iPhone App Store မှာ ထိပ်ဆုံးရောက်လာတဲ့ ဆေးခြောက်ဂိမ်း Weed Firm ကို Apple ဖယ်ရှားပစ်

ပို့စ်တင်ချိန် - 5/24/2014 06:37:00 PM




Angel on 2014-05-24 13:10    
App Store မှာ ထိပ်ဆုံးနေရာရောက်လာတဲ့ Weed Firm ဂိမ်းကို Apple ဟာ မကြာသေးမီက ဖယ်ရှားလိုက်ပါပြီ။ ဒီဂိမ်းမှာ ကစားသူဟာ Mr.Ted Growing လို့ ခေါ်တဲ့ ဇာတ်ကောင်ကို ကိုင်တွယ်ရမှာဖြစ်ပြီး ဆေးခြောက်ပင်တွေစိုက်ပျိုး၊ မူးယစ်ဆေးဝယ်သူတွေနဲ့ ဆက်ဆံ၊ ရဲတွေလူဆိုးတွေကို လာဘ်ထိုးပြီး ကိုယ့်ရဲ့ ဆေးခြောက်လုပ်ငန်းကို အဆင့်မြှင့်ရတဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။

Weed Firm ဂိမ်းဟာ App Store ရဲ့ အမျိုးအစားအတန်းအားလုံးမှာ နံပါတ် ၁ နေရာကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အင်္ဂါနေ့ က Apple ဟာ ဒီဂိမ်းကို သူ့ ရဲ့ App Store ကနေဖယ်ရှားလိုက်ပါတယ်။

Apple ဟာ Weed Firm အလားတူ Herb Converter ဆိုတဲ့ ဂိမ်းကိုလည်း ဖယ်ရှားပစ်ခဲ့ပါတယ်။

ဒါပေမယ့် Weed Strains 3D၊ Weed Tycoon နဲ့ Weed Memory Game တို့ လို ဆေးခြောက် အခြေပြုဂိမ်းတွေ App Store မှာ လက်ရှိ အများအပြားကျန်ရှိနေပါသေးတယ်။

ဂိမ်း developer Manitoba က သူတို့ ဝက်ဘ်ဆိုဒ်မှာ Apple ရဲ့ ဖယ်ထုတ်မှုကို အခုလို အကြောင်းပြန်ခဲ့ပါတယ်။

“ Apple App Store မှာ ဒီဂိမ်းကို ခင်ဗျားတို့ ထပ်မမြင်ရတော့ဘူးဆိုတာ သတိပြုမိတာနဲ့ ဒါဟာ Apple ရဲ့ ဆုံးဖြတ်ချက်ပါလို့ ခင်ဗျားတို့ သိစေချင်ပါတယ်။ ကျွန်တော်တို့ ကြောင့်မဟုတ်ပါဘူး။”

“ ဂိမ်းနဲ့ ပတ်သက်ပြီး ပြဿနာကတော့ ဒါက အရမ်းကောင်းနေလို့ ပါပဲ” လို့ သရော်ပြီး ပြောခဲ့ပါတယ်။

ဒီဂိမ်းကို Google ရဲ့ Play Store ကနေလည်း ပိတ်ပင်ခံခဲ့ရပြီး Google ကတော့ ဒီဂိမ်းဟာ ပြဿနာတစ်ခု ဖြစ်လို့ ပိတ်ပင်ခဲ့တာမဟုတ်ဘူးလို့ အကြောင်းပြခဲ့ပါတယ်။

Apple ဟာ ဒီလိုမူးယစ်ဆေးဝါးဂိမ်းတွေမှာတင် သည်းသည်းလှုပ်ဖြစ်နေတာမဟုတ်ပါဘူး။ နာမည်ကြီးပုဂ္ဂိုလ် အကြောင်း၊  ဟိုဖော်ဒီဖော်ဂိမ်းတွေ နဲ့ ဓာတ်ရောင်ခြည်စမ်းသပ်တဲ့ Application တွေကိုပါ ပိတ်ပင်ခဲ့ဖူးပါတယ်။



Ref: Dailymail.co.uk
trend myanmar