အချိန်ပေးနိုင်မှရင်သွေးယူမယ်ဆိုတဲ့ ချစ်သုဝေ

ပို့စ်တင်ချိန် - 5/13/2014 02:14:00 AM


ချစ်သုဝေက ပြင်ဦးလွင်မှာ ဗီဒီယို ၃ ကားရိုက်ဖို့ ရောက်နေပါတယ်။ အခုနောက်ပိုင်း ရိုက်ကူးရေး ပိုလုပ်ဖြစ်လား၊ ဖျော်ဖြေပွဲတွေ ပိုသွားဖြစ်လားမေးတော့..

" အခုတော့မျှပြီးလုပ်ဖြစ်တယ်။ ပြည်ပရှိုးတွေလည်း သွားဆိုဖြစ်တယ်။ ပြည်တွင်းရှိုးတွေလည်း ဆိုဖြစ်တယ်။ ကားလည်း ပုံမှန်ရိုက်ဖြစ်တယ်" လို့ ချစ်သုဝေကပြောပါတယ်။

ချစ်သုဝေက သူ့ရဲ့ ဒုတိယမြောက် တစ်ကိုယ်တော်အခွေကို စီစဉ်နေပြီ လို့ပြောတာကြောင့် မေးကြည့်တော့" သင်္ကြန်မတိုင်ခင်ကစလုပ်တာ အပုဒ် ၂ဝ လောက်လုပ်ထားပြီး ၁ဝ ပုဒ်လောက်ထည့်မယ်စိတ်ကူး ထားတယ်။ တေးရေးတွေ ကတော့ လောလောဆယ် လင်းလင်း၊ စံပီး၊
ဇဝါတို့ ရဲ့သီချင်းတွေရလို့ အဲဒါတွေ အရင်ထည့်နေတယ်။ ကျန်တဲ့တေးရေးတွေဆီလည်း အပ်ထားပါတယ်" လို့ ပြောပါတယ်။

အိမ်ထောင်မကျခင် နဲ့ အိမ်ထောင်ကျပြီး ဘာများပြောင်းလဲမှုရှိ
လဲမေးတော့.." ထူးထူးခြား ခြားပြောင်းလဲတာမရှိပါဘူး။ ကိုလင်းလင်း
ကလည်း အနုပညာသမား၊ အနု ပညာကိုချစ်တဲ့သူဖြစ်တဲ့အတွက် သူနဲ့တိုင်တိုင်ပင်ပင်ပဲ အနုပညာအလုပ်တွေ အရင်ကထက်တောင် ပိုလုပ်ဖြစ်ပါတယ်။ အကြံဥာဏ်တွေပေးတဲ့ မိသားစုဝင်တစ်ယောက် တိုး လာတာပါပဲ" လို့ ဆိုပါတယ်။

ကိုလင်းလင်းကကော ချစ်သုဝေရဲ့ ဇာတ်ကားတွေကြည့်ပြီး ဘာပြောလဲ မေးတော့..." ကိုလင်းကို မေးကြည့်လေ (ရယ်လျက်) သူက မြန်မာကားသိပ်မကြည့်ဖြစ်ဘူး။

သိပ်လည်း မတိုက်တွန်းဖြစ်ပါဘူး။ သူက သိပ်မကြည့်တော့ သူ့ဆီက ဝေဖန်သံမကြားရဘူးပေါ့နော်။ အစ်မနဲ့ပတ်သက်ပြီး ဝေဖန်တယ်၊ အကြံပေးတယ်ဆို သီချင်းဆိုတဲ့ဘက်ပဲ။ ဇာတ်ကားကြည့်ပြီး မဝေဖန်ဘူး။ ဇာတ်ညွှန်းရောက်လာရင်တော့ ကိုယ့်နေရာနဲ့ပတ်သက်ပြီး ဒွိဟဖြစ်တယ်ဆိုရင်တော့ အစ်ကိုနဲ့တိုင်ပင်ပြီး ဆုံးဖြတ်တယ်။ အဲဒီလိုအခါဆို ကိုလင်းဆီက အကြံဥာဏ်ကောင်းလေးတွေရတယ် " လို့ ပြောပါတယ်။

နယ်ပရိသတ်ကတော့ မီးအိမ်ကဗျာ ခွေ ကြည့်ချင်နေကြပြီပြောကြောင်း၊ ဘယ်မင်းသားနဲ့လိုက်တယ်၊ ဘယ်ကားကြိုက်တယ်ဆိုတာတွေ
ပြောကြောင်း၊ သူတို့အရင်လိုချစ်နေတဲ့အတွက် ကျေးဇူးတင်ကြောင်း
ချစ်သုဝေ ကပြောပါတယ်။ ဘဝအတွက် မျိုးဆက်သစ်လေးယူဖို့ရော စီစဉ်ထားလားမေးတော့

" ဒီ ၁ နှစ်၊ ၂ နှစ် တော့အနုပညာအလုပ်တွေ ဆက်လုပ်သွားဦးမယ်။ကိုယ့်ရင်သွေးလေးကိုလည်း ကိုယ်တကယ်အချိန်ပေး နိုင်မှကောင်းမှာလေ။ ဒါကြောင့် အချိန်ပေးနိုင်မယ့်အချိန်မှာ ယူသွားပါမယ်" လို့ပြောပါတယ်။

နေကွန်းထင်
Popular Journal