ကျောင်းသူလေးတွေရဲ့ပေါင်တံဖြူ ဖြူ လေးတွေပေါ်မှာကြော်ငြာတဲ့ အမျိုးသမီးသုံးပစ္စည်း

ပို့စ်တင်ချိန် - 5/24/2014 03:30:00 PM




အသားဖြူနုပြီး ပန်းနုရောင်သန်းနေတဲ့ တရုတ်ကျောင်းသူမလေးတွေရဲ့ ပေါင်တံက အခုဆိုရင် ကြော်ငြာစာမျက်နှာတစ်ခုဖြစ်သွားပါပြီတဲ့။ ဘယ်လို အထူးအဆန်းတွေပါလဲ။ တော်တော်လေးလည်းကြံကြံဖန်ဖန်လုပ်တတ်ပါရဲ့။

ဟုတ်ပါတယ်.... ကြော်ငြာလုပ်ငန်း လုပ်ကိုင်တဲ့ တရုတ်ကုမ္ပဏီတစ်ခုက တရုတ်ကျောင်းသူမလေး အယောက် ၁၀၀ ကျော် ရဲ့ ပေါင်ကို အမျိုးသမီးသုံး ပစ္စည်းကြော်ငြာဖို့ အခကြေးငွေနဲ့ ခေတ္တငှားလိုက် တာပဲဖြစ်ပါတယ်။

တရုတ်နိုင်ငံ၊ဟူဘီးပြည်နယ် ၀ူဟန်မြို့တော်မှာရှိတဲ့ ဇောင်ဟန်စီးပွားရေးတက္ကသိုလ်နဲ့ ဥပဒေ ကောလိပ်တို့မှ ကျောင်းသူတွေကို အခကြေးငွေဖြင့် ငှားရမ်းပြီး ကြော်ငြာခိုင်း စေတာပါ။ အခြားကြော်ငြာလုပ်ငန်းတွေလိုပဲ ကြော်ငြာမယ့် ပစ္စည်းနဲ့ပတ်သက်တဲ့ သတင်းအချက်အလက် အားလုံးကို  လက်ကမ်းစာရွက် အပိုင်းအစပေါ်မှာရေး သား ထားပြီးတော့ အဲ့ဒီလက်ကမ်းစာရွက်ကို တူညီဝတ်စုံ၊စကတ်အတိုဝတ်ထားတဲ့ ကျောင်းသူတွေအား လုံးရဲ့ ပေါင်တံမှာ ကပ်စေကာ မြို့တွင်းလှည့်လည်ကြော်ငြာကြ တာပဲဖြစ်ပါတယ်။

ဒီလိုကြော်ငြာလို့ အများပြည်သူတွေကစိတ်ဝင်တစား ဖုန်းနဲ့ ဓာတ်ပုံ ရိုက်ယူတာတို့၊ ကင်မရာရိုက်ယူတာတို့ကိုလည်း ခွင့်ပြုပေးရမယ်လို့ အငှားစာချုပ်စဉ်က တည်းက တစ်ခါတည်းသဘောတူပြီးသားဖြစ်ပါတယ်။

ကြော်ငြာတဲ့ကုမ္ပဏီရဲ့ပြောခွင့်ရသူတစ်ဦးဖြစ်တဲ့ ယူရမ်ကွမ်းက “ ကျွန်တော်တို့ရဲ့ ဒီလိုကြော်ငြာတာနဲ့ပတ်သက်ပြီးတော့ ကျောင်းသူကလေးမလေးတွေက သဘောတူ ခွင့်ပြုပြီးသားပါ။ ကြော်ငြာတာနဲ့ပတ်သက်လို့ ဘယ်လိုပဲစိတ်ဝင်တစားလေ့လာတာပဲဖြစ် ဖြစ်ကိုပေါ့။

ဒါက ရောင်းကုန်ပစ္စည်းအတွက် သိပ်ကို အရောင်းမြှင့်တင် ကြော်ငြာပေး ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်မှာပါ” လို့ပြောခဲ့တယ်။ အဲ့ဒီကြော်ငြာတဲ့နေရာမှာပါဝင်တဲ့ အသက် ၁၉ နှစ်အရွယ် ကျောင်းသူတစ်ဦး ဖြစ်တဲ့ ရှီယူက “ ကျွန်မ ဒီလိုကြော်ငြာတဲ့ နေရာမှာ ဘယ်လိုမကောင်းတဲ့ကိစ္စမှ မတွေ့ပါဘူး။ ဒီလိုလုပ်လိုက်တဲ့အတွက် ပိုက်ဆံ လည်းဝင်မယ်။

 ကြော်ငြာတဲ့ ပစ္စည်းအတွက်လည်း ကောင်းမွန်တဲ့ရလာဒ် တစ်ခု ကိုလည်းရလာနိုင်တယ်။ ဒါကြောင့် ကျွန်မ စိတ်ဝင်စားပါတယ်” လို့သူမက ပြောပြတယ်။ တချို့သော ဝေဖန်တဲ့ ပြည်သူတွေကတော့ ဒါက သိပ်ကို အရှက်တရား မဲ့လွန်းတယ်။ ကျောင်းသူတွေ အနေနဲ့လည်း ကိုယ့်ကိုကိုယ်ပြန်ပြီး ဂုဏ်သိက္ခာချသလို ဖြစ်နေတယ်လို့ ရှုံ့ချပြောဆိုကြပါတယ်။


Credit: ဖိုးသူတော်
ဖိုးသူတော် Team မှ ဘာသာပြန်သည်။