တိုက်ခန်း အရောင်း အငှား ဈေးမြင့်

ပို့စ်တင်ချိန် - 5/24/2014 11:48:00 AM




ရန်ကုန်မြို့လယ်ရှိ တိုက်ခန်းများကို တွေ့ရစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)
ရန်ကုန်မြို့လယ်နှင့်နီး ကပ်သည့် မြို့နယ်များ၏ တိုက် ခန်းဈေးနှုန်းများမှာ မေလဆန်းက စတင်ပြီး ဈေးမြင့်လာကြောင်း အိမ်ခြံမြေဈေးကွက်မှ စုံစမ်းသိရှိရသည်။

တန်ဖိုးနည်းနှင့်တန်ဖိုးသင့် အိမ်ရာစီမံကိန်းများ အကောင် အထည်ဖော်နေသည့်မြို့နယ်များ အပါအဝင် မြို့တွင်းပိုင်းနှင့်နီးကပ် သည့်တိုက်ခန်းများ၏ အရောင်း ရောအငှားဈေးနှုန်းများပါမြင့်လာ သည်ဟု အိမ်ခြံမြေအကျိုးဆောင် များကပြောသည်။

‘‘သင်္ဃန်းကျွန်းနားကတိုက် ခန်းတွေ ဒီနှစ်ထဲမှာဆိုဈေးတော် တော်တက်သွားတယ်။ အရင်မြို့ တွင်းပိုင်းမှာ ငှားနေသူတွေက ဈေးကြီးလို့ ဒီလိုမြို့နယ်တွေကိုလာပြီးနေတာ။ အခုဒီမြို့နယ်တွေ ကပါ ဈေးလိုက်တက်နေတာ’’ ဟု ရွှေ့ပြောင်း အိမ်ခြံမြေ အကျိုး ဆောင်လုပ်ငန်းရှင်ကပြောသည်။

‘‘တိုက်ခန်းငှားခက အရင် ကိုးသောင်း၊ အခုတစ်သိန်းနှစ် သောင်းတိုးတောင်းနေလို့ မနေ နိုင်တော့ဘူး’’ဟုသင်္ဃန်းကျွန်းမြို့ နယ်တွင်နေထိုင်သူ ပန်းချီဆရာ ဆွေဝင်းနိုင်ကပြောပြသည်။

အထူးသဖြင့် ရန်ကုန်မြို့ တွင်းပိုင်းအပါအဝင် စမ်းချောင်း၊ အလုံ၊ ကြည့်မြင်တိုင်၊ ကမာရွတ် မြို့နယ်များနှင့် နီးစပ်သည့် လှိုင်၊ မရမ်းကုန်း၊  အင်းစိန်မြို့နယ် တို့၏  တိုက်ခန်း  အငှားဈေးနှုန်းများမှာ ဆက်တိုက်မြင့်တက်နေကြောင်း အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းရှင်က ပြောကြားသည်။

အဓိကအားဖြင့် အချက် အချာနေရာများနှင့်နီးစပ်သည့် လမ်းမကြီးတန်းများတွင် စီးပွား ရေးအရဈေးဆိုင်ခန်းများဖွင့်လှစ် သူများသည်လည်း ငှားရမ်းခနှုန်း များမြင့်မားလာသဖြင့် ရေရှည် တွင်ရပ်တည်ရန်ခက်ခဲလာပြီဖြစ် သည်။

‘‘ကိုယ်က မပေးနိုင်လည်း သူများက ကိုယ်မပေးနိုင်တဲ့ဈေး ပေးငှားတော့ ပြောင်းပေးရမှာ ပေါ့’’ဟု စမ်းချောင်းမြို့နယ်မှ ဗီဒီ ယိုအခွေအငှားဆိုင်ပိုင်ရှင် မမျိုး ကပြောပြသည်။

အိမ်ငှားရမ်းခများမှာ ရန်ကုန်တွင် တစ်နှစ်လျှင် ကျပ်ငါးသောင်းမှတစ်သိန်းကြား မြို့ နယ်ပေါ်မူတည်၍ မြင့်တက်လာ သည်ဟု အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းများမှသိရသည်။

မိုးညို
7day daily