ဒေးဗစ်လုဇ်ကို ပေါင်သန်း (၄၀)နဲ့ ပီအက်စ်ဂျီထံ ချဲလ်ဆီး ရောင်းလိုက်ပြီ

ပို့စ်တင်ချိန် - 5/24/2014 07:50:00 AM



ချဲလ်ဆီးဟာ နောက်ခံလူဒေးဗစ်လုဇ်ကို ပီအက်စ်ဂျီထံပေါင်သန်း (၄၀)နဲ့ ရောင်းချဖို့ သဘောတူလိုက်ပါပြီ။ လာမယ့်ရက်ပိုင်းအတွင်း ပီအက်စ်ဂျီနဲ့ ဒေးဗစ်လုဇ်တို့ နှစ်ဦး သဘောတူဆွေးနွေးညှိနှိုင်းပြီး ဆေးစစ်မှု ခံယူလိမ့်မယ်လို့ သိရပါတယ်။ ချဲလ်ဆီးအသင်း ၀က်ဘ်ဆိုက်မှာ " အပြီးသတ် အပြောင်းအရွှေ့ မဖြစ်သေးတာက ဒေးဗစ်လုဇ်နဲ့ ပီအက်စ်ဂျီတို့ရဲ့ နှစ်ဦးနှစ်ဖက် သဘောတူညီမှု၊ဆေးစစ်မှု ကျန်နေသေးလို့ပါ" လို့ ဖော်ပြထားပါတယ်။

ဒေးဗစ်လုဇ်ဟာ ၂၀၁၁ခုနှစ်မှာ ဘင်ဖီကာကနေ ချဲလ်ဆီးကို ပေါင် ၂၃.၅သန်းနဲ့ ပြောင်းရွှေ့လာတာဖြစ်ပြီး အစောပိုင်း ကာလအတွင်း အမာခံ ကစားသမားအဖြစ် ပါဝင်ခွင့် ရခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီမှာတော့ မော်ရင်ဟိုက သူ့ကို ကွင်းလယ်အဖျက် ကစားသမားနေရာ အသုံးပြုခဲ့ပါတယ်။ ဒါ့အပြင် မော်ရင်ဟိုဟာ ကာဟေးလ်၊ တယ်ရီ အတွဲကိုပဲ ဗဟိုခံစစ်မှာ ဆက်သုံးချင်လို့ ဒေးဗစ်လုဇ်ကို ထုတ်ရောင်းလိုက်တာလို့ ဗြိတိန်မီဒီယာတွေက သုံးသပ်ကြပါတယ်။

@z (ရိုးရာလေး)

YoYarLay