ယာဉ်လက်ကိုင်တန်း ပြုတ်ကျ၍ ခရီးသည်များ ဒဏ်ရာရစဉ် ယာဉ်ကိုမောင်းပြေး

ပို့စ်တင်ချိန် - 5/13/2014 05:42:00 PM




ယာဉ်နောက်ရှိ လက်ကိုင်တန်းပြုတ်ထွက်၍ တွယ်စီးလာသူများ လမ်းပေါ်သို့ပြုတ်ကျပြီး ဒဏ်ရာရရှိစဉ် ယာဉ်ကိုမောင်းပြေးသွားကြောင်း သတင်းရရှိသည်။

ထောက်ကြန့်ဘက်မှ အပြန်လမ်းအတိုင်း မောင်းလာသော ကန်တာယာဉ်သည် မေလ ၁၁ ရက် ည ၈ နာရီက ရွှေညောင်ပင်မှတ်တိုင်အနီးသို့ရောက်သောအခါ ယာဉ်နောက်ဘက်ရှိ လက်ကိုင် တန်းပြုတ်ထွက်သွားသည်။ ထို့ ကြောင့် ယာဉ်နောက်တွင် တွယ်စီးလာသူများမှာ အောက်သို့ ပြုတ်ကျသွားရာ ယာဉ်မောင်းသည် ယာဉ်ကို မောင်းနှင်ထွက်ပြေးသွားကြောင်းသတင်းရရှိသည်။

ထိုသို့ ပြုတ်ကျခဲ့သဖြင့် မင်္ဂ လာဒုံမြို့နယ်နေသူများဖြစ်သည့် အမျိုးသားသုံးဦး  ဒဏ်ရာများရကာ အင်းစိန်ဆေးရုံတွင် ဆေးကုသနေရကြောင်း  သိရှိရသည်။

ထွက်ပြေးသူယာဉ်မောင်း ကို ထောက်ကြန့်နယ်မြေရဲစခန်း မှ ယာဉ်ပြစ်မှုဆိုင်ရာ ပုဒ်မ- ၃၃၇/၃၃၈/၂၀၂ ဖြင့် အမှုဖွင့်စုံစမ်းဆောင်ရွက်နေကြောင်း သ တင်းရရှိသည်။

‘‘ခဏခဏဖြစ်တယ်။ ဖြစ် ရင်လည်း  မောင်းပြေးတာပဲ။ လူကိုတိုက်မိလည်း  မောင်းပြေး တော့ မမိတာတွေရှိတယ်။ ညအ ချိန် ပိုဆိုးတာပေါ့’’ ဟု အဆိုပါ အမျိုးသားက ပြောသည်။

7day daily