ခွေးကိုက်ရင် ခွေးရှင်ကိုထောင်ချမယ်

ပို့စ်တင်ချိန် - 5/24/2014 03:30:00 PM




ခွေးကိုက်ရင် ခွေးရှင်ကို ထောင်ချမယ့်ဥပဒေကို  အင်္ဂလန်နိုင်ငံမှာ အင်္ဂါနေ့က ပြဌန်းလိုက်ပါတယ်။
ကိုယ့်ခွေးကို မဆင်မခြင်လွှတ်ထားလို့  လူတစ်ယောက်ကို သေအောင်တိုက်ခိုက်ခဲ့တယ်ဆိုရင် ထော်ဒဏ် ၁၄နှစ်ထိကျခံရမှာ ဖြစ်ပြီး ဒဏ်ရာအနာတရ ဖြစ်ခဲ့တယ်ဆိုရင်တော့ ၂နှစ်ကနေ ၅နှစ်ထိ ကျခံရမှာဖြစ်ပါတယ်။

 အင်္ဂလန်နိုင်ငံမှာ ခွေးကိုက်မှုတွေများပြားလာခဲ့ပြီး ယခုနှစ် အစောပိုင်းမှာ ခွေးကိုက်ခြင်းကြောင့် ကလေးနှစ်ဦး သေဆုံး ခဲ့ရပါတယ်။
ဒီခွေးဥပဒေမှာ မျက်မမြင်လမ်းပြခွေးလိုမျိုး တခြားခွေးတွေကို သွားကိုက်ရင်လည်း ပြစ်ဒဏ်မြောက်မှာဖြစ်ပြီး ပိုင်ရှင်ဟာ ထောင်ဒဏ် ၃နှစ်ထိ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

“ခွေးကိုက်တာဟာ ခံရသူတွေနဲ့ မိသားစုတွေအပေါ် ကြောက်စရာကောင်းတဲ့ အကျိုးဆက်တွေ ဖြစ်နိုင်ပါတယ်။ ဒီတာဝန်ရှိသူတွေဟာ ပြင်းထန်တဲ့ပြစ်ဒဏ်တွေကို ရင်ဆိုင် သင့်တယ်ဆိုတာကတော့ မှန်ကန်ပါတယ်” လို့ တိရိစ္ဆာန်များ မွေးမြူထိန်းသိမ်းစောင့်ရှောက်ရေး ဝန်ကြီး Lord de Mauley က ပြောကြားခဲ့ပါတယ်။


ဖိုးသူတော် Team မှ ဘာသာပြန်သည်။
Credit: ဖိုးသူတော်