စစ်ကိုင်းတိုင်းဒေသကြီးတွင် လမ်းလုပ်ငန်းများ လုပ်ကိုင်ရန် စင်ကာပူ ကုမ္ပဏီတစ်ခု ကမ်းလှမ်း

ပို့စ်တင်ချိန် - 5/24/2014 02:59:00 PM



စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လမ်းလုပ်ငန်းများကို အဆင့်မြင့် နည်းပညာများဖြင့် လုပ်ကိုင် ဆောင်ရွက်ရန်အတွက် စင်ကာပူနိုင်ငံမှ ကုမ္ပဏီ တစ်ခုမှက တိုင်းဒေသကြီး အစိုးရ အဖွဲ့ ထံသို့ လာရောက် ကမ်းလှမ်းထားကြောင်း တိုင်းဒေသကြီး စီမံကိန်းဝန်ကြီး ဌာနမှ သိရသည်။

အဆိုပါ စင်ကာပူ ကုမ္ပဏီသည် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ လမ်းများကို အဆင့်မြင့် နည်းပညာများဖြင့် ဆောင်ရွက်မည့် စီမံကိန်း ရေးဆွဲထားပြီး၊ လာမည့် ဇွန်လအတွင်း စစ်တမ်း ကောက်ယူခြင်း၊ တိုင်းတာခြင်း လုပ်ငန်းများကို ဆောင်ရွက်ရန် တိုင်းဒေသကြီး အစိုးရ အဖွဲ့ နှင့် ယခုလ (၂၀) ရက်နေ့ က ဆွေးနွေးခဲ့ကြောင်း သိရသည်။

အလောင်းတော်ကဿပ လမ်းပိုင်းကို အဓိကထား လုပ်ဆောင်သွားမယ်။ တိုင်းဒေသကြီး အစိုးရ အဖွဲ့ ကတော့ ဘယ်ရင်းနှီးမြှုပ်နှံမှုကို မဆို ပြည်သူ့အတွက် အကျိုးရှိမယ်ထင်ရင် လက်ခံပေးပါ့မယ် ဟု စစ်ကိုင်းတိုင်းဒေသကြီး စီးပွားရေးနှင့် စီမံကိန်းဝန်ကြီး ဦးစိန်မောင်း က ပြောသည်။

အဆိုပါ စင်ကာပူ ကုမ္ပဏီသည် မုံရွာမြို့တွင်လည်း ရေသန့် စက်ရုံ တည်ဆောက်၍ အကြီးစားရေပေးဝေမှု လုပ်ငန်းများကို လုပ်ကိုင်ရန် ကမ်းလှမ်းထားသည့် အပြင် လျှပ်စစ်ပစ္စည်း ထုတ်လုပ်ရန် အတွက်လည်း စိတ်ဝင်စားကြောင်း တိုင်းဒေသကြီးဝန်ကြီး က ဆက်ပြောသည်။


The Messenger's Local News Detail
www.messengernewsjournal.com
messenger news journal