ရာဇာမင်းယာဉ်တိမ်းမှောက်မှုကြောင့် ဒဏ်ရာရသူများအနက် နှစ်ဦး ထပ်မံသေဆုံး ယခုအခါ သေဆုံးသူ ၁၆ဦးအထိရှိလာ

ပို့စ်တင်ချိန် - 5/24/2014 01:57:00 PM


နေပြည်တော်၊ မေ ၂၃- မေ ၁၂ ရက် ညနေ ၆နာရီ ၄၅မိနစ်ခန့်က ရန်ကုန်-မန္တလေးအမြန်လမ်း၌ ရာဇာမင်း ယာဉ်တိမ်းမှောက် ခဲ့သဖြင့် ၁၄ဦး သေဆုံးပြီး ၃ဝဒဏ်ရာရရှိခဲ့ကာ နေ ပြည်တော် ခုတင် ၁၀၀ဝဆေးရုံကြီး တွင် ဒဏ်ရာရ၍ တက်ရောက်ဆေး ကုသမှုခံယူနေသူများအနက် မေ ၂၂ ရက်တွင် နှစ်ဦး ထပ်မံသေဆုံးခဲ့ ကြောင်း၊ သေဆုံးသွားသူ ဦးသန်း ကျော်၏ သမီးကြီး မနွယ်နီအောင် ၏ အမျိုးသားဖြစ်သူ ကိုမျိုးဇော်က ဒီမိုက ရေစီ တူဒေး သို့ ပြောသည်။

''အဖေကတော့ ဦးသန်းကျော် ပါ။ ရာဇာမင်းကားမှောက်တဲ့အထဲ မှာ ပါတာ ပါ။ အတွင်းလူနာအဖြစ် သုံးဦးကျန်ခဲ့တယ်။ သူတို့ကို အိုင်စီ ယူမှာထားတယ် အဲဒီသုံးယောက် က ဦးသန်းကျော်၊ ကိုမြင့်စိုးနဲ့ ဦးခင် စိုးတို့ပါ၊ အဲဒီသုံးဦးထဲမှာ မနေ့က နှစ် ဦးဆုံးသွား တယ်။ အဖေဦးသန်း ကျော်ရယ်၊ ကိုမြင့်စိုးရယ်ပေါ့။ ကို မြင့်စိုးက မွန်းလွဲ ၁နာရီလောက်မှာ ဆုံးပြီး အဖေကတော့ ည ၇ နာ ရီ ၂၅မိနစ်လောက်မှာဆုံးတယ်။ ဒီ ကိစ္စမှာ ရာဇာမင်းယာဉ်လိုင်းက ဘာ မှလာ လုပ်မပေးဘူး။ ကျွန်တော်တို့ ဒီမှာ ဘာမှပြောမထား ဘူး။ ဒီကိုလာ သလားမေးတော့ လဲ ဒီမှာ ဘယ်သူ့ ကိုမှ လာလုပ်ပေးတာမရှိဘူး။ ကျွန် တော်တို့ဖုန်းဆက်တော့လဲ မန်နေဂျာ တွေ က ဟိုဖုန်းနံ ပါတ် ကိုပြောလိုက်၊ ဒီဖုန်းနံပါတ်ကိုပြောလိုက်နဲ့ အဲဒီလို ဖြစ်နေတယ်။ ကျွန်တော် တို့က လုပ် သင့်တာကို ဆက်လုပ် ရမှာ ပဲလေ။ တ ကယ်လို့ ရန်ကုန်ရောက် လို့မှ ဒီကိစ္စ ကို မဖြေရှင်းပေးဘူးဆိုရင်လဲ ကျွန် တော်တို့က သက်ဆိုင် ရာနဲ့ပြော ရမှာ ပေါ့''ဟု ယင်းက ပြောသည်။

သေဆုံးသွားသူ ဦးသန်းကျော် မှာ ရန်ကုန်မြို့မှဖြစ်၍ ယင်းအလောင်း အား ရန်ကုန်သို့ပြန်သယ်ယူမည်ဖြစ် ပြီး ကိုမြင့်စိုးဆိုသူမှာ ပဲခူးတိုင်းဒေ သကြီး အုတ်ဖိုမြို့မှဖြစ်ကာ ယင်းအ လောင်းအား နေပြည်တော်တွင်သာ သင်္ဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။

လူနာများအား နေပြည်တော် ခုတင် ၁၀၀ဝဆေးရုံကြီးမှ မည် သို့ ဆောင်ရွက်ပေး မှုရှိသည်ကို မေးမြန်း ကြည့်ရာ ''ဆေးရုံကြီး ကတော့ လူနာ အကုန်လုံးကို လိုလေသေးမရှိအောင် ပြုစုပေးပါတယ်။ အသက်ထွက်တဲ့ အချိန်အထိကို ဆရာဝန်ကြီးတွေ၊ ဆရာမတွေ ၊ မေ့ဆေးဆရာဝန်ကြီးတွေ၊ ခွဲစိတ်ဆရာဝန်ကြီးတွေ အကုန်လုံး ဂရုတစိုက်ပေါ့နော်၊ ညွှန်ကြားပြီးတော့ အကုန်လုံးလိုက်လုပ်ပေးပါတယ်။ အားလုံးအဆင်ပြေပါတယ်။ သူတို့ အားလုံး ကောင်းကောင်းမွန်မွန်ပါပဲ၊ အသက်ထွက် သွားတဲ့အထိ ဝေယျာ ဝစ္စအားလုံး သူတို့လုပ်ပေးပါတယ်။ မလုပ်ပေးတာက ရာဇာမင်းယာဉ် လိုင်းတစ်ခုပဲ၊ ကျွန်တော်တို့ကို ဘာ မှမဆက်သွယ်ဘူး။ ကျွန်တော်တို့က ဆက်သွယ်တော့လဲ ဆက်သွယ်လို့မ ရဘူး''ဟု ကိုဇော်မျိုးက ထပ်မံပြော ကြားသည်။

''ကျွန်တော်တို့က ငွေရေးကြေး ရေးမတတ်နိုင်တော့ အလောင်း ကို ပြန်သယ် ဖို့ အခက်အခဲရှိတယ်။ ဒါ ကြောင့်ဒီမှာပဲသဂြို ဟ် လိုက်မယ်။ ကျွန် တော်တို့လဲ သူတို့လိုပဲ၊ ရာဇာမင်း ယာဉ်လိုင်းက ဘာမှလုပ်မပေးဘူး၊ ဘာမှလဲ ဆက်သွယ် မှု မရှိဘူး၊၊ အခု ချိန်ထိ ဆက်သွယ်လို့မရသေးဘူး'' ဟု သေဆုံး သူကိုမြင့်စိုး ၏ အစ်ကို ဖြစ်သူက ပြောသည်။

ရာဇာမင်းယာဉ်တိမ်းမှောက် စဉ်က သေဆုံးသူ ၁၄ဦးရှိခဲ့ကာ ယခု နှစ်ဦး အပါအဝင် သေဆုံးသူ ၁၆ဦး ရှိသွားပြီဖြစ်ကြောင်း ၊ နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံကြီးတွင် အတွင်း လူနာအဖြစ် တစ်ဦးကျန်ရှိနေသေး ကြောင်း ယင်းတို့ ၏ပြောကြားချက် အရသိရသည်။

M P [--Democracy today Daily Newspaper--]

Yangon Media Group