တရုတ်လုံခြုံရေး အကြီးအကဲဟောင်းတဦးနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်ကို သေဒဏ်ချမှတ်

ပို့စ်တင်ချိန် - 5/24/2014 06:36:00 PM


တရုတ်နိုင်ငံရဲ့ ထိပ်တန်းလုံခြုံရေး အကြီးအကဲဟောင်းတဦးနဲ့ နီးစပ်တဲ့ စီးပွားရေးလုပ်ငန်းရှင် တဦးကို ဟူပေပြည်နယ်၊ တရားရုံးတရုံးက မေလ ၂၃ ရက်နေ့က သေဒဏ်စီရင်ချက်ချခဲ့ပါတယ်။

သေဒဏ်စီရင်ချက်အချခံရတဲ့ စီးပွားရေးလုပ်ငန်းရှင် လီယူဟန်းဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့ ပေါ်လစ်ဗျူရိုဟောင်းနဲ့ ထိပ်တန်းလုံခြုံရေးအကြီးအကဲဟောင်း ကျိုးရိုခန်းရဲ့ မိသားစုနဲ့နီးစပ်ခဲ့ပြီး ၁၉၉၃ ခုနှစ်က လူဆိုးဂိုဏ်တခုကို ဖွဲ့စည်းပြီး လူသတ်မှုအပါအ၀င် အခြားရာဇ၀တ်မှုတွေကို ကျူးလွန်ခဲ့မှုစွဲချက်တွေနဲ့ မနှစ်က အဖမ်းခံခဲ့ရပါတယ်။

အခြားအဖွဲ့ဝင် ၃၆ ဦးလည်း ထောင်ဒဏ် ၁၁ နှစ်ကနေ သေဒဏ်အပြစ်ပေးခံကြရပြီး လီယူဟန်ရဲ့ညီတဦးဖြစ်တဲ့ လီယူရော်လည်း သေဒဏ်စီရင်ချက်ချခံရသူတွေထဲမှာ ပါဝင်ခဲ့ပါတယ်။ လက်ရှိ တရုတ်သမတ ဇီဂျင်းဖိန် တက်လာပြီးနောက်ပိုင်း တရုတ်ထိပ်တန်းခေါင်းဆောင်တဦးနဲ့ ပတ်သက်တဲ့သူတွေကို အပြစ်ဒဏ်စီရင်တာလည်း ဖြစ်ပါတယ်။

အငြိမ်းစားတရုတ်လုံခြုံရေးအကြီးအကဲဟောင်း ကျိုးရိုခန်း နဲ့ လီယူဟန်ရဲ့ရာဇ၀တ်မှု ဆက်စပ်မှုကို နိုင်ငံပိုင်သတင်းဌာနက အတိအလင်းပြောဆိုတာမရှိပေမယ့် ကျိုးရိုခန်း စီချွမ်းပြည်နယ်ကွန်မြူနစ် ပါတီ အကြီးအကဲဖြစ်ခဲ့တဲ့ချိန်မှာ လီယူဟန်ရဲ့ သြဇာအရှိန်အ၀ါလည်း တက်လာခဲ့တယ်လို့ ပြောဆိုခဲ့ ပါတယ်။

DVB Burmese