ချစ်သူနဲ့ လက်တွဲတော့မယ့် ဆုရွှန်းလဲ့

ပို့စ်တင်ချိန် - 5/24/2014 07:17:00 AM




Author:
ဇွဲဉာဏ်

 ၂၀၁၄ ခုနှစ်သည် အနုပညာရှင်မင်းသမီး အများစုအိမ်ထောင်ပြုသည့် နှစ်ဟု အများကပြောနေကြချိန်တွင် သရုပ်ဆောင်ဆုရွှန်းလဲ့ကလည်း ၎င်း၏ မင်္ဂလာဧည့်ခံပွဲကို ဇွန်လပထမပတ်တွင် ပြုလုပ်မည်ဖြစ်သည်။

‘‘ချစ်သူသက်တမ်းတစ်နှစ် အကြာမှာ လက်ထပ်ခဲ့တာပါ။ လောလောဆယ်တော့ စင်ကာပူ မှာ လိုက်နေမယ်။ ဒါပေမဲ့ သွား လိုက်ပြန်လိုက် လုပ်မယ်လို့လည်း စဉ်းစားထားတယ်။ ဒီမှာက အစ်မ ရဲ့ မိသားစုလည်း ရှိသေးတာဆို တော့လေ’’ ဟု ဆုရွှန်းလဲ့က ပြော သည်။

မင်္ဂလာဦးဆွမ်းကျွေးကို ဇွန် လ ၃ ရက်တွင် ပြုလုပ်သွားမည် ဖြစ်ပြီး မင်္ဂလာဧည့်ခံပွဲကို ဇွန်လ ၅ ရက်တွင် ဆီဒိုးနားဟိုတယ်၌ ပြု လုပ်မည်ဖြစ်ကြောင်း ဆုရွှန်းလဲ့ က ပြောသည်။

သတို့သား၏ မိသားစုသည် စင်ကာပူနိုင်ငံတွင် နေထိုင်သူများဖြစ်သောကြောင့် ဇွန်လလယ်၌ စင်ကာပူနိုင်ငံတွင် မင်္ဂလာဧည့် ခံပွဲတစ်ခု ထပ်မံပြုလုပ်သွားရန် အစီအစဉ်ရှိကြောင်း ဆုရွှန်းလဲ့က ပြောသည်။

7day daily