အမှားမပြင် နောင်မကြဉ်သည့် မြန်မာလက်နက်ဘုရင်

ပို့စ်တင်ချိန် - 5/13/2014 01:49:00 PM



 စက်ရုံနေရာကို ရိုက်ကူးထားသော ဂြိုဟ်တုဓာတ်ပုံ

 သူ့ကို ဘယ်ဘက်က ကြည့်ကြည့် မကောင်းသူ တစ်ဦးဟု သတ်မှတ် နိုင်သည်။ သူက ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေး ဖြစ်သည်။ သူ့မိခင်ကတော့ သူ့ကို ချစ်ခင်မည်မှာ သေချာသည်။ သို့သော် အမေရိကန် ဘဏ္ဍာရေးဌာနက သူ့ကို ပိတ်ဆို့ အရေးယူ ထားသည်။

ဘားရက်အိုဘားမားအစိုးရ အဖွဲ့က မြန်မာ ဗိုလ်ချုပ်ကြီးများနှင့် ဆက်ဆံပြီး မြန်မာနိုင်ငံကို အရပ်သားအစိုးရ အုပ်ချုပ်မှုသို့ ပြောင်းလဲရေး အတွက် ပါဝင်ဆောင်ရွက် ပေးနေသော်လည်း မြောက်ကိုရီးယားနှင့် ဆက်ဆံနေသော ဤပုဂ္ဂိုလ်ကိုမူ ခြွင်းချက်ထားလေ၏။

ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေး က မြန်မာနိုင်ငံမှ ကာကွယ်ရေး စစ်လက်နက် ပစ္စည်းညွှန်ကြားရေးမှူးချုပ်ဖြစ်သည်။ အစိုးရပိုင် စစ်လက်နက် စက်ရုံပေါင်းနှစ်ဒါဇင်ကျော်၊ နိုင်ငံခြားမှ လျှို့ဝှက်ဘဏ် စာရင်းများ၊ မြောက်ကိုရီးယား နှင့် ဒုံးကျည်အပါအဝင် အခြား ပစ္စည်းများ ကုန်သွယ်နေသည့် အစိုးရပိုင်လုပ်ငန်းဟု ဆိုသည်။ မြန်မာက အကယ်၍သာ ဒီမိုက ရေစီ အသွင်ကူးပြောင်းရေး လုပ် မည်ဆိုပါလျှင် ဤပုဂ္ဂိုလ်လိုလူမျိုး ကို ဖယ်ရှားရမည်ဖြစ်သည်။ သို့ ရာတွင် ဤဖြစ်ရပ်နှင့် ပတ်သက် ပြီး စိတ်အနှောင့်အယှက်ဖြစ်စရာ ကတော့ အမေရိကန်က ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေးကို ပိတ်ဆို့အရေးယူနေသော်လည်း၊ မြန်မာ အစိုးရက မြောက်ကိုရီးယားနှင့် ပူးပေါင်းမှုကို အဆုံးသတ်မည်ဟု ကတိပြုထားသော်လည်း သူ၏ အင်ပါယာက ပို၍ပို၍ ကြီးမားလာနေသည်။

သို့သော် ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးက လူဆိုးတစ်ဦး ဟုတ်၊ မဟုတ်ဆိုသည်ကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန  ပြောစကားနှင့် အတည်ယူလို့တော့ မရပါ။ ပေါက်မြို့အနီး လေးပင်နိုင်ရွာလေးတွင် နေထိုင်ကြသူများကို မေးကြည့်ကြပါ။ တစ်နေ့တွင် စစ်တပ်က ရောက်လာပြီး သူတို့၏လယ်များကိုသိမ်း၊ ရွာလှန်ပြီး စက်ရုံကြီးတစ်ခုကို တည်ပါသည်။ ယင်းမှာ ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေး၏ နှစ်ဒါဇင်ကျော်သော စစ်လက်နက် စက်ရုံအင်ပါယာကြီးထဲမှ တစ်ခုဖြစ်သည်။

ယင်းအကြောင်းအရာအား လုံးကို ယူနတီဂျာနယ်တွင် ဖတ် ရှုနိုင်သည်။ ၎င်းသတင်းထောက် များက ၂၀၁၄ ခုနှစ် ဇန်နဝါရီတွင် ရွာသားများကိုမေးမြန်း၊ စက်ရုံ အဆောက်အအုံများကို ဓာတ်ပုံ ရိုက်ယူခဲ့သည်။ စာဖတ်သူများ ယင်းအကြောင်းအရာများကို ဖတ်ရှုပြီးဖြစ်ချင်ဖြစ်ပါလိမ့်မည်။ သို့ သော် ဒုတိယဗိုလ်ချုပ်ကြီးသိန်း ဌေးက ယင်းသို့ စပ်စပ်စုစု စိစစ် ခြင်းကို နှစ်သက်ပုံမရပါ။ မြန်မာ အစိုးရက သတင်းထောက်လေး ဦးနှင့် ဂျာနယ်တိုက်ပိုင်ရှင်ကို အစိုးရလျှို့ဝှက်ချက်ဆိုင်ရာ ဥပဒေနှင့် အလျင်အမြန်ဖမ်းဆီးလိုက်သည်။ ဂျာနယ်အားလုံးကိုလည်းသိမ်းဆည်းလိုက်သည်။ သတင်းသမားငါးဦးတို့  ထောင်တွင်းမှာ ရှိနေကြဆဲဖြစ်သည်။

အမေရိကန်အစိုးရက မြန် မာနိုင်ငံတွင် ပွင့်လင်းသော လူ့ အဖွဲ့အစည်းတစ်ရပ် ဖြစ်ပေါ် ပြောင်းလဲလာမည်ဟူသည့် မျှော် လင့်ချက်နှင့် မြန်မာနိုင်ငံကို ဆက် ဆံခဲ့သည်။

စစ်တပ်အုပ်ချုပ်ရေး လျှော့ ချရန်အတွက် ပြုပြင်ပြောင်းလဲမှု တစ်စိတ်တစ်ပိုင်းအဖြစ် ဆင်ဆာ ဖြတ်ခြင်းကို လျှော့ပေါ့ရန်နှင့် အ တိုက်အခံများကို လွှတ်ပေးရန်တို့ ပါဝင်သလို မြန်မာဗိုလ်ချုပ်ကြီး များက မြောက်ကိုရီးယားနှင့် ဆက်ဆံရေး ဖြတ်တောက်ရမည် လည်းဖြစ်သည်။ အိုဘားမားအစိုးရက မြောက်ကိုရီးယားနှင့် ဆက် ဆံရေးနှင့် တရားမ၀င်လက်နက် စီမံချက်များကို ဖြတ်တောက်မည် ဆိုပါက ကတိက၀တ်များကို လိုလိုလားလား လက်ခံချင်ကြသည်။ မြောက်ကိုရီးယားနှင့်  ဒုံးကျည် ရောင်းဝယ်ရေးဖြစ်စေ (သို့မ ဟုတ်) အနုမြူနည်းပညာကို မြန် မာက စိတ်ဝင်စားနေသည်ဆို သည့် အဖြေမသိသည့် မေးခွန်း များနှင့် ပတ်သက်၍ဖြစ်စေ၊မည် သို့သော အဏုမြူနှင့် လူများကိုအ စုလိုက်အပြုံလိုက် သေစေသော လက်နက်မပြန့်ပွားရေးဆိုင်ရာ ပြဿနာများကိုမဆို ဒီမိုကရေစီ ဖော်ဆောင်ခြင်းအားဖြင့် ဖြေရှင်း နိုင်မည်ဟု အမေရိကန်အရာရှိ များက ယုံကြည်ခဲ့ကြ၍ဖြစ်သည်။

ပေါက်မြို့အနီးတွင်ဖြစ်ပွား ခဲ့သည့် အဖြစ်အပျက်က အိမ်ဖြူ တော် မှားယွင်းနေကြောင်း ညွှန် ပြနေသည်။  ကာကွယ်ရေးစစ် လက်နက်စက်ရုံက ပြည်သူများ၏ လယ်မြေများကို သူတို့စက်ရုံအ တွက် သိမ်းယူနေသ၍ အစိုးရက စစ်စစ်ပေါက်ပေါက် လေ့လာစိစစ် မှုများကို ရှောင်လွှဲနိုင်ရေးအတွက် သတင်းထောက်များကို ဖမ်းဆီး နေသမျှ ကာလပတ်လုံး မြန်မာနိုင် ငံတွင် ပွင့်လင်းနေသည့် လူ့အဖွဲ့ အစည်းတစ်ခု အမြစ်မတွယ်နိုင် ပါ။

ပေါက်မြို့အနီးတွင် ဖြစ်ပွား သွားသော ဇာတ်လမ်းက  စိတ်ဝင် စားစရာကောင်းလှသည်။  ဖေ ဖော်ဝါရီလက ယူနတီက ပေါက် မြို့အနီးရှိသူများကို မေးမြန်းပြီး သတင်းဆောင်းပါးတစ်ပုဒ် ရေး သားခဲ့သည်။ သူတို့က ယင်းနေ ရာက ထူးခြားနေကြောင်း ပြောဆို သည်။ လုံခြုံရေးတင်းကျပ်စွာချ ထားသည်။ စစ်တပ်အထက်ပိုင်း ပုဂ္ဂိုလ်ကြီးများ လာရောက်ကြည့် ရှုကြသည်။ နိုင်ငံခြားသားများကို ခန့်ထားလုပ်ကိုင်သည်။ သူတို့၏ လယ်ယာမြေများကို သိမ်းဆည်း သွားခြင်းကြောင့် သူတို့မကျေမ နပ်ဖြစ်သည်ကတော့ မှန်ပါသည်။ ယူနတီသတင်းသမားများကို ဖမ်း ဆီးလိုက်ခြင်း၊ ယင်းဆောင်းပါးပါ ဂျာနယ်များကို သိမ်းဆည်းလိုက် ခြင်းတို့နှင့်  စပ်လျဉ်းပြီးဓာတ်ပုံ များနှင့်တကွ  ဖော်ပြထားသော ယင်းသတင်းဆောင်းပါးကို နိုင်ငံတကာက  စိတ်ဝင်စားလာကြသည်။ အစိုးရကလည်း ယင်းနေရာသည် ကာကွယ်ရေးလုပ်ငန်းနှင့်  ပတ်သက်သော နေရာအဖြစ်ပြောဆိုခဲ့ပြီး နောက်ပိုင်းတွင်မူအတိအကျ ဖော်ပြခြင်းမပြုဘဲ သာမန်စက်ရုံတစ်ခုအဖြစ် ဆိုပြန်သည်။

Foreign Policy က ၀ယ်ယူ ခဲ့သည့် ဂြိုဟ်တုပုံတစ်ပုံအရ ယင်းစက်ရုံကို ရှာဖွေပြီး လေ့လာနိုင်ခဲ့သည်။ အရွယ်အစားက အံသြဖွယ်ရာပင်ဖြစ်သည်။ သေချာ တာကတော့ သာမန်စက်ရုံတစ်ခု မဟုတ်ပါ။ (အဏုမြူလက်နက်မပြန့်ပွားရေးစင်တာက ယင်းဓာတ်ပုံကို အခြေပြုပြီး လေ့လာသုံးသပ်ချက်အပြည့်အစုံကို ထုတ်ပြန်ထားပါသည်။)

ဓာတ်ပုံက ရွာသားများပြော ပြသည့် အသေးစိတ်အချက်အ လက်များ မှန်ကန်နေကြောင်း ပြ ဆိုနေသည်။ အဓိက၀င်ပေါက်အ ပါအ၀င်  လုံခြုံရေးဆောင်ရွက် ချက်များက ကြောက်စရာလန့်စ ရာပင်ဖြစ်သည်။ VIP ပုဂ္ဂိုလ်များ ကို လက်ခံရန်အတွက် ရည်ရွယ် သော နေရာများတွင်သာ တွေ့ရ သည့် ရဟတ်ယာဉ်ရပ်ရန်နေရာ ကို တွေ့ရသည်။ မြန်မာအလုပ်  သမားများအတွက် နေထိုင်ရန် နေ အိမ်များအပြင် အခြားကာကွယ် ရေး စစ်လက်နက်စက်ရုံများတွင် တွေ့ရသည့် နိုင်ငံခြားသားများအ တွက် ဆောက်လုပ်ပြင်ဆင်ထား သည့် တန်းလျားပုံစံအဆောက်အ အုံများကိုလည်း ပုံတွင်တွေ့ရ သည်။ လေးပင်နိုင်ရွာကို  ယင်းစက်ရုံအနီးဝန်းကျင်နှင့် မကင်းလွတ်သည့်အတွက် ဖယ်ရှားပစ်ခဲ့ခြင်းဖြစ်သည်။

ဒေသခံများ ပြောကြားချက် အချို့ကိုတော့ အကဲဖြတ်နိုင်ခြင်း မရှိပါ။

သူတို့က ယင်းစက်ရုံမှ ဓာ တုလက်နက်များ ထုတ်လုပ်သည် ဟု ဆိုကြသည်။ ယူနတီကလည်း ယင်းစက်ရုံဝင်းအတွင်း ဒုံးကျည် တွေ့ရှိရသည်ဆိုသည့် ဒေသခံ ၀န်ထမ်းတစ်ဦး ပြောဆိုသည့်အ တိုင်း ပြန်လည်ဖော်ပြခဲ့သည်။ ဂြိုဟ်တုပုံကို ကြည့်ရုံနှင့် ဓာတု လက်နက်စက်ရုံဖြစ်ကြောင်း တပ် အပ်သေချာပြောရန် အလွန်ခက်ခဲ ပါသည်။ သို့သော် စက်ရုံဝင်းအရွယ်အစားနှင့် နေရာအနေအထား ကို ကြည့်ခြင်းအားဖြင့် တခြားနေ ရာများတွင် မြင်ရသကဲ့သို့ သာမန် စစ်လက်နက်ပစ္စည်းစက်ရုံ ဖြစ် ဟန်မတူပါ။ ယင်းဝင်းအတွင်း တွင် ကြီးမားလှသော ဂိုဒေါင်ကြီး ငါးခုရှိပြီး အကျယ်အ၀န်းမှာ စတု ရန်းမီတာ နှစ်သိန်းကျော် ရှိပါ သည်။

ဓာတုလက်နက် ထုတ်လုပ် သည်ဟူသော စွပ်စွဲချက်က မြန် မာသည် ဓာတုလက်နက်ဆိုင်ရာ ပဋိညာဉ်စာတမ်း သဘောတူညီ ချက်ကို လက်မှတ်ရေးထိုးရန် က တိပြုချက်အပေါ် ဆွေးနွေးပြော ဆိုရန် လုံလောက်နေပါသည်။ မြန်မာက ၁၉၉၃ခုနှစ်တွင် သ ဘောတူညီချက် လက်မှတ်ရေး ထိုးခဲ့သော်လည်း ဆယ်စုနှစ်နှစ်ခု ကျော်လာသည့်တိုင်အောင် အ တည်ပြုလုပ်ဆောင်ရန် နှောင့်နှေး နေဆဲဖြစ်ပါသည်။ မြန်မာက က တိက၀တ်များကို ဆက်လက်ပေး နေပါသည်။ ဓာတုလက်နက်ဆိုင် ရာ သဘောတူညီချက် CWC ၏ နည်းပညာဆိုင်ရာကိုယ်စားလှယ် အဖွဲ့ကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ လတွင် လက်ခံဖိတ်ကြားပြီး ပြီးခဲ့ သည့် ဒီဇင်ဘာလတွင် မြန်မာအ စိုးရ ပြောခွင့်ရပုဂ္ဂိုလ်က ယင်းသ ဘောတူညီချက်ကို လက်မှတ်ရေး ထိုးရန် ဆက်လက်ပြင်ဆင်နေပါ ကြောင်း ပြောဆိုခဲ့သည်။

ယခုစွပ်စွဲချက်များ ထွက်ပေါ်လာသည့် ဖေဖော်ဝါရီလတွင် သူကပင် ဆက်လက်၍ အဆိုပါ ကတိက၀တ်ကို ထပ်ပေးပြန်သည်။

CWC ဓာတုလက်နက်ဆိုင် ရာ သဘောတူညီချက်များကို လိုက်နာရန်အတွက် ကြေညာ ချက်များ၊ လိုအပ်သည့် ဥပဒေ ရေးရာ ပြင်ဆင်ချက်များကို ပြု လုပ်ရန် အချိန်ယူရသည်မှာ မှန်ပါ သည်။ သို့သော်မြန်မာက ယင်းသို့ ပြုလုပ်ရန် အချိန်ဆွဲနေပုံရသည်။ သဘောတူညီချက်ကို လက်မှတ် ရေးထိုးလိုက်ပြီဆိုလျှင် အစိုးရအ နေနှင့် CWC ဓာတုလက်နက်ဆိုင် ရာ သတ်မှတ်ချက်များအရ ၎င်း တို့၏ ပစ္စည်းများ၊ လုပ်ဆောင် ချက်များကို ရက် ၃၀ အတွင်း အားလုံးကို ထုတ်ပြန်ကြေညာရ မည်ဖြစ်သည်။ ယင်းထုတ်ပြန် ကြေညာချက်များအားလုံးကို စစ် ဆေးမည်ဖြစ်ပြီး ယင်းတို့ကို ပြန် လည် စိစစ်ရန် တောင်းဆိုချက် များကို လက်ခံရမည်ဖြစ်သည်။

ဒေသခံများက ယင်းနေရာ မှ နိုင်ငံခြားအလုပ်သမားများ သည် တရုတ်နိုင်ငံသားများဖြစ် ကြောင်း ပြောဆိုကြသည်။ ယင်း အချက်ကို ဂြိုဟ်တုဓာတ်ပုံဖြင့် အတည်မပြုနိုင်ပါ။ သို့ရာတွင် ယင်းနေရာသည် မင်းဘူးအနီးရှိ အခြားကာကွယ်ရေးပစ္စည်း စက်ရုံများနှင့် အတော်တူညီနေသည်။ ယင်းစက်ရုံကို မြောက်ကိုရီးယားက ထောက်ပံ့ကူညီထားသည်ဟု အမေရိကန်က ယူဆထားပြီး အမျိုးအစားမသိရသည့် ဒုံးကျည်များကို ထုတ်လုပ်သည်ဟုဆို သည်။ အဆိုပါစက်ရုံဝင်းနှစ်ခုလုံး၏ အသွင်ပြင်လက္ခဏာများက ထပ်တူဖြစ်နေရာတွင် လုံခြုံရေးဂိတ်များနှင့် ရဟတ်ယာဉ်ဆင်းသည့်နေရာသာမက မြန်မာနိုင်ငံသား အလုပ်သမားများအတွက် မဟုတ်သည့် တန်းလျားများ၏ ပုံကလည်း တူညီနေပြန်သည်။

ဤအချက်က မြောက်ကိုရီး ယားနှင့် ကာကွယ်ရေးစက်မှုဌာန တို့အကြား ဆက်ဆံရေးတည်ရှိ နေကြောင်း အတည်ပြုပေးနေသည်။ ဒုတိယဗိုလ်ချုပ်ကြီးသိန်း ဌေးက မြန်မာစစ်တပ်ခေါင်းဆောင်နှင့်အတူ ၂၀၀၈ ခုနှစ်က ပြုံယမ်းကို သွားရောက်ခဲ့သည်။  သူ၏ ကိုရီးယားဘာသာစကားက ဘာသာပြန်ပေးနိုင်သည့် အဆင့်ရှိသည်ဟု ဆိုသည်။ ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးက နောက်ပိုင်းတွင် မြောက်ကိုရီးယားအရာရှိများနှင့် ဘေဂျင်းတွင် တွေ့ဆုံသည့် မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ခဲ့သည်။ မြောက်ကိုရီးယားနှင့် ကုန်သွယ်သည့် လျှို့ဝှက်ဘဏ်စာရင်းကိုလည်း စင်ကာပူတွင် သူက ဆက်လက်ဖွင့်လှစ်ထားရှိသည်ဟုဆိုသည်။ ထို့ကြောင့် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက အဘယ်ကြောင့် သူ့ကို သီးခြားခွဲထုတ်ပြီး ပိတ်ဆို့အရေးယူထားသည်ဆိုသည်ကို နားလည်ရန်မခက်ခဲပါ။

အံ့သြစရာကောင်းသည့် အချက်ကမူ ကာကွယ်ရေးစစ်လက်နက်စက်ရုံဌာနက တိုးချဲ့လာနေခြင်းဖြစ်သည်။ ပေါက်မြို့အနီးက စက်ရုံဝင်းက အတော်ကြီးမားပြီး အသစ်စက်စက်ဖြစ်သည်။ ကပစက စက်ရုံသစ်အများအပြားကို ဆောက်လုပ်နေပြီး လက်ရှိ တည်ရှိနေသော စစ်လက်နက်စက်ရုံများကိုလည်း ပြန်လည်မွမ်းမံခြင်း၊ချဲ့ထွင်ခြင်းများပြုလုပ်နေသည်။ ပေါက်အနီးမှ စက်ရုံသည် ပင်လယ်အောက်ရေခဲတောင်ကြီး၏ ရေပေါ်တွင်ပေါ်ထွက်သည့် ထိပ်ဖျားပိုင်းလေးမျှသာဖြစ်သည်။

ဤအဖြစ်သည် အိုဘားမား အစိုးရက မျှော်လင့်ထားသည့် မြောက်ကိုရီးယားနှင့် တရားမဝင် စီမံချက်များ ရပ်တန့်ပါမည်ဆို သည့် မြန်မာက သဘောတူညီ ထားချက် မဟုတ်ပါ။ ယင်းသို့ လျှော့ချရမည့်အစား ကပစက ပို ၍ပို၍ ကြီးမားလာ၊ ချမ်းသာလာ၊ အင်အားကြီးမားလာနေသည်။ စပ်စုသော သတင်းထောက်များ က လိုက်လံစုံစမ်းသတင်းရယူ ခြင်းများ၊ နေအိမ်ဆုံးရှုံးခဲ့ရသော လယ်သမားများကို မေးမြန်းခြင်း များ လုပ်လာသည့်အခါ ယင်းသို့ စပ်စုမှုများကို ရပ်တန့်ရန်အတွက် ဖိနှိပ်သည့် စနစ်ကြီးတစ်ခုလုံးက အသက်ဝင် လှုပ်ရှားလာတော့ သည်။ ဤလုပ်ရပ်သည် ဒီမိုက ရက်တစ် ပွင့်လင်းသည့် လူ့အဖွဲ့ အစည်းနှင့် ဆန့်ကျင်ဘက်ဖြစ် သည်။

အဏုမြူလက်နက် ပြန့်ပွားမှု ထိန်းချုပ်ရန်အတွက် စိုးရိမ်ပြီး မြန်မာနိုင်ငံတွင် အရပ်သားတစ် ပိုင်း အစိုးရ အသွင်ပြောင်းလဲရေး အတွက် အိုဘားမားအစိုးရက မြန်မာစစ်ဗိုလ်ချုပ်ကြီးများနှင့် ပူးတွဲ လုပ်ဆောင်နေသည်မှာ မှန် ကောင်းမှန်ပေလိမ့်မည်။ သို့သော် ရှင်းရှင်းလင်းလင်း မြင်တွေ့နေရ သည့် အချက်ကတော့ နောက် ထပ်လှမ်းမည့် ခြေလှမ်းရပ်များနှင့် မြန်မာကို နိုင်ငံတကာ အဏုမြူလက်နက်မပြန့်ပွားရေး ဆုံးဖြတ်လုပ်ဆောင်မှုနှင့် အဆင့်များကို လိုက်နာဆောင်ရွက်ရေး လုပ်ဆောင်မှုမရှိလျှင် ယခုလုပ်ဆောင်နေသည့် လုပ်ငန်းများက ဆက်လက်တည်တံ့နိုင်စရာ အကြောင်းမရှိပါ။ ဒီမိုကရေစီကျသည့် လူမှုအသိုင်းအဝိုင်းတစ်ရပ်သည် နာမည်ထုတ်ဖော်ပြောဖို့ လိုပါမည်ဆိုလျှင် ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးလို လူမျိုးနှင့် ကပစကဲ့သို့သော အဖွဲ့အစည်းကို တာဝန်ခံမှု ရှိစေရမည်ဖြစ်ပေသည်။

(Foreign Policy Magazine ပါ Jeffrey Lewis နှင့် Catherine Dill တို့၏ Myanmar--- ဆောင်းပါးကို ခင်မေဇော် ဘာသာပြန်ဆိုသည်)

 Author: ခင်မေဇော် (ဝါရှင်တန်ဒီစီ)
 7DAY DAILY