။ နှစ်လအရွယ် သမီးငယ်လေး ဟာ အရွယ် နဲ့မလိုက်အောင် သင်လွယ်တတ်လွယ်ပြီး မိဘနှစ်ပါးပြောသမျှ စကားတွေကို နောက်ကနေ လိုက်ပြီး ပြောဆိုတတ် တယ်လို့ သိရပါတယ်။ ဒါပေမဲ့ သမီးငယ်လေးရဲ့ I Love You ဆိုတဲ့ ပြောစကားဟာ မိဘနှစ်ပါး အတွက် ကျေနပ်စရာဖြစ်ခဲ့ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ စကားပြောဆို တတ်ခြင်းကိုလည်း ဂုဏ်ယူနေကြတယ်လို့ သိရပါတယ်။ 

The Messenger