ကမ္ဘာ့ အသက်ကြီးဆုံး ကြောင်

ပို့စ်တင်ချိန် - 5/24/2014 11:20:00 AM



အေသင်အောင်
  အင်္ဂလန် နိုင်ငံမှာရှိတဲ့ ကြောင်တစ်ကောင်ဟာ အသက် (၂၅) နှစ်ရှိသွားပြီ ဖြစ်တာမို့ ကမ္ဘာ့ အသက်ကြီးဆုံး ကြောင်အဖြစ် သတ်မှတ်ခံ ရဖွယ်ရှိနေပါတယ်။ ဒီကြောင်ကို လူသက်တမ်းနဲ့ တွက်ကြည့်ရင် (၁၁၈) နှစ်ရှိနေမှာ ဖြစ်ပါတယ်။   ဒီကြောင်ကို မေရီနဲ့ မက် သားအမိက မွေးဖွားထားခြင်း ဖြစ်ပါတယ်။ မက်ဟာ သူ့ရဲ့အစ်မအိမ် က ကြောင်ကိုခေါ်ယူပြီး အိမ်မှာ မွေးထားတာ ဖြစ်ပါတယ်။     အိမ်ကို စရောက်စဉ်က အသက်ရှစ်နှစ် ရှိနေပြီ ဖြစ်ပါ တယ်။ ဒီကြောင်ကို စမိုကီလို့ အမည်ပေးထားပြီး အရောင်က မီးခိုးရောင်ရှိပါတယ်။

                           မက်က  ကျွန်မရဲ့ ကြောင်ဟာ အခုချိန် မှာ အိပ်စက်ခြင်းနဲ့ အချိန်ကုန်လေ့ရှိပါတယ်။  မျက်စိ မမြင်တော့တဲ့အပြင် နားလည်းမကြားရ တော့ပါဘူး။ ပြီးခဲ့တဲ့ နှစ်နှစ်လောက်က တည်းက အပြင်ကို သွားဖို့ ခက်ခဲစွာကြိုးစား နေရတာပါ။   အခုချိန်မှာ အိမ်အပြင်ကို လုံးဝ  မထွက်တော့ ပါဘူးလို့ ပြောသွားခဲ့ပါတယ်။ ဒီကြောင်ဟာ ဘုန်းမောက်မြို့မှာ ရှိတဲ့ အသက် (၂၄)နှစ် အရွယ်ကြောင်ရဲ့ ကမ္ဘာ့  အသက်ကြီးဆုံး ဂုဏ်ပုဒ်ကို လွှဲပြောင်းရယူသွားမှာ ဖြစ်ပါ တယ်။ သမိုင်းမှာ အသက်ကြီးဆုံးကြောင် အဖြစ် မှတ်တမ်းတင်ထားတာက အမေရိကန် ပြည်ထောင်စု၊  တက်ဆက်စ် ပြည်နယ်မှာရှိတဲ့ ကြောင်ဖြစ် ပြီး အဲဒီကြောင်ရဲ့ အသက် က (၃၈)နှစ် အထိရှိခဲ့တယ်လို့ သိရပါတယ်။

Messenger