လမ်းလျှောက်နေသူ မိုးကြိုးပစ်ခံရ၍သေဆုံးပြီး အနီးရှိလူများ ဒဏ်ရာရ

ပို့စ်တင်ချိန် - 5/24/2014 01:52:00 PM



ရန်ကုန်၊ မေ၂၄

၂၃.၅.၂၀၁၄ရက်နေ့ ၁၅၃၀အချိန် မှော်ဘီမြို့နယ်၊ မြောင်းတကာ
ရဲကင်းစခန်းမှတပ်ဖွဲ့ဝင်များသည် မှော်ဘီမြို့နယ်၊ ဖူးကြီးကျေးရွာတွင် မိုးကြိုးပစ်ခံရသဖြင့် အမျိုးသား(၁)ဦးသေဆုံးသွားပြီး (၃)ဦးဒဏ် ရာရရှိသွားကြောင်း သတင်းအရသွားရောက်စစ်ဆေးရာ
မှော်ဘီမြို့နယ်နေ ကိုအောင်ဇော်မင်း (၂၀)နှစ်မှာမျက်နှာညိုမဲ၊ ယာနားသွေးထွက်၊ ရင်ဘတ်၊လည်ပင်းနှင့်ဦးခေါင်းယာဘက်တို့တွင် မီးလောင်ကျွမ်းဒဏ်ရာများရရှိကာသေဆုံးနေပြီး မောင်သိန်းသန်းစိုး (၁၄)နှစ်၊ မောင်အေးသူ(၁၄)နှစ်၊ မောင်စိုးမိုးအောင်(၁၈)နှစ်တို့တွင်
ပွန်းစုတ်၊ နာကျင်ဒဏ်ရာများရရှိထားသည်ကိုတွေရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ သေဆုံးသူကိုအောင်ဇော်မင်းမှာ ဖူးကြီးကျေးရွာမှ လက်ပံတန်းစုကျေးရွာသို့လမ်းလျှောက်လာစဉ်ဖူးကြီးရေလှောင်ကန်
အနီးအရောက် မိုးသည်ထန်စွာရွာသွန်းပြီး ၎င်းအား မိုးကြိုးပစ်၍
သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့မိုးကြိုးပစ်စဉ်အနီးရှိပတ်ဝန်းကျင်တွင်
ရှိနေသူများ ဖြစ်သည့် မောင်သိန်းသန်းစိုး၊ မောင်အေးသူ၊
မောင်စိုးမိုးအောင်တို့မှာ လျှပ်စီးစက်ကွင်းမိ၍ ဒဏ်ရာများရရှိခဲ့ကြခြင်း
ဖြစ်ကြောင်း၊ ဒဏ်ရာရရှိသူ(၃)ဦးမှာ မှော်ဘီဆေးရုံတွင် ပြင်ပလူနာ
များအဖြစ် ကုသခဲ့ရကြောင်းသိရှိရပါသည်။

ထိုသို့ ကိုအောင်ဇော်မင်း သေဆုံးမှုနှင့်ပတ်သက်၍ မှော်ဘီမြို့မ
ရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၁၆/၂၀၁၄)ဖြင့် ရေးဖွင့်စစ်ဆေး
လျက်ရှိကြောင်း သတင်းရရှိပါသည်။


Yangon Police