မကျည်းပင်ပေါ်တက်ရာ ခြေချော်ကျပြီး ဦးခေါင်းဇက်ကျိုးသေဆုံး

ပို့စ်တင်ချိန် - 5/13/2014 02:22:00 AM


ကသာ မေ - ၁၂
ကသာခရိုင်၊ ပင်လည်ဘူးမြို့နယ်၊ တောင်ဘီကျေးရွာတွင် အမျိုးသမီးတစ်ဦး သစ်ပင်ပေါ်မှ ပြုတ်ကျ သေဆုံးကြောင်း မေ (၇) ရက် (၀၆၃၀)အချိန် သတင်းရရှိသည်။

ပင်လည်ဘူးမြို့မရဲစခန်းမှ ဒုရဲအုပ် သန်းထွန်းနှင့် အဖွဲ့မှ သက်သေများနှင့်အတူ ပင်လည်ဘူးမြို့နယ်၊ တောင်ဘီကျေးရွာ အချင်းဖြစ်ပွားရာသို့ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ မရီမာ (၃၅)နှစ်၊ (ဘ) ဦးအောင်ထွေး ဖြစ်ပြီး ၄င်းသည် နေအိမ်ခေါင်းရင်းရှိ မကျည်းပင်ပေါ်တွယ်တက်နေသော ဆူးပုတ်ရွက်ခူးရန် မကျည်းပင်ပေါ် တက်ရောက်ခူးစဉ် ခြေချော်ပြီး ပြုတ်ကျခဲ့ရာ ဦးခေါင်းဇက်ကျိုး ဒဏ်ရာ ရရှိသေဆုံးခဲ့ ကြောင်း တွေ့ရှိရသည်ဟု သိရှိရသည်။

ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးသိရှိနိုင်ရန် သေမှု သေခင်းဖွင့် ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။

MOI Webportal Myanmar